Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မီးလောင်တိုက်သွင်းခံရသောဟပ်စ်

    ယခုတွင် သူ့အားမီးရှို့သတ်မည့်နေရာသို့ သယ်ဆောင်သွား ကြရာ များပြားလှသောလူများသည် တန်းစီ၍လိုက်လာကြပါသည်။ မီးရှို့ရန်အဆင်သင့် ဖြစ်နေစဉ်မှာပင် သူ့အားမှားယွင်းသောလုပ်ရပ် များကို ပြန်လည်ရုပ်သိမ်းရန် တောင်းပန်ကြသောအခါ “ဘယ်အမှား ကိုငါက တောင်းပန်ရမှာလဲ။ ဘယ်အမှားကိုမှ ငါမကျူးလွန်ခဲ့ဘူး။ ငါရေးခဲ့သမျှ၊ ဟောခဲ့သမျှတွေဟာ ဝိညာဉ်များကို အပြစ်နဲ့ငရဲမှ ကယ်ဖို့ဖြစ်တဲ့အကြောင်း ဘုရားသခင်ကို ငါသက်သေထားပြောချင် တယ်။ ဒါကြောင့် ငါရေးခဲ့တာတွေနဲ့ ဟောခဲ့တာတွေဟာ အမှန်တရား ဖြစ်တယ် ဆိုတာကို ငါ့အသွေးနဲ့ငါ အတည်ပြုရတာကို ငါပျော်တယ်” ဟု သူတုံ့ပြန်ခဲ့သည်။GCBur 96.1

    သူ့နံဘေးမှာရှိသည့် မီးတိုင်များကို ထွန်းညှိသောအချိန်တွင် “ဒါဝိဒ်၏သားယေရှုသခင် ကျွန်ုပ်အားသနားပါ” ဟု အသက်မရှူနိုင် တော့သည့် အချိန်အထိ သူကျူးအေးခဲ့လေသည်။ မာတုရသေခြင်းဖြင့် ရင်ဆိုင်ခဲ့ရသောဟပ်စ်နှင့် ဂျရုမ်းတို့အကြောင်းနှင့် ပတ်သက်၍ ရဟန်း မင်းအဖွဲ့မှ ဖွင့်ဆိုသည်မှာ “သူတို့ဟာ မီးအရှို့ခံဖို့လာတာကို မင်္ဂလာ ဆောင်ပွဲလာတာ ကျနေတာပဲ တစ်ချက်မှလည်း မညည်းကြဘူး။ မီး တောက်လာတာနဲ့ ဓမ္မသီချင်းကိုဆိုတော့တာပဲ။ သူတို့ရဲ့ သီချင်းသံကို တိတ်သွားစေတဲ့မီးအရှိန်ကတော့ အတော့ကိုပြင်းတယ်” ဟူ၍ဖြစ်၏။GCBur 97.1

    ဟပ်စ်၏ခန္ဓာကိုယ်သည် မီးလောင်ကျွမ်းသွားသဖြင့် ရရှိသည့် ပြာများကိုစုသိမ်းကာ ရိုင်းမြစ်ထဲသို့ပစ်ချလိုက်ပါသည်။ ဤနည်း အားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့သွားသည့် မျိုးစေ့များသဖွယ် ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိသွားခဲ့ပါသည်။ အမှန်တရားကိုမသိရှိ သေးသည့် နိုင်ငံများတွင် ထိုပြာများသည် သမ္မာတရားသက်သေများ၌ များစွာသောအသီးကို သီးစေခဲ့ပါသည်။ GCBur 97.2

    ကွန်စတန်အစည်းအဝေး ခန်းမထဲမှ ထွက်ပေါ်လာသည့် အ သံများသည် နောင်ခေတ်အဆက်ဆက် ကြားရမည့်ပဲ့တင်သံများကို နှိုး ထစေပါသည်။ နှိပ်စက်ခြင်းနှင့်သေခြင်းတို့ကို ခိုင်မာစွာရင်ဆိုင်ရန် သူပြခဲ့သော နမူနာပုံသက်သေက လူအများအား အားရစေပါသည်။ သူ့အား အဆုံးစီရင်ခြင်းကြောင့် ရောမ၏ သစ္စာမဲ့သောရက်စက်မှုကို တစ်ကမ္ဘာလုံးက မြင်တွေ့ခဲ့ရပါသည်။ သမ္မာတရား၏ ထိုရန်သူများသည် ၎င်းတို့ဖျက်ဆီးပစ်လိုသော အမှု တော်ကို ပို၍ဖြစ်ထွန်းစေလျက်ရှိသည်။GCBur 97.3

    အခြားသက်သေခ့တစ်ဦး၏သွေးသည်လည်း သမ္မာတရား အတွက် သက်သေခံခဲ့ပါသေးသည်။ ဒုက္ခရောက်လျှင် ကူညီမည်ဟု ဖွင့်ဆိုလျက် ဂျရုမ်းသည် ဟပ်စ်အား ရဲရင့်တည်ကြည်ဖို့ အားပေးခဲ့ သည်။ GCBur 98.1

    ဟပ်စ်ထောင်ကျနေသည်ကို ကြားသောအခါ ဤသစ္စာရှိ တပည့်တော်သည် မိမိပေးသောကတိအတိုင်း လုပ်ခဲ့ပါသည်။ အ စောင့်အရှောက်မပါဘဲ ကွန်စတန်သို့ သူခရီးနှင်ခဲ့ပါသည်။ ဆိုက် ရောက်သွားသောအခါ အခြေအနေမှာ ဟပ်စ်ကိုမကူညီနိုင်မည့် အပြင် မိမိကိုယ်တိုင်ပင် ဒုက္ခရောက်တော့မည်ကို သိသဖြင့် ထွက်ပြေး ခဲ့သော်လည်း အဖမ်းခံရကာ လက်ထိပ်နှင့်ခေါ်ဆောင် သွားခြင်းကို ခံခဲ့ရသည်။ ထိုကောင်စီရှေ့သို့ ပထမဦးဆုံးအကြိမ် ခေါ်ယူစစ်ဆေး ခြင်းခံရသော အချိန်၌ “ဟပ်စ်နဲ့အတူ မီးသာရှို့လိုက်ပါ” ဟု အော်ဟစ် ကာ သူတုံ့ပြန်ခဲ့၏။ သူ့ကို ပေါင်မုန့်နှင့်ရေကိုသာကျွေးပြီး အချုပ်ခန်း ထဲတွင် ချုပ်ထားရာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအထိ ဖျားနာလာပါသည်။ သူ့ရန်သူများက သူလွတ်သွားမည်ကို စိုးရိမ်သဖြင့် အချုပ်ထဲတွင် တစ်နှစ်ချုပ်ထားကာ ရက်စက်စွာပြုမူဆက်ဆံခဲ့ပါသည်။GCBur 98.2