Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အယူသီးခြင်းနှင့်ပုံသေကားကျစည်းကမ်းလိုက်လွန်လွန်းခြင်း

    စာတန်သည် တတိယကောင်းကင်တမန်၏သတင်းစကားကို အင်အား ကြီးမားသောတန်ခိုးဖြင့် လူတို့ကြေညာရန်ရှိသည့်အမှု၌ လမ်းလွဲသွားစေရန် သူ၏တီးတိုးစကားများ၊ လှည့်စားခြင်းစွမ်းအားအကုန်သုံး၍ ယခုပြုလုပ်နေသည်။ ဘုရားသခင်သည် မိမိလူတို့အား ကောင်းချီးပေး၍ ယုံမှားခြင်းကို ကောင်းစွာ သိမြင်ရန် ပြင်ဆင်ပေးနေကြောင်းကို ရန်သူစာတန်သည် မြင်သောအခါ သူ့အဖို့ဝိညာဉ်များရိတ်သိမ်းပွဲတစ်ခုစုစည်းထားနိုင်ရန် . တစ်ဘက်တွင် အယူသီးခြင်းနှင့်အခြားတစ်ဘက်တွင် ပုံသေကားကျစည်းကမ်းလိုက်လွန် လွန်းခြင်းဖြစ်စေသောသူ၏ကျွမ်းကျင်ပိုင်နိုင်သည့်တန်ခိုးကို အသုံးပြုလာလိမ့် မည်။ ဤအတွက် မရပ်မနားစောင့်ကြည့်နေရမည့်အချိန်ကျရောက်လို့လာပါပြီ။ ကျွန်ုပ်တို့ဆီသို့ ပထမခြေလှမ်းနှင့်တိုးဝင်လာနိုင်သောစာတန်ကို သတိထား စောင့်ကြည့်နေကြရမည်။ (ChS 40.1)ChSBur 59.1

    ကျွန်ုပ်တို့၏အသင်းတော်များ၌ ကိုယ်ကျင့်တရားဆိုင်ရာရေခဲကျွန်း မျောတောင်များစွာရှိနေသည်။ ဂုဏ်ထုထည်ဝါခန့်ညားခြင်းဖြင့် ဟန်ရေးပြနေ ကြသောပုံသေကားကျသမားများ အများအပြားရှိနေသည်ဖြစ်၍ သူတို့သည် ဤလောကသို့အလင်းမထွန်းလင်းပေးနိုင်ကြတော့ပါ။ (ChS 40.2)ChSBur 59.2