Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပညာပါပါလိုက်လုပ်ရမည့် နည်းလမ်းတစ်ရပ်

    တနင်္ဂနွေဥပဒေကို ဆန့်ကျင်မည်ဆိုလျှင် ယင်းကိုအမိန့်အာဏာ ကဲ့သို့တည်စေရန် လမ်းရှာနေကြသောဘာသာရေးတက်ကြွလွန်းသူတို့၏နှိပ်စက် ညှဉ်းဆဲမှုကို အားပေးရာရောက်သွားလိမ့်မည်။ သင့်ကိုဥပဒေချိုးဖေါက်သူဟု ခေါ်ရန် အခွင့်မပေးလိုက်ပါနှင့်။ အကယ်၍ သူတို့သည် ဘုရားမကြောက်၊ လူမကြောက်သူများကို ဇက်ကြိုးဆွဲလျက်ထိန်းထားကြမည်ဆိုလျှင်လည်း မကြာမီသူတို့အတွက် အသစ်အဆန်းဆိုသည့်အထိန်းပြေထွက်သွားလိမ့်မည်။ တနင်္ဂနွေနေ့စောင့်ရန် ကန့်သတ်မှုသည်လည်း သူတို့အတွက် တစ်သမတ် တည်းမဖြစ်၊ အဆင်လည်းမပြေကြောင်းကို လူတွေမြင်လာကြလိမ့်မည်။ သင်တို့၏မစ်ရှင်အလုပ်နှင့် လက်ထဲတွင်ကျမ်းစာအုပ်ကို မြဲမြဲကိုင်စွဲထားပါ။ ရန်သူသည် သူပြုသောအမှုနှင့် သူ့မှာအမင်္ဂလာရှိလာသည်ကို မြင်သွားလိမ့် မည်။ သားရဲအမှတ်တံဆိပ်ကို လက်ခံမရနိုင်သည့်လူတစ်ယောက်ဆိုသည် မှာ ထိုးနှက်တိုက်ခိုက်သည့်အလုပ်ကို ရှောင်ကြဉ်ခြင်းနှင့်တစ်ချိန်တည်း၌ အရေး အကြီးဆုံးအလုပ်ကို လုပ်ကိုင်ခြင်းအားဖြင့် ငြိမ်သက်ခြင်းစောင့်ထိန်းနိုင်သော ဉာဏ်ပညာရကြောင်းကို သူ့၌ဖေါ်ပြနိုင်သောကြောင့်ဖြစ်သည်။ (ChS 163.4)ChSBur 271.3

    “မစ်ရှင်အလုပ်ထဲမှာ တနင်္ဂနွေနေ့တွင်လည်း အမြဲလုပ်ကိုင် သွားသောအခါ သတ္တမနေ့မြော်လင့်ခြင်းအသင်းသားများအား အရှက် ရစေရန်ဝမ်းမြောက်ဝမ်းသာဖြစ်နေကြမည့် ဖိနှိပ်စီရင်စိတ်ကြီးဝင်နေ သူတို့၏လက်ထဲမှကြိမ်လုံးသည် လွတ်ထွက်သွားလိမ့်မည်။” ကျွန်ုပ် တို့သည် တနင်္ဂနွေနေ့တွင်လည်း ကိုယ်တိုင်အလုပ်လုပ်လျက် လူတွေဆီ အလည်အပတ်ရောက်ခြင်း၊ သူတို့နှင့်အတူ ကျမ်းစာဖတ်ခြင်းများလုပ်နေကြ သည်ကို ထိုဖိနှိပ်သူများမြင်ကြလျှင် တနင်္ဂနွေဥပဒေထုတ်၍ ကျွန်ုပ်တို့အား တားဆီးနှောင့်ယှက်ရန် ကြိုးစားမှုသည် သူတို့အတွက် အသုံးမဝင်ကြောင်းကို သူတို့သိလာကြလိမ့်မည်။ (ChS 164.1)ChSBur 272.1

    တနင်္ဂနွေနေ့သည် သခင်ဘုရားအတွက် များစွာသောအမှုတော်ပြီးစီး ရန် အသင်းတော်၏ အလုပ်ဌာနမျိုးစုံကို ရှေ့တိုးလုပ်ဆောင်နိုင်ကြသည်။ ဤနေ့များတွင် လဟာပြင်အစည်းအဝေးများနှင့် အိမ်တွင်းစုဝေးခြင်းများလုပ် နိုင်ကြသည်။ တစ်အိမ်တက်ဆင်းအမှုတော်လည်း လုပ်နိုင်ကြသည်။ ဓမ္မစာပေ ဆောင်းပါးရေးနိုင်ကြသူများသည်လည်း ထိုနေ့တွင် ဆက်ကပ်ရေးသားနိုင် ကြသည်။ “ဖြစ်နိုင်သည့်အခါတိုင်း ဘာသာရေးအစည်းအဝေးဝတ်ကို တနင်္ဂနွေနေ့မှာကျင်းပနိုင်ကြသည်။ ဤအစည်းအဝေးများကို စိတ်အား တက်တက်ကြွကြွနှင့်ကျင်းပရမည်။” ပြန်လည်နိုးကြွသက်ဝင်စေသောဓမ္မ သီချင်းစစ်များဖြင့် ချီးမွမ်းသီချင်းသီကျူးဆို၍ တန်ခိုးဖြင့်တရားဟောခြင်း၊ ကယ်တင်ရှင်၏အချစ်မေတ္တာတော်စိတ်ချရသည့်အကြောင်းများကို သွန်သင် ပေးပါ။ အရက်သေစာရှောင်ခြင်း၊ ဆင်ခြင်နေထိုင်ခြင်းအကြောင်း သြဝါဒ စကားနှင့်အတူ အစစ်အမှန်ဘာသာရေးအတွေ့အကြုံများကို ဝေမျှကြပါ။ (ChS 164.2)ChSBur 272.2

    ကျွန်ုပ်တို့၏ကျောင်းမှဆရာများသည် တနင်္ဂနွေနေ့တွင် မစ်ရှင်အလုပ် များကို ကြိုးစားလုပ်ဆောင်ကြပါစို့။ ကျွန်ုပ်လမ်းညွှန်တော်မူခြင်းခံရသည်မှာ ဤသို့သောအားဖြင့် ဆရာများသည် ရန်သူကိုအောင်နိုင်ရန် အကြောင်းရရှိ နိုင်ကြသည်။ သူတို့ကျောင်းသားများကိုလည်း သူတို့နှင့်အတူလိုက်ပါစေပြီး သမ္မာတရားမသိကြသေးသူများကို စုစည်း၍ အစည်းအဝေးလုပ်နိုင်ကြသည်။ ထိုကြောင့် သူတို့သည် အခြားသောနည်းတစ်ခုခု၌ သူတို့လုပ်နိုင်ခဲ့သည်ထက် ပို၍ ဤအမှုတော်အားဖြင့် များစွာပြီးစီးအောင်ဆောင်ရွက်နိုင်ကြသည်။ (ChS 164.3)ChSBur 273.1