Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကြိုတင်မြင်တွေ့နေသည့်အောင်ပွဲ

    သူသည် စစ်မှန်သောယုံကြည်ခြင်း၏ အောင်ပွဲကို အချုပ်ခန်း ထဲမှာပင် လှမ်း၍မြင်ခဲ့ပါသည်။ ရဟန်းမင်းနှင့် သူ၏ဂိုဏ်းချုပ်များ သည် ပရပ်က်မြို့ရှိ ဘုရားကျောင်းနံရံပေါ်တွင်ရေးဆွဲထားသော ခရစ် တော်၏ရုပ်ပုံများကို ဖျက်ပစ် နေသည်ကိုလည်း သူအိပ်မက်ရခဲ့ ပါသည်။ GCBur 94.3

    ထိုမြင်ကွင်းကြောင့် သူစိတ်ထိခိုက်ခဲ့ ရသော်လည်း ပန်းချီဆ ရာများသည်နောက်တစ်နေ့တွင် ထိုနေရာသို့ရောက် လာကာ ပို၍များ ပြီး ပို၍ကောင်းသော ခရစ်တော် ပုံများရေးဆွဲနေသည်ကို…………….. လည်းကောင်း၊ ထိုပန်းချီဆရာများကို ဝန်းရံထားသည့် လူအုပ်ကြီးက ရဟန်းမင်းတို့၊ ဂိုဏ်းချုပ်တို့အခုလာပါစေ။ GCBur 94.4

    သူတို့ဒီထက်ပိုပြီး မဖျက် နိုင်ကြတော့ပါဘူး” ဟု ဟစ်ကြွေးနေ သည့်မြင်ကွင်းကိုလည်း သူတွေ့ခဲ့ရသည်။ “ခရစ်တော်၏ ရုပ်လုံးကို မည်သည့်အခါမှဖျက်ပစ်နိုင်လိမ့်မည်မဟုတ်ချေ။ သူတို့ဖျက်ပစ်လိုကြ သော်လည်း ကျွန်တော်ထက် အများကြီးတော်တဲ့ တရားဟောဆရာတွေ က စိတ်နှလုံးများပေါ်မှား လတ်လတ်ဆတ်ဆတ် ရေးဆွဲထားကြပြီ” ဟု ဟပ်စ်က ဖွင့်ဟခဲ့ပါသည်။GCBur 95.1

    နောက်ဆုံးအကြိမ်အဖြစ် ဟပ်စ်အား အလွန်ကြီးကျယ်ခမ်းနား သော လူထုကြီးရှေ့မျောက်သို့ ခေါ်သွင်းလာခဲ့ပါသည်။ ထိုလူအုပ်ကြီး ထဲတွင် ဧကရာဇ်မှအစ မင်းညီမင်းသားများ၊ ဘုရင့်လက်ထောက်များ၊ ဂိုဏ်းချုပ်များ၊ ဂိုဏ်းအုပ်များ၊ ဗရင်ဂျီဘုန်းတော်ကြီးများနှင့် များပြား လှသော လူထုပရိသတ်များတို့ ပါဝင်ပါသည်။GCBur 95.2

    နောက်ဆုံးသောဆုံးဖြတ်ချက်များကိုပေးရန် တောင်းဆိုသော အခါ ဟပ်စ်သည် မိမိ၏ယုံကြည်ချက်အတိုင်း ဆက်လက်ရပ်တည် မည်ဟု ကြေညာခဲ့ပါသည်။ ရှက်စရာကောင်းလောက်အောင် ကတိ ပျက်ခဲ့သော ဧကရာဇ်ဘုရင်ကြီး၏ မျက်နှာကို စူးစိုက်စွာကြည့်လျက် “ကျွန်ုပ်ဟာ လူထုကြီး၏ကာကွယ်မှုနှင့် ဒီမှာရောက်ရှိနေတဲ့ ဧကရာဇ် ဘုရင်ကြီးကို ယုံကြည်စိတ်ဖြင့် မိမိသဘောအလျောက် ဒီကောင်စီ ရဲ့ရှေ့မှာလာဖို့ ဆုံးဖြတ်ခဲ့ ပါတယ်” ဟုသူပြောလိုက်ပါသည်။ ထိုစဉ်တွင် လူအားလုံးကစိုက်ကြည့် နေသဖြင့် ဧကရာဇ်ဘုရင် ဆီဂျစ်စမန်၏ မျက်နှာသည် နီရဲလာပါတော့သည်။GCBur 95.3

    ပြစ်ဒဏ်စီရင်ပြီးဖြစ်သဖြင့် သိက္ခာတော်ချသည့် အခမ်းအနား ကို စတင်ခဲ့ပါသည်။ ယခုတစ်ဖန် မိမိပြောစကားများကို ပြန်လည်... ရုတ်သိမ်းရန်အားပေးခဲ့သော်လည်း ဟပ်စ်သည် လူထုကြီးဘက်သို့ ကြည့်ကာ “ကောင်းကင်ကို ဘယ်မျက်နှာနဲ့ ကျွန်တော်ကြည့်ရမှာလဲ။ ဧဝံဂေလိတရား စစ်ကို ကျွန်ုပ်ဟောကြားခဲ့တဲ့လူထုကြီးကို ကျွန်ုပ် ဘယ်လိုမျက်နှာထားရမလဲ။ ပြန်လည်မရုတ်သိမ်းဘူး။ သနားစရာ ကောင်းတဲ့ ဒီခန္ဓာကိုယ်ထက် လူထုကြီးရဲ့ ကယ်တင်ခြင်းကို ကျွန်ုပ် တန်ဖိုးထားတယ်” ဟုဟစ်ကြွေးခဲ့ပါသည်။ ဂိုဏ်းအုပ်များသည် ဟပ်စ် ဝတ်ထားသော သာသနာ့ဝတ်ရုံများကို တစ်ခုချင်း ချွတ်ချနေစဉ်မှာပင် ကျိန်ဆဲသည့်စကားများကို ရွတ်ဆိုနေကြသည်။ နောက်ဆုံးတွင် နတ်ဆိုးပုံပါပြီး ဘာသာရေးဖေါက်ပြန်ရေးသမားကြီးဟု စာတန်းပါ သည့် စက္ကူဖြင့် ပြုလုပ်ထားသော ပိရမစ်ဦးရစ်သရဖူးကို ဟပ်စ်အား ဆောင်းပေးလိုက်ပါသည်။ “ငါအတွက် ဆူးရစ်သရဖူးကိုဆောင်း တော်မူခဲ့တဲ့ ယေရှုအတွက် ဒီရှက်စရာသရဖူးကို ဆောင်းရတာငါပျော် တယ်” ဟု ဟပ်စ်ဟစ်ကြွေးခဲ့ပါသည်။GCBur 95.4