Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ချီးမွမ်းခြင်းဝတ္တရားရှိသည့်အတိုင်း၊ ကျေးဇူးတော်ချီးမွမ်းပါ

    ကား စိတ်နှလုံးပါလျက်၊ အပြည့်အဝဘုရားသခင်ကိုချီးမွမ်းခြင်းသည် ဆုတောင်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် လောကနှင့်ကောင်းကင်နိုင်ငံသား တို့ကိုပြောပြရမည်မှာ ကျရှုံးသောလူသားများကို အံ့ဖွယ်မေတ္တာနှင့်ချစ်တော် မူသည့်ထာဝရဘုရားအား ကျေးဇူးတင်ကြောင်းနှင့် ကိုယ်တော့်ထံမှ အနန္တ ပြည့်စုံတော်မူခြင်း၏ကောင်းချီးမင်္ဂလာကို ပို၍ပို၍မျှော်လင့်ခြင်းရှိကြောင်းပင် တည်း။ သန့်ရှင်းသောဝိညာဉ်တော်အထူးသွန်းလောင်းခြင်းခံရပြီးနောက် သခင် ဘုရား၌ ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းနှင့်ကိုယ်တော့်အမှုတော်ကို ကျွမ်းကျွမ်း ကျင်ကျင်ဆောင်ရွက်နိုင်ခြင်းသည် အမွေခံသားသမီးများအပေါ်ဝယ် ကိုယ်တော် ၏ ကောင်းမြတ်ခြင်းနှင့်အံ့ဖွယ်မစတော်မူခြင်းတို့ကို ဖြည့်စွက်ရေတွက်လျှင် များစွာတိုးပွားလာပါသည်။ ဤအလေ့အကျင့်သည် စာတန်မာရ်နတ်၏တန်ခိုး ကိုနောက်ဆုတ်သွားစေပါသည်။ ညည်းညူသံ၊ ဆင်ခြေပေးသံကို မောင်းထုတ် လျှင် ဒေါသသည် နေရာမရတတ်။ ထိုသူတို့သည် ပင်ကိုယ်စရိုက်လက္ခဏာ အရည်အချင်းကို ကောင်းကင်ဘုံအိမ်ကဲ့သို့ မြေကြီးပေါ်မှာ အခြေချနေရာ ကျစေရေးအတွက် ရိတ်သိမ်းယူတတ်ကြသည်။ ဤသက်သေသည် အခြား သူများကို လွှမ်းမိုးသြဇာသက်ရောက်လေသည်။ ခရစ်တော်ဆီသို့ ဝိညာဉ် များစွာအောင်နိုင်ပို့ဆောင်ရေးတွင် ဤနည်းအတိုင်း လုပ်ဆောင်ခြင်းထက် ပိုမိုထိရောက်သောအခြားနည်းမရှိတော့ပါ။ (ChS 213.2)ChSBur 353.2

    ဘုရားသခင်သည် ကိုယ်တော်၏ကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့ကို သိစေရန် အလိုတော်ရှိသလို တန်ခိုးတော်အကြောင်းလည်း ပြောဆိုရန် လိုလား သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကိုချီးမွမ်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်း ခြင်းများအားဖြင့် ဂုဏ်ပြုခြင်းကိုခံယူတော်မူပါသည်။ “ကျေးဇူးတော်ချီးမွမ်း ခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ဘုန်းကိုထင်ရှားစေသောသူဖြစ်၏” ဟု ဘုရားသခင်မိန့်တော်မူခဲ့ပါ၏။ ဣသရေလလူမျိုးတော်တို့သည် တောအရပ် ၌ ခရီးလှည့်လည်နေသည့်အခါ အထွတ်အမြတ်သီချင်းလုပ်ဆိုသွားကြသည်။ လမ်းခရီးတစ်လျှောက်လုံး၌ ချီးမွမ်းခြင်းသည် ဘုရားဖူးခရီးသွားသီချင်းဖြစ် ရ၏။ ခါနာန်ပြည်တွင် အထွတ်အမြတ်ပွဲသဘင်များကို သူတို့ကျင်းပတိုင်း ဘုရားသခင်၏အံ့သြဖွယ်မစတော်မူခြင်းများဖြည့်စွက်ရေတွက်၍ ကြီးစွာ ကျေးဇူးတော်ချီးမွမ်းခဲ့ကြပါသည်။ ဤသို့ဖြင့် ထာဝရဘုရားသည် မိမိလူတို့ ၏အသက်တာကို ကျေးဇူးတော်ချီးမွမ်းခြင်းအသက်တာဖြစ်စေလို၏။ (ChS 213.3)ChSBur 354.1

    Larger font
    Smaller font
    Copy
    Print
    Contents