Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အောင်မြင်ခြင်းအတွက်လိုအပ်ချက်

    ဘုရားသခင်အမှုတော်ဆောင်များနှင့်အတူ ဝိညာဉ်တော်ပါရှိမှုသည် လောကကြီးက ပေးနိုင်သည့်ချီးမွမ်းဂုဏ်ပြုခြင်းအရပ်ရပ်၌မရှိသောသမ္မာတရား ကြွေးကြော်ခြင်းတန်ခိုးတော်တစ်ခုကို ပေးလိမ့်မည်။ (ChS 253.3)ChSBur 423.1

    ပဝခ ဘုရားသခင်သည် ကျွန်ုပ်တို့အရှေ့၌ ချပေးထားသောအလုပ်ကို ကျွန်ုပ်တို့၏ကိုယ်ပိုင်အားနှင့်လုပ်ရန် ပြောနေသည်မဟုတ်။ ကိုယ်တော်သည် လူသားအရင်းအမြစ်ဖြင့် မညီမျှနိုင်သောအရေးပေါ်လိုအင်အားလုံးအတွက် ဘုရားသခင်၏မစတော်မူခြင်းကို ပေးကမ်းနေပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အကျပ်အတည်းအားလုံး၌ ကူညီရန်၊ ကျွန်ုပ်တို့၏မျှော်လင့်ခြင်း၊ စိတ်ချရခြင်းကို တောင့်တင်းစေရန်နှင့် ကျွန်ုပ်တို့၏စိတ်ကို အလင်းပေးခြင်း နှင့်နှလုံးသားများကို သန့်စင်စေရန်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော် ကိုပေးကမ်းထားသည်။ (ChS 253.4)ChSBur 423.2

    သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွလာပြီးသောအခါတွင် တပည့် တော်များသည် သူတို့အတွက် အသေခံတော်မူခဲ့သောကိုယ်တော်၌ ချစ်ခြင်း မေတ္တာနှင့်ပြည့်ဝလျက်ရှိလေ၏။ သူတို့ပြောသောစကားများအားဖြင့်လည်း ကောင်း၊ သူတို့ပြုသောဆုတောင်းခြင်းများအားဖြင့်လည်းကောင်း၊ သူ့နှလုံး သားများအရည်ပျော်ကျခဲ့လေ၏။ သူတို့သည် ဝိညာဉ်တော်တန်ခိုးဖြင့် စကားပြောခဲ့သည်။ ထိုတန်ခိုးတော်လွှမ်းမိုးခြင်းအောက်၌ ထောင်ဂဏန်းချီ ၍လူများပြောင်းလဲခဲ့သည်။ (ChS 254.1)ChSBur 423.3

    ကိုယ်ကျိုးကိုဘေးဖယ်၍ နှလုံးသားအပေါ်၌ သန့်ရှင်းသောဝိညာဉ် တော်လုပ်ဆောင်စေရန် နေရာပေးထားသူသည် ဘုရားသခင်ထံ အပြည့်အဝ ပေးဆပ်အပ်နှံသောဘဝဖြင့် အသက်ရှင်နေထိုင်ခြင်းကြောင့် ထိုသူတစ်ဦး တစ်ယောက်၏အသုံးဝင်မှုသည် အကန့်အသတ်မဲ့ဖြစ်လေသည်။ (ChS 254.2)ChSBur 424.1

    ပင်တေကုတ္တေနေ့၌ ဆင်းသက်သောဝိညာဉ်တော်၏အကျိုးကား အဘယ်နည်း။ ရှင်ပြန်ထမြောက်တော်မူသောကယ်တင်ရှင်၏အကြောင်း၌ ဝမ်းမြောက်မှုစိတ်သည် ကမ္ဘာကြီးတစ်ဖက်စွန်းအထိ သိသာအောင်သယ်ဆောင် ပေးခဲ့သည်။ သူတို့၏လုပ်ဆောင်ချက်ဖြင့် အရွေးချယ်ခံလူများအား အသင်း တော်သို့ ထည့်ပေါင်းပေးခဲ့သည်။ အရွေးချယ်ခံလူများသည် အသက်ရှင်သော နှုတ်ကပတ်တော်ကို လက်ခံရရှိခဲ့ကြပြီး သူတို့နှလုံးသားထဲသို့ ပြည့်ဝစေခဲ့ သောငြိမ်သက်ခြင်းနှင့်ဝမ်းမြောက်ခြင်းကို အခြားသူများအား ဖြန့်ဝေပေးနိုင် ရန် ရည်စူးလျက် သူတို့၏အသက်တာကို အပ်နှံခဲ့ကြသူများဖြစ်ကြ၏။ သတင်းစကားကို လူရာပေါင်းများစွာကြွေးကြော်ခဲ့ကြသည်။ “ဘုရားသခင်၏ နိုင်ငံတော်သည် လက်ထဲသို့ရောက်ပြီ။” ထိုသူတို့သည် ခြိမ်းခြောက်ခံရခြင်း၌ နောက်မတွန့်မကြောက်ရွံ့ခဲ့ကြပါ။ သခင်ဘုရားသည် သူတို့မှတစ်ဆင့် သူတို့ ရောက်လေရာရာ၌ ဖျားနာသူများအား ရောဂါပျောက်ကင်းစေခဲ့သည်။ ဆင်းရဲ သူများအား သတင်းကောင်းပြောခဲ့ကြသည်။ လူသည် သန့်ရှင်းသောဝိညာဉ် တော်၏ထိန်းချုပ်ခြင်းကို ကိုယ်တိုင်ခံယူလေသော် ဘုရားသခင်သည် သူတို့ အပေါ်မှာ ကြီးစွာလုပ်ဆောင်ပေးလေ၏။ (ChS 254.3)ChSBur 424.2

    သန့်ရှင်းသောဝိညာဉ်တော်သည် နာမ်ခန္ဓာထဲ၌ စိတ်ဝိညာဉ်ဆိုင်ရာ ဇီဝအသက်ဖြစ်၏။ စိတ်ဝိညာဉ်ဖန်တီးပေးခြင်းသည် ခရစ်တော်၏အသက်တာ ကို ဖန်တီးပေးခြင်းဖြစ်သည်။ လက်ခံသူကို ခရစ်တော်၏ ဂုဏ်တော်အင်္ဂါရပ် များစိမ့်ဝင်စေသည်။ ဘုရားသခင်သွန်သင်သောသူများသာလျှင် သူတို့အတွင်း ၌လုပ်ဆောင်နေသောဝိညာဉ်တော်ကို ပိုင်ဆိုင်ရသည်ဖြစ်၍ ခရစ်တော်နည်းတူ ဘဝဖြင့် အသက်ရှင်နေကြသောသူတို့သည် အသင်းတော်ကိုကိုယ်စားပြု၍ သင်းအုပ်အမှုကို လုပ်ဆောင်နိုင်ကြသောကိုယ်စားလှယ်တော်ကြီးများအဖြစ် ရပ်တည်နိုင်ကြရပါ၏။ (ChS 254.4)ChSBur 424.3

    ထူးဆန်းခြင်းနှင့်ရုတ်ခြည်းပြောင်းလဲခြင်းသည် အမြန်ရောက်လာ လိမ့်မည်။ ဘုရားသခင်၏လူများသည် သန့်ရှင်းသောဝိညာဉ်တော်အပ်နှင်း ခြင်းခံရသည်ဖြစ်၍ ကောင်းကင်ဘုံပညာဉာဏ်ဖြင့် ဤကပ်ကမ္ဘာ၏အရေး တကြီးအခြင်းအရာများကို သူတို့ကြုံတွေ့ ကြရလိမ့်မည်။ လောက၏အကျင့် စာရိတ္တယိုယွင်းပျက်သုဉ်းမှုကြီးကိုလည်း အတတ်နိုင်ဆုံးသူတို့တိုက်ဖျက်ကြ လိမ့်မည်။ အကယ်၍ အသင်းတော်သည် အိပ်ပျော်နေသည်မဟုတ်ဘဲ ခရစ် တော်၏နောက်လိုက်များသည်လည်း မျှော်လင့်ခြင်း၊ ဆုတောင်းခြင်းရှိနေကြ လျှင် သူတို့သည် ရန်သူ၏လုပ်ရပ်များကို သဘောပေါက်သိမြင်သောအလင်း ရရှိကြမည်။ (ChS 254.5)ChSBur 425.1