Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘဏ္ဍာထိန်းအဓိပ္ပါယ်

    ကျွန်ုပ်တို့၏သုံးစွဲကုန်ကျစရိတ်အားလုံး၌ ရည်စူးချက်သည် ခရစ် ယာန်များကြိုးပမ်းမှုအစနှင့်အဆုံးဖြစ်သော ကိုယ်တော်၏ရည်ရွယ်ချက်ကို ပြည့်စုံစေရန် ကျွန်ုပ်တို့ကြိုးစားလုပ်ဆောင်သွားဖို့သာဖြစ်ပါသည်။ (ChS 220.2)ChSBur 364.2

    ငွေသည် တန်ဖိုးကြီးပါ၏။ အကြောင်းမှာကောင်းကျိုးကြီး စွာလုပ်ပေးနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏သားသမီးများ ၏လက်ထဲ၌ ငွေသည် ငတ်မွတ်သူများအတွက် အစားအစာ၊ ရေငတ် သူများအတွက် သောက်ရန်ရေနှင့် အဝတ်အစားမရှိသူများအတွက် ဝတ်စရာပေးရန်ဖြစ်ပါသည်။ ငွေသည် အဖိအနှိပ်ခံနေရသူများအတွက် အားကိုးစရာနှင့်ဖျားနာသူများအတွက် အကူအညီပေးစရာဖြစ်ရပါမည်။ သို့ပါ သော်လည်း ငွေသည်သဲပွင့်ထက်ပို၍တန်ဖိုးရှိလှသည်မဟုတ်ပါ။ သူတစ်ပါး တို့အား ကောင်းချီးပေးရာ၌ .. အသက်ရသွားစေရန်နှင့်ခရစ်တော်အတွက် ရှေ့တိုးလုပ်ဆောင်ရာ၌ ငွေကိုအသုံးပြုခြင်း၌သာလျှင် ငွေသည် တန်ဖိုးဖြစ် သည်။ (ChS 220.3)ChSBur 364.3

    ရှိသော ဘုရားသခင်ကိုယ်တော်တိုင်သည် အမှုတော်၏အကျိုးအတွက် မူလ ကပင် စီမံပေးခဲ့သည်။ ကိုယ်တော်သည် အစွန်းထွက်တန်ဖိုးကို ဖန်တီးပေး ခဲ့ပါသည်။ ကိုယ်တော်သည် သူ့လူများကိုမစရန် မေးမြန်းတော်မူသောအခါ သူတို့က “သခင်ဘုရား၊-- ကိုယ်တော်၏ငွေဖြင့် အခြားငွေများကို အမြတ် ရပါပြီ” ဟု ပြန်လည်ဖြေဆိုနိုင်ခဲ့ကြသည်။ (ChS 220.4)ChSBur 365.1

    ငွေကိုနောင်ဘဝသို့ သယ်ယူသွားနိုင်ကြမည်မဟုတ်ပါ။ ထိုအရပ်၌ ငွေမလိုအပ်။ သို့သော် ခရစ်တော်သို့ဝိညာဉ်များစွာပို့ဆောင်အောင်နိုင်ခဲ့သော အမှုတော်ကောင်းခြင်းများကိုမူ ကောင်းကင်ရင်ပြင်သို့ သယ်ယူသွားနိုင်သည်။ သို့ပါသော်လည်း ဘုရားပေးသောဆုကြေးများကို ကိုယ်ကျိုးအတွက်သာ သုံးစွဲ ခြင်း၊ မိတ်ဆွေသူဆင်းရဲများအား ထောက်ပံ့ပေးကမ်းခြင်းမပြုလိုခြင်းနှင့် ကမ္ဘာ လောကကြီးထဲ၌ ဘုရားအမှုတော်အကျိုးကို ဘာတစ်ခုမျှမပြုစုခြင်းသည် မိမိဖန်ဆင်းရှင်ကို ရှုတ်ချသောသူဖြစ်၏။ သူတို့၏အမည်များကိုလည်း ကောင်းကင်စာရင်းစာအုပ်ထဲ၌ ဘုရားသခင်ကို လုယက်သူများစာရင်းစာစောင် ထဲတွင် ရေးမှတ်သွင်းထားလိမ့်မည်။ (ChS 220.5)ChSBur 365.2

    ဤခေတ်ကာလ၌ ငွေတန်ဖိုးကို ဝိညာဉ်များတန်ဖိုးနှင့်နှိုင်းယှဉ်လျှင် ဘာများဖြစ်သွားလိမ့်မလဲ။ ကျွန်ုပ်တို့အသုံးပြုလိုက်သောငွေတစ်ပြားတစ်ချပ် တိုင်းသည် ကျွန်ုပ်တို့မပိုင်သောသခင့်ဥစ္စာအဖြစ် မှတ်ယူသုံးစွဲသင့်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုမြတ်နိုးယုံကြည်သကဲ့သို့ ငွေကိုမလိုအပ်သော လောကီဇိမ်ခံရန် မသုံးဖြုန်းလိုက်ကြဘဲ ဘုရားသခင်အတွက်သော်လည်းကောင်း၊ လူအပေါင်းတို့ပျက်သုဉ်းခြင်းမှကယ်တင်သောအမှုတော်အတွက်သော်လည်း ကောင်း အသေအချာတန်ဖိုးထားတွက်ချက်သုံးစွဲကြရမည်။ (ChS 220.6)ChSBur 365.3

    ဤလောကထဲ၌ ကျွန်ုပ်တို့၏လွှမ်းမိုးခြင်းနှင့် အထောက်အပံ့ရှိစေ ရေးအတွက် လုံလောက်သောတန်ဖိုးနှင့်မစ်ရှင်အမှုကို ကျွန်ုပ်တို့လုပ်ဆောင် နေကြသည်မဟုတ်လော။ သမ္မာတရားကို အခြားတိုင်းပြည်များသို့ရောက်စေရန် နှင့်ပြည်တွင်းမစ်ရှင်အဖွဲ့များသည်လည်း ထောက်ပံ့လုပ်ဆောင်နိုင်စေဖို့ ကျွန်ုပ် တို့၏လက်ဖွာသုံးဖြုန်းခြင်းများကို ကိုယ်တိုင်ကိုယ်ကိုငြင်းပယ်ခြင်း၊ ကျွန်ုပ် တို့၏ဆုကြေးငွေများကိုလည်း သခင့်ဘဏ္ဍာတိုက်ထဲသို့ပစ်သွင်းခြင်းများ မပြု သင့်ပြီလော။ ဤသို့ပြုလျှင် ကောင်းကင်သက်သေမရပြီလော။ ဤနောက်ဆုံး သောနေ့ရက်များ၌ ပြုသောအမှုဆောင်ခြင်းသည် အမွေအနှစ်ပစ္စည်းကြီး အထောက်အပံ့အားဖြင့်မဟုတ်။ လောကသြဇာအာဏာရှိခြင်းအားဖြင့်လည်း လုပ်ဆောင်နေကြရသည်မဟုတ်ပါ။ ဤအမှုသည် မိမိကိုယ်မိမိငြင်းပယ်ခြင်း ဖြင့်ရသောအကျိုး၊ အနစ်နာခံပြုစုသောစိတ်ဓာတ်စသည့်ဆုကျေးဇူးအားဖြင့် ထမ်းဆောင်နိုင်စွမ်းရှိခဲ့သည်။ ဤတွင်ဘုရားသခင်သည် ကျွန်ုပ်တို့အား ခရစ် တော်ခံစားရခြင်း၌ ပါဝင်ရခြင်းအခွင့်ထူးကို ပေးခဲ့ပါသည်။ ကိုယ်တော်သည် အသစ်ဖန်ဆင်းမည်ဖြစ်သောမြေကြီးသစ်အထဲ၌ အမွေခံတစ်ဦးအဖြစ် ရပိုင်ခွင့် ကို ကျွန်ုပ်တို့အားပေးကမ်းခဲ့ပါ၏။ (ChS 221.1)ChSBur 365.4

    မှတ်တမ်းပြုစုသောကောင်းကင်တမန်သည် ဘုရားသခင်အတွက် ဆက်ကပ်အပ်နှံသည့်အမှုတိုင်းကို သစ္စာရှိစွာရေးသွင်းထားပြီး ဘဏ္ဍာတော်တိုက် ထဲ၌ သိမ်းဆည်းလေ၏။ နောက်ဆုံးအကျိုးထွက်များကိုလည်း ပေးကမ်း အပ်နှံခဲ့သည်။ ဘုရားသခင်၏မျက်ခြည်တော်သည်လည်း ကိုယ်တော်၏အမှု တော်ကို အလေးမထားဟာသပြုချက်တိုင်းနှင့် စွန့်ကြဲပေးကမ်းခြင်း၌ ဝန်တို မှုတိုင်းတို့အပေါ်သို့ ကြည့်မြင်ပြီးဖြစ်လေ၏။ ပေးကမ်းခြင်း၌ စိတ်ထက်သန် မှုကိုလည်း မှတ်တမ်းထိုးပေးပါသည်။ ဘုရားသခင်၏ပစ္စည်းဥစ္စာများကို ဘုရားပိုင်၍ လိုအပ်သည့်အခါ ပေးဆောင်နိုင်ကြသူ၊ ကိုယ်တိုင် အနစ်နာခံ၍ ဆက်ကပ်မှုရှိကြသူတိုင်းသည် သူတို့ပြုသောအကျင့် အတိုင်း အကျိုးကိုခံစားရလိမ့်မည်။ ဆက်ကပ်မှုသည် ရည်ရွယ်ချက် အတိုင်းမဟုတ်ဘဲ အခြားတစ်နည်းနည်းသို့ရောက်၍ ပေးလှူသူ၏မြင်ကွင်း၌ ပြီးပြည့်စုံခြင်းမရှိသည့်တိုင် ထိုသူသည် ဝိညာဉ်စေတနာစိတ်အရင်းခံဖြင့် ပေးလှူခဲ့ သည်ဖြစ်၍ ဘုရားသခင်၏ဘုန်းတော်နှင့်ဝိညာဉ်များကယ်တင်ခြင်းကို ထင်ရှား စေပါသောကြောင့် ဘုရားသခင်၏ ဘုန်းတန်ခိုးမျက်မှောက်တော်အောက်ဝယ် သူတို့အကျိုးသူတို့၌ မပျက်စေရပါ။ (ChS 221.2)ChSBur 366.1

    ညီအစ်ကိုတစ်ယောက်ဆင်းရဲခံရခြင်း၌ ကူညီမစရန် (သို့မဟုတ်) သမ္မာ တရားသတင်းပြန့်ပွားစေရေးအတွက် ဘုရားအမှုတော်၌ ကူညီပေးရန် အခွင့် ရတိုင်း ပါဝင်ခြင်းသည် ရှေ့ကိုကြို၍ ကောင်းကင်ဘဏ်တိုက်ထဲတွင် ပုလဲ တစ်လုံးကို လုံခြုံစွာထည့်သွင်းသိမ်းဆည်းထားခြင်းဖြစ်လေသည်။ ဘုရားသခင် သည် သင့်အား စမ်းသပ်သက်သေပေးထားပြီးဖြစ်၏။ ယခုအခါ ကိုယ်တော် သည် ထိုအရာများကို သင်မည်သို့သုံးစွဲကြောင်း ကြည့်နေပါသည်။ ဆင်းရဲ သားများကို ကူညီထောက်ပံ့ရာ၌ သုံးစွဲနေပါသလား။ ထို့အပြင် ဝိညာဉ်များ ၏တန်ဖိုးကို သင်ခံစားမိ၍ သင့်၌ဘုရားသခင်မှစိတ်ချအပ်နှံထားသည်များကို အကျိုးရှိစွာသင်တတ်စွမ်းနိုင်သလားဆိုသည်ကို ကိုယ်တော်မြင်လိုပါသည်။ ထိုသို့အခွင့်အရေးတိုးရသည့်လုပ်ဆောင်မှုတိုင်းသည် သင့်ကောင်းကင်ဘဏ္ဍာ တိုက်ထဲသို့ဖြည့်သွင်းပေးခြင်းဖြစ်သည်။ (ChS 221.3)ChSBur 367.1