Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်ယာန်အမှု ထမ်းရွက်ခြင်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သရုပ်ပြချက်များ၏ထိရောက်မှု

    သခင်ဘုရား၏ကရုဏာသတင်းစကားများသည် မိမိပရိသတ်နှင့် ကိုက်ညီအောင် အမျိုးမျိုးပြောင်းလဲပေးခဲ့သည်။ “နွမ်းနယ်ပန်းလျနေသူကို အချိန်မီစကားတစ်လုံးမည်သို့ပြောပေးရမည်” ကို ကိုယ်တော်သိ၏။ အဘယ် ကြောင့်ဆိုသော် ကျေးဇူးတော်သည် ကိုယ်တော့်နှုတ်မှပွင့်အံထွက်ကျလာ၍ ဖြစ်၏။ သို့မှသာ သမ္မာတရားဘဏ္ဍာသိုက်ကို လူတို့အား အဆွဲဆောင်နိုင် ဆုံးနည်းလမ်းဖြင့် ပို့ပေးနိုင်မည်ဖြစ်သည်။ ကိုယ်တော်သည် လူတို့၏မလို မုန်းထားစိတ်အစွဲအလမ်းကို ပရိယာယ်ဖြင့် တို့ထိပြနိုင်၍ သူတို့ကိုဆွဲဆောင် အောင်နိုင်ရန် သရုပ်ဖေါ်ခြင်းများနှင့်အတူ တအံ့တသြရှိစေခဲ့သည်။ လူ့နှလုံး သားကို စိတ်ကူးနိုင်စွမ်းအားဖြင့် .. ကိုယ်တော်ထိုးဖေါက်ထိတွေ့ ခဲ့သည်။ ကိုယ်တော်၏ သရုပ်ဖေါ်ပြောပြချက်များသည် လူတို့ဘဝနေ့စဉ်အကြောင်း အရာများမှဖြစ်ပြီး ရိုးရိုးလေးဖြစ်သော်လည်း သူတို့အား အံ့သြဖွယ်အဓိပ္ပာယ် နက်ရှိုင်းစွာဖွင့်ပြပေးခဲ့သည်။ လေထဲက ငှက်၊ ကွင်းပြင်ထဲက နှင်းပန်း၊ မျိုးစေ့၊ သိုးထိန်းနှင့်သိုးစသည်ဖြင့်၊---- ဤအကြောင်းအရာများကို အသုံး ပြု၍ မဖောက်ပြန်မပျက်စီးနိုင်သည့်သမ္မာတရားကို သာဓကဆောင်၍ သွန်သင် ပေးတော်မူခဲ့ပါသည်။ ထို့ထက်နောက်ပိုင်းတွင် ကိုယ်တော်၏ပရိသတ်များ သည် ယင်းအကြောင်းများကို သဘာဝလောကအထဲ မြင်ကြရလေတိုင်း တရားစကားများကို သူတို့အမှတ်ရနေခဲ့ကြတော့သည်။ ခရစ်တော်၏ပုံဆောင် သာဓကပြချက်များသည် သွန်သင်တော်မူသောသင်ခန်းစာများကို အစဉ်အမြဲ ထပ်တလဲလဲအမှတ်ရနေစေသည်။ (ChS 125.2)ChSBur 207.1

    တမန်တော်တို့သည် ရုပ်တုကိုးကွယ်နေကြသူများအား ဖန်ဆင်းရှင် ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့၏ကယ်တင်သခင်၊ တစ်ပါးတည်းသော သားတော်ဆိုင်ရာအကြောင်းများကို ပညာဗဟုသုတပေးခဲ့သည်။ ကိုယ်တော် သည် ပထမဦးစွာ ဖန်ဆင်းတော်မူသောအရာများကို လူတို့အာရုံစိုက်စေဖို့ ညွှန်ပြခဲ့သည်။ နေ၊ လနှင့်ကြယ်များ၊ လှပစွာအစဉ်အမြဲအဖန်တလဲလဲကျ ရောက်လာသည့်ဥတုရာသီများ၊ ဧရာမဆီးနှင်းဖုံးတောင်ကုန်းကြီးများ၊ အလွန် မြင့်သောသစ်ပင်ကြီးများနှင့် အခြားသဘာဝအံ့ဖွယ်အမျိုးမျိုးစသည်တို့ဖြင့် လူတို့သဘောပေါက်နားလည်နိုင်စွမ်းအဆင့်ထက် လွန်သောကျွမ်းကျင်မှုကို ကိုယ်တော်ပြထား၏။ ထိုသို့တန်ခိုးကြီးသောအရှင်၏ဖန်ဆင်းသောအရာများ ကိုပြသ၍ တမန်တော်များသည် ဘုရားတရားမရှိသူများ၏စိတ်နှလုံးကို စကြ ဝဠာအုပ်စိုးသူမင်းကြီးဆီသို့ အလေးအနက်ဆင်ခြင်စဉ်းစားမိစေရန် ဦးဆောင် ပို့ပေးခဲ့သည်။ (ChS 125.3)ChSBur 207.2