Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    စိတ်ရှည်ခြင်း

    ယေရှုနှင့်အတူလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်လာစေရန် သင်သည် ဝန်ဆောင်လုပ်ပေးသူတို့နှင့်ဆက်ဆံရာ၌ စိတ်ရှည်မှုအပြည့်ရှိနေရမည်။ လုပ်ဆောင်ချက်အလွယ်ကလေးတစ်ခုကိုပင်လျှင် အရေးမစိုက်မှုမရှိစေဘဲ ထိုမှကောင်းချီးရလဒ်များကို ကြည့်မျှော်နေတတ်ရမည်။ သင်ဝင်ရောက်လုပ် ဆောင်ပေးခဲ့သူသည် သင့်စိတ်အလိုကျတိတိပပဖြစ်မလာသောအခါ သင့်စိတ် နှလုံးထဲ၌ မကြာခဏရွတ်ဆိုနေမည်။ “သွားပလေ့စေ၊ သူတို့ဟာ ကယ်တင် ရန်မထိုက်တန်ပါကလား” ဟူ၍ ဆိုလိမ့်မည်။ တကယ်လို့ ခရစ်တော်သည် ထိုနည်းတူ သင်၏အမူအရာမျိုးဖြင့် အပယ်ခံဆင်းရဲသားများကို ဆက်ဆံခဲ့ သော် ဘယ်လိုလုပ်မလဲ။ ကိုယ်တော်သည် အလွန်ဆိုးသောအပြစ်သားများ အတွက် အသေခံပေးခဲ့သည်မဟုတ်လော။ သင်သည် သင်လိုက်ပါနေသည့် ကိုယ်တော်၏နမူနာအတိုင်း တူညီသောစိတ်၊ တူညီသောအမူအရာဖြင့် အမှ တော်ကိုလုပ်ဆောင်ပေး၍ အကျိုးထွက်ရလဒ်ကိုလည်း ဘုရားသခင်ထံ၌သာ အပ်နှံပါလျှင် ဤသင့်ဘဝ၌ ပြီးစီးအောင်ပြုခဲ့သည့်ကောင်းမှုကုသိုလ်များသည် အတိုင်းအဆမရှိလေပြီ။ (ChS 230.4) . ။SCChSBur 381.3

    သင်အဆက်အသွယ်ရထားသူများအားလုံးအတွက် ကိုယ်ကျိုးမပါ သောချစ်ခြင်းမေတ္တာဖြင့် စိတ်ရှည်ရှည်ထား၍ လုပ်ပေးပါ။ စိတ်မရှည်သည်း မခံနိုင်သည်ကို မပြပါနှင့်။ မကြင်နာသောစကားတစ်လုံးမျှမထွက်ပါစေနှင့်။ ခရစ်တော်ကို ချစ်သောစိတ်သင့်နှလုံး၌ အမြစ်တွယ်နေပါစေ။ အကြင်နာတရား ဥပဒေစကားများသာ သင့်နှုတ်ခမ်း၌ သီးနေပါစေ။ (ChS 230.5)ChSBur 382.1

    Larger font
    Smaller font
    Copy
    Print
    Contents