Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင့် လူတို့၏တာဝန်နှင့်ဝတ္တရားများ

    ယခုမှစ၍ ဖြတ်သန်းလာခဲ့ပြီးသောရာစုနှစ်တစ်လျှောက် သတင်း ကောင်းအလိုအသင်းတော်များအားဖြင့် ဘုရားသခင်၏လူများက လေထဲကိုင် မြှောက်ယူလာခဲ့ကြသည့်သမ္မာတရားနှင့် ဘာသာရေးလွတ်လပ်စွာကိုးကွယ်ခွင့် အောင်လံတံခွန်သည် ဤနောက်ဆုံးသောပဋိပက္ခအထဲတွင် ကျွန်ုပ်တို့၏လက် ဝယ်ရောက်လို့နေပါပြီ။ ဤဆုလက်ဆောင်အတွက် တာဝန်ရှိမှုသည် ဘုရား စကားသံတော်ကိုသိကျွမ်း၍ ကိုယ်တော်ကောင်းချီးပေးနေသည့်သူတို့၏အပေါ် တွင် တည်ရှိနေသည်။ ဤစကားသံတော်ကို အချုပ်အခြာအာဏာကဲ့သို့ ကျွန်ုပ်တို့လက်ခံရလိုက်သည်။ ကျွန်ုပ်တို့သည် လူသားအစိုးရကို ထာဝရ ဘုရားခန့်အပ်ထားသောအာဏာပိုင်ကဲ့သို့ အသိအမှတ်ပြုပြီး တရားဝင်ပိုင်နက် နယ်မြေအထဲမှာ အလေးအမြတ်ထားအပ်သောတာဝန်ကဲ့သို့ နာခံဖို့သွန်သင် ခြင်းပြုကြရမည်။ သို့ပါသော်လည်း ယင်းကြေညာခြင်းများသည် ဘုရားသခင် ၏ကြေညာခြင်းများနှင့်ပဋိပက္ခဖြစ်လာလျှင် ကျွန်ုပ်တို့သည် လူကိုနာခံသည် ထက် ဘုရားသခင်ကိုသာ နာခံကြမည်။ ဘုရားသခင်၏စကားကို လူသား တို့၏ဥပဒေပြဌာန်းမှုအထက်မှာထား၍ အသိအမှတ်ပြုကြမည်။ “ထာဝရဘုရား မိန့်တော်မူသည်ကား” ဆိုသည်ကို “အသင်းတော်ပြောသည်မှာ” သို့မဟုတ် “နိုင်ငံတော်ဆိုသည်မှာ” အတွက်နှင့်ဘေးချပစ်လိုက်ကြရမည်မဟုတ်။ ခရစ်တော် ၏အောင်ပန်းသရဖူကို မြေကြီးဘုရင်အစိုးရမင်းတို့၏ဦးရစ်ပန်းကုံးအထက်မှာ တင်ထားကြရမည်။ (ChS 161.3)ChSBur 268.1

    ကျွန်ုပ်တို့သည် လူသားတစ်ဦးအနေဖြင့် ဘုရားသခင်အပ်နှင်းပေး ထားသောအမှုတော်ကို ပြီးစီးအောင်မလုပ်ခဲ့ကြသေးပါ။ ကျွန်ုပ်တို့ဆီဝင်လာ သည့်တနင်္ဂနွေဥပဒေပြဌာန်းခြင်းပြဿနာပြီးဆုံးခြင်းသို့ရောက်စေဖို့လည်း အသင့် ရှိမနေကြသေးပါ။ ဘေးအန္တရာယ်နီးကပ်လာသည်ကို ကျွန်ုပ်တို့မြင်နေရသော အခါ လှုပ်ရှားနိုးထလာဖို့ဆိုသည်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်ပါသည်။ စာတန် မာရ်နတ်တိုက်လာမှာကိုမျှော်ပြီး မည်သူမျှစောင့်မနေရ။ သူတို့ကိုယ်သူတို့ ယုံကြည်ခြင်းဖြင့် နှစ်သိမ့်မှုရှိနေရမည်မှာ ဤအမှုတော်ဆက်လုပ်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့လူတွေကို ခိုလှုံရန်နေရာပေး လိမ့်မည်ဆိုသည်ကို အနာဂတ္တိကျမ်းစကားအရ ကတိတော်ရထားပြီးသော ကြောင့်တည်း။ ကျွန်ုပ်တို့သည် အသိအမြင်လွတ်လပ်ခွင့်ကို ထိန်းသိမ်းထား ပြီး ငြိမ်းအေးသက်သာထိုင်နေလျှင် အလိုတော်ကိုဆောင်သောသူများမဟုတ် ကြပါ။ စိတ်အားမလျော့ဘဲ ထိထိရောက်ရောက်ဆုတောင်းခြင်းသည် ကောင်းကင်ဘုံထိတိုင် ရောက်သွားလိမ့်မည်ဖြစ်၍ ဤဘေးဒုက္ခဆိုက်ရခြင်းကို ကျွန်ုပ်တို့အနေနှင့် ကြာမြင့်စွာကတည်းက မေ့ပစ်ထားလိုက်ရမည့်အလုပ်ပြီး စီးသွားသည်အထိ ဘုရားသခင်ရွှေ့ဆိုင်းပေးတော်မူလိမ့်မည်။ ပို၍အလွန် ကြိုးစားဆုတောင်းခြင်းပြုကြပါစို့။ ကျွန်ုပ်တို့ဆုတောင်းခြင်းများနှင့်လိုက်ဖက် ညီအောင်လည်း လုပ်ဆောင်ကြပါစို့။ (ChS 162.1)ChSBur 268.2

    ခြိမ်းခြောက်လာသောဘေးအန္တရာယ်ကို ရှောင်လွှဲပစ်ရန် ကျွန်ုပ်တို့အစွမ်းကုန်လုပ်ကြရမည်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။ မလိုမုန်းထားအစွဲအလမ်းကို ဖျက်သိမ်းနိုင်ရန် လူတွေရှေ့မှာ စစ်မှန်သော အလင်းကို ကိုယ်တိုင်ထွန်းလင်းပြပေးခြင်းဖြင့် ကျွန်ုပ်တို့အထူးကြိုးစားအားထုတ် ကြရမည်။ လူတွေကိုတကယ့်စိန်ခေါ်ချက်အမှန်မေးခွန်းများမေးလာစေရန် ဆော်သြရမည်။ ဤသို့ဖြင့် အသိအမြင်လွတ်လပ်ခွင့်ကို ကန့်သတ်သည့် အတိုင်းအတာများကို အထိရောက်ဆုံးကန့်ကွက်ချက်များဖြင့် ကြားဖြတ်မေးခွန်း မေးလာစေရန်ဖြစ်သည်။ (ChS 162.2)ChSBur 269.1

    ဘုရားသခင်သည် ကျွန်ုပ်တို့ကိုရှေ့တွင် ဘေးဒုက္ခရှိကြောင်း မြင်ရ အောင်အလင်းပေးပြီးသောအခါ ထိုအလင်းကိုလူတို့အရှေ့တင်ပြရန်အတွက် အစွမ်းကုန်ကြိုးပမ်းမှုတိုင်း၌ ကျွန်ုပ်တို့မေ့လျော့ပျက်ကွက်ထားခဲ့ကြလျှင် ဘုရား သခင်ရှေ့တော်မှောက်အရောက် ကျွန်ုပ်တို့ဘယ်လိုရပ်ပြနိုင်မလဲ။ ဤအရေးကြီး လှသောအကြောင်းကို သတိပေးမခံရဘဲ လူတွေ့ရင်ဆိုင်ရစေရန် သူတို့ကို မေ့ချန်ထားခြင်းအားဖြင့် ကျွန်ုပ်တို့ကျေနပ်နေနိုင်ပါသလား။ (ChS 162.3)ChSBur 269.2

    နိုင်ငံပြုပြင်ပြောင်းလဲရေးသမားတို့သည် ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ခွင့်ကန့်သတ်ရန် အတိုင်းအတာများကို တိုက်တွန်းလာသောအခါ ကျွန်ုပ်တို့၏ရှေ့တန်းခေါင်းဆောင်များသည် ယင်းအခြေအနေကိုရင်ဆိုင်ဖို့ သတိရှိသင့်ကြပြီ။ ထိုသို့ပြုလုပ်ချက်များကို ချေဖျက်ရန်လည်း အလွန်အလေး အနက်ထား၍ ဝန်ဆောင်ကြရမည်။ ကျွန်ုပ်တို့၏လူများသည် ယနေ့ကာလ အတွက် လက်ရှိသမ္မာတရားအလင်းကို မသိဘဲနေနေရအောင် ဘုရားသခင် ၏အလိုတော်မဟုတ်ပါ။ တတိယကောင်းကင်တမန်၏သတင်းစကားကို ဟောပြောနေကြသည့်ကျွန်ုပ်တို့၏အသင်းတော်မှ သင်းအုပ်ဆရာများသည် လည်း ထိုသတင်းစကားအထဲ ဘာပါသည်ကို အားလုံးက အမှန်ကိုနားမလည် ကြသေးပါ။ နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို လူတချို့အနည်းငယ်သာအရေး ကြီးသည်ဟု သဘောထားနေကြသည်မှာ သူတို့သည် များစွာအချိန်ပေး၍ အာရုံစိုက်နေရန် လိုအပ်မည်ဟု မတွေးမိကြလေပြီ။ ဂရုစိုက်နေရမည်ဆိုလျှင် လည်း ယင်းကိစ္စသည် တတိယကောင်းကင်တမန်သတင်းစကားနှင့်သိသာ ထင်ရှားကွဲပြားချက်များကို မေးခွန်းထုတ်မေးရန်အတွက် အချိန်ပေးရလိမ့်မည် ဟု သူတို့ခံစားနေမိကြပါသည်။ ယနေ့ကာလအတွက် သတင်းစကားကို ဤသို့အဓိပ္ပါယ်ကောက်ယူနေကြသည့် ကျွန်ုပ်တို့၏ညီအစ်ကိုတော်များကို ဘုရားသခင်အပြစ်လွှတ်တော်မူပါစေသော်။ (ChS 162.4)ChSBur 270.1

    ကျွန်ုပ်တို့၏နယ်ဒေသထဲတွင် တနင်္ဂနွေဥပဒေအတည်ပြုပြဌာန်းလာ မည်ကို နှစ်များစွာကတည်းက ကြည့်နေခဲ့ကြသည်။ ယခုထိုလှုပ်ရှားမှုသည် ကျွန်ုပ်တို့အပေါ်ရောက်လို့လာပြီ။ ကျွန်ုပ်တို့မေးခွန်းထုတ်ကြရမည်။ ဤကိစ္စ အတွက် ကျွန်ုပ်တို့လူတွေတာဝန်အသိရှိကြပါ့မလား။ စံနှုန်းကိုမြှင့်တင်ဖို့၊ ဘာသာရေးဖြောင့်မတ်မှုနှင့်အထူးအခွင့်အရေးများကို လေးစားကြသူများအား ရှေ့တန်းခေါ်ယူတင်ဖို့ ကျွန်ုပ်တို့မထောက်ခံနိုင်ကြပြီလော။ အချိန်သည် အမြန် နီးကပ်လာနေပြီဖြစ်၍ လူထက်ဘုရားသခင်ကို နာခံကြသူများသည် ဖိနှိပ်သူ များ၏လက်ထဲတွင် ခံစားကြရလိမ့်မည်။ ဘုရားသခင်၏သန့်ရှင်းသောပညတ် တော်များကို ခြေအောက်ချနင်းနေစဉ် ကျွန်ုပ်တို့ငြိမ်ငြိမ်လေးနေခြင်းအားဖြင့် ဘုရားသခင်၏ဂုဏ်အသရေကို ရှုတ်ချနေကြမည်လား။ ပရိုတက်စတင့်လောက သည် ရောမမြို့သို့သူမ၏အမူအရာအားဖြင့် အလျှော့ပေးနေစဉ် ယင်းအခြေ အနေကို နားလည်ကြရန်နှင့် ဟန်အမူအရာအမှန်ဖြင့် ကျွန်ုပ်တို့ရှေ့မှာ မသင့် ကြောင်းထောက်ပြရဲသောအမြင်ရလာစေရန် ကျွန်ုပ်တို့နိုးထကြပါစို့။ ကျွန်ုပ် တို့၏ကင်းစောင့်သည် သူ့အသံကိုမြှင့်၍ ယနေ့ကာလအတွက် လက်ရှိသတင်း စကားကို အော်ပြောပါစေ။ ကျွန်ုပ်တို့သည် အနာဂတ္တိကျမ်းသမိုင်းအကြောင်း အတိုင်းရှိကြောင်းကို လူတွေကိုပြကြပါစို့။ စစ်မှန်သောပရိုတက်စတင့်ဝါဒ စိတ်ဓာတ်နိုးထစေရန် နည်းလမ်းရှာဖွေကြပါစို့။ ကျွန်ုပ်တို့ကြာမြင့်စွာ ဝမ်းမြောက်ဝမ်းသာမျှော်လင့်နေရသောဘာသာရေးကိုးကွယ်မှုလွတ်လပ်ခွင့်၏ အဖိုးတန်အမြင်ဖြင့် ကမ္ဘာလောကကို လှုပ်နှိုးကြရမည်။ (ChS 163.1)ChSBur 270.2

    ကျွန်ုပ်တို့၏နယ်ဒေသတွင် နေထိုင်ကြသူများသည် မြို့ပြပြည်သူနှင့် ဘာသာရေးကိုးကွယ်မှုလွတ်လပ်ခွင့်တို့၏ အန္တရာယ်အရှိဆုံးသောရန်သူချီတက် လာသည်ကို ဆီးတားရန် နိုးထဖို့လိုအပ်သည်။ (ChS 163.2) 3ChSBur 271.1

    စေပြီး ကျွန်ုပ်တို့သည် လက်ကိုပိုက်လျက်၊ ဘာမျှမလုပ်ဘဲ ထိုင်လျက်၊ နေသင့်ကြသလော။ ကျွန်ုပ်တို့အထဲမှာ နှစ်များစွာတာဝန်မဲ့နေလာခဲ့ပြီး မိန်းမောနေကြသူများကို လှုပ်နိုးနိုင်ရန် ကျွန်ုပ်တို့ကိုဘုရားသခင်ကူမပါစေ သော်။ (ChS 163.3)ChSBur 271.2