Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သင်တန်းပို့ချရန် အရည်အသွေးပြည့် ဝန်ထမ်းများကိုရွေးချယ်ပါ

    အသင်းတော်သစ်များအတွက် ဝန်ထမ်းများရွေးချယ်ပေးရာတွင် အထူး ဂရုစိုက်၍ ပြုစုရမည်။ ထိုသူများသည် ခရစ်တော်၌စေ့စပ်သေချာစွာ ပြောင်းလဲ ရောက်လာသူဖြစ်ရမည်။ အကောင်းဆုံးလမ်းညွှန်ပေးနိုင်သူ၊ အပြောနှင့်အလုပ် နှစ်ခုစလုံးနှင့် ညီအောင်နေနိုင်သူများကို ရွေးချယ်ကြပါစို့၊ လုပ်ငန်းကဏ္ဍတိုင်း အတွက် နက်နက်နဲနဲလိုအပ်ချက်များရှိနေပါသည်။ . (ChS 61.5)ChSBur 97.2

    အသင်းတော်လူကြီးများနှင့် အသင်းတော်အတွင်း ဦးစီးနေရာများမှာ လုပ်ကိုင်ဆောင်ရွက်ရသောသူတို့သည် သူတို့၏အလုပ်အတွက် စီမံချက်ကို ပိုမိုတွေးဆလုပ်ဆောင်ကြရမည်။ ကိစ္စရပ်များစွာကို သူတို့စီစဉ်ပေးခြင်းအားဖြင့် အသင်းတော်ရှိအသင်းသားတိုင်းသည် ကဏ္ဍအလိုက်ဝင်ရောက်လုပ်ကိုင်ကြ ရမည်ဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ရည်ရွယ်ချက်ကင်းမဲ့သော ဘဝ၌ မရှိစေရဘဲ သူတို့၌ရှိသည့်အစွမ်းအစအချို့ကိုသုံး၍ အလုပ်ပြီးစီး အောင် လုပ်ဆောင်သွားကြပါလိမ့်မည်။ အသင်းတော်ရှိအသင်းသူ/အသင်းသား တိုင်းအား ကိုယ်ကျိုးမဖက်၊ ဆက်ကပ်မှုရှိရန်နှင့် ဘုရားသခင်အတွက် ထိရောက် သော၊ အမှုတော်ဆောင်များဖြစ်လာကြစေနိုင်သောသွန်သင်ပညာပေးခြင်းအမှ သည် အထူးလိုအပ်ချက်ဖြစ်နေပါသည်။ ဤသို့သင်တန်းပေးခြင်းအမှုတစ်ခု တည်းသာလျှင် အသင်းတော်ကို အသီးမသီးခြင်း၊ သေနေခြင်းတို့မှ ကာကွယ် ပေးနိုင်လိမ့်မည်။ အသင်းတော်ရှိအသင်းသူ/အသင်းသားတိုင်းသည် တက်ကြွ သောဝန်ထမ်း၊ အသက်ရှင်သောကျောက်၊ ဗိမာန်တော်မှအလင်းဖြန့်သော သူတစ်ယောက်ချင်းစီဖြစ်လာကြပေမည်။ (ChS 62.1)ChSBur 97.3