Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပြစ်မှုလုပ်ခြင်းကူးစက်ရောဂါ

    “ပြစ်မှုလုပ်သည့်ကူးစက်ရောဂါ” ကျရောက်နေသည့်အထဲ၌ ကျွန်ုပ် တို့အသက်ရှင်နေထိုင်ကြရသည်ဖြစ်၍ ဤအကြောင်းကိုတွေးမိကြသောဘုရား သခင်အား ကြောက်ရွံ့ခြင်းရှိသူများသည် နေရာအနှံ့တွင် တုန်လှုပ်ချောက်ချား နေကြရ၏။ အကျင့်ပျက်မှုများက အနိုင်ယူနေသည်မှာ လူတို့ကလောင်စွမ်း ဖြင့် ရေးပြပြီးပေးနိုင်သည်ထက် ကျော်လွန်သွားပါသည်။ နေ့စဉ်နှင့်အမျှ နိုင်ငံ ရေးအငြင်းပွားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများနှင့်လိမ်လည်မှုများကို ကြားသိ နေရသည်။ နေ့စဉ်နှင့်အမျှလည်း စိတ်နှလုံးထိခိုက်ရသည့်အကြမ်းဖက်မှုများ နှင့်ဥပဒေမဲ့ကျူးလွန်မှုများ၊ လူသားဒုက္ခများကို လျစ်လျူပြုခြင်းများနှင့်လူ့အသက် ကိုရက်ရက်စက်စက်သရဲမရဲစီးသတ်ဖြတ်နေကြခြင်းတို့ကို ကြားနေကြရသည်။ နေ့စဉ်နှင့်အမျှ စိတ်မနှံ့မှုများ၊ လူသတ်မှုများနှင့်ကိုယ်အသက်ကို အဆုံးစီရင် သူတို့၏အကြောင်းများကို ကြားနေရသည်။ စာတန်မာရ်နတ်၏တမန်များ သည် လူသားများ၏ကိုယ်ခန္ဓာကို ချိုးနှိမ်ဖျက်ဆီးရန်နှင့်စိတ်ကို ညစ်ညူးခြင်း ဖြင့် အကျင့်ပျက်စေရန် တိုး၍လုပ်ဆောင်လျက်ရှိလာသည်ကို မည်သူမျှမငြင်း နိုင်ပါ။ (ChS 53.2)ChSBur 82.2

    ဤမင်းမဲ့စရိုက်များသည် တိုင်းပြည်အားလုံး၌ စိမ့်ဝင်လျက်ရှိပါသည်။ ကမ္ဘာကြီးအား အချိန်အခါအလိုက် ကြောက်လန့်စိုးရိမ်မှုများကိုဖြစ်စေသော အဓိကရုဏ်းပြုမှုများသည် ကိလေသာစိတ်များနှင့် တရားလက်လွှတ်လုပ်ဆောင် စိတ်များကို အောင့်အည်းနေရခြင်း၏လက္ခဏာများဖြစ်၍ ထိုအရာများတစ်ကြိမ် တစ်ခါထိန်းချုပ်မှုလွတ်သွားပါလျှင် ကမ္ဘာကြီးသည် အမင်္ဂလာများ၊ ပျက်သုဉ်း မှုများနှင့် ပြည့်ကျန်နေပေလိမ့်မည်။ ရေမလွှမ်းမိုးမီက တည်ရှိခဲ့သောကမ္ဘာ ကြီးအကြောင်းဖွင့်ဆိုထားသည့်ရုပ်ပုံလွှာသည် မျက်မှောက်လူသားများဆီသို့ အလျင်အမြန်ချဉ်းကပ်လာနေသောအခြေအနေနှင့် တစ်ထပ်တည်းရုပ်လုံးပေါ် လျက်ရှိပါသည်။ ယခုရာစုနှစ်အတွင်း လက်ရှိအခြေအနေပင်လျှင် ခရစ်ယာန် နယ်မြေဟူ၍ ဝန်ခံကြေညာနေသူတို့ဒေသများ၌ နေ့တိုင်းလိုလိုဒုစရိုက်ထူပြော လာနေသည်မှာ ကမ္ဘာဟောင်းကာလ အပြစ်သားများအား ရေလွှမ်းမိုးဖျက်ဆီး လိုက်သည့်ချိန်ခါကဲ့သို့ ကြောက်လန့်ဖွယ်အမှောင်ဖုံးအုပ်နေလေသည်။ ရေလွှမ်း မိုးခြင်းမဖြစ်မီ လူတွေနောင်တရကြပြီး ပျက်စီးခြင်းဘေးအန္တရာယ်မှ လွတ်ကင်း လာကြစေရေးအတွက် ကမ္ဘာသို့သတိပေးရန် ထာဝရဘုရားသခင်သည် နောဧကို စေလွှတ်ခဲ့သည်။ ခရစ်တော်ဒုတိယအကြိမ်ကြွလာခါနီးတွင် ဘုရားသခင်သည် လူသားများအား ထိုအဖြစ်အပျက်ကြီးအတွက် ပြင်ဆင်နေထိုင်ကြရန် မိမိ၏ အစေခံများအား ကမ္ဘာသို့သတိပေးခြင်းစေလွှတ်တော်မူပါ၏။ လူအများစုကြီး သည် ဘုရားသခင်၏ပညတ်တော်ကို လွန်ကျူးလျက်ရှိကြပါသည်။ ကိုယ်တော် သည် သူတို့အား ပညတ်တော်အတိုင်းကျင့်ကြရန် ကရုဏာတော်အားဖြင့် ဆင့်ခေါ်တော်မူနေပါသည်။ ဘုရားသခင်ထံသို့နောင်တရခြင်းနှင့် ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် မိမိတို့၏အပြစ်များကို စွန့်ပစ်ကြသူအပေါင်းတို့အား အပြစ်လွှတ်ခြင်းအခွင့်ကို ထာဝရဘုရားသခင်ပေးသနားတော်မူနေပါသည်။ (ChS 53.3)ChSBur 83.1

    ကမ္ဘာ့ရေးရာအခြေအနေများသည် ကျွန်ုပ်တို့ခေတ်မှာ ဘေးဒုက္ခကပ် ကာလရောက်နေပြီဖြစ်ကြောင်း ပြောနေပါသည်။ နေ့စဉ်ထုတ်သတင်းစာတွေ မှာလည်း မကြာမီအနာဂတ်ကာလတွင် ကြောက်မက်ဖွယ်တိုက်ပွဲများဖြစ်ပေါ် မည့်အကြောင်းကို အပြည့်ဖေါ်ပြနေကြသည်။ ရဲတင်းသောဓားပြတိုက်မှုများ သည် မကြာမကြာဖြစ်ပွားနေ၏။ ရုန်းရင်းဆန်ခတ်မှုများသည်လည်း ပုံမှန်ဖြစ် နေတတ်ပြီ။ ခိုးမှု၊ လူသတ်မှုများသည် နေရာတကာ၌ လွန်ကျူးခြင်းရှိလာ သည်။ မကောင်းဆိုးဝါးပူးကပ်နေသောသူများသည် ယောက်ျား၊ မိန်းမ၊ ကလေးငယ်များ၏အသက်ကို သတ်ပစ်နေကြသည်။ လူတို့သည် ဒုစရိုက် လောကထဲမှာ ယစ်မူးနေကြပြီ။ မကောင်းမှုများနေရာတိုင်းမှာ ကြီးစိုးမင်းမူ နေကြ၏။ (ChS 54.1)ChSBur 84.1