Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စိတ်နှလုံးကြေကွဲခဲ့ရသောလူးသာ

    ထိုပုန်ကန်ထကြွမှုများသည် လူးသာ၏ယုံကြည်ချက်များ ကြောင့် ဖြစ်သည်ဟု ရဟန်းမင်းအဖွဲ့ကကြေညာပါသည်။ အမှုတော် မြတ်ကို အနိမ့်ဆုံး အယူသီးမှုတစ်ခုကဲ့သို့ အဆင့်သတ်မှတ်လိုက်ခြင်း ဖြင့် အသရေယုတ်အောင်လုပ်သည့် ထိုစွပ်စွဲချက်ကြောင့် လူးသာစိတ် ထိခိုက်ခဲ့ ရပါသည်။ ထိုပုန်ကန်မှုတွင် ဦးဆောင်နေသူများသည် လူးသာကိုမုန်းကြ၏။ GCBur 195.1

    အကြောင်းမှာ လူးသာက ၎င်းတို့အား ဘုရားသခင်၏ ဝိညာဉ်တော်ရနေသည် ဆိုသည့်အချက်ကို ငြင်းဆိုရုံသာမက နယ်အာ ဏာပိုင်များကိုပင် ပုန်ကန်နေကြ သည်ဟု အပြစ်တင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုကြောင့် ထိုသူတို့က လူးသာအား နိမ့်ကျသောဟန် ဆောင်သူတစ်ဦးအဖြစ် လူသိရှင်ကြားကြေညာ ခဲ့ကြပါသည်။GCBur 195.2

    ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းကြီး ကျဆုံးသွား သည်ကို မြင်တွေ့ရလိမ့်မည်ဟု ရောမအသင်းတော်က မျှော်လင့်ထား ပါသည်။ လူးသာပြင်ဆင်ဖို့ ကြိုးစားခဲ့သော အမှားများကိုပင် လူးသာ လုပ်ဆောင်ခဲ့သော အမှားများဖြစ်သည်ဟု သူတို့အပြစ်တင်ခဲ့ကြပါ သည်။ မတရားအပြောဆို ခံရပါသည်ဟု မှားယွင်းစွာဟစ်ကြွေး နေသောအယူသီးအဖွဲ့မှာမူ ထိုအသင်းတော်၏ကြင်နာမှု…………… ကိုရရှိကာ သူရဲကောင်းများအဖြစ် အသိအမှတ်ပြုခြင်းခံရပါသည်။ ဤသို့ဖြင့် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သူများသည် သူတစ်ပါး၏ ကြင်နာမှုနှင့် ချီးမွမ်းခြင်းများခံကြရသည်။ GCBur 195.3

    ဤအရာသည် ကောင်းကင်နိုင်ငံတော်တွင် အစကနဦး ထင်ရှားပေါ်လွင်ခဲ့သော ပုန်ကန်ထကြွလိုသော စိတ်ဓါတ်မျိုး၏ လုပ် ရပ်ဖြစ်သည်။GCBur 196.1

    စာတန်သည် လူတို့အား အပြစ်ကိုဖြောင့်မတ်သည့်လုပ်ရပ်ဟု ထင်အောင်လုပ်ဆောင်နေသလို ဖြောင့်မတ်သောလုပ်ဆောင်မှုများ ကိုလည်း အပြစ်ဟူ၍မြင်လာအောင် လှည့်ဖြားရန် အမြဲတမ်းကြိုးစား နေပါသည်။ GCBur 196.2

    လူတို့၏ စိတ်နှလုံးခံစားချက်ကို ဘုရားသခင်၏ပညတ်တော် များထက် ဦးစားပေးလိုက်လျှောက်စေကာ သမ္မာကျမ်းစာမှ လမ်းလွဲ သွားစေသည့် သန့်ရှင်းခြင်းအတု၊ အစစ်မဟုတ်သော သန့်ရှင်းခြင်းများ ကို လူးသာ၏ ခေတ်မှာကဲသို့ ယခုတွင်လည်း တွေ့နေရပါသည်။GCBur 196.3

    လူးသာသည် ဧဝံဂေလိတရားတော်ကို တိုက်ခိုက်မှုများမှ ကြောက်ရွံ့ခြင်းကင်းစွာဖြင့် ကွယ်ကာခဲ့သည်။ သူသည် ပါပရဟန်းမင်း ၏ မတရားရယူထားသောအာဏာကို နှုတ်ကပတ်တော်အားဖြင့် ဆန့်ကျင်ခဲ့သည်။ GCBur 196.4

    တစ်ချိန်တည်းမှာပင် ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ် ငန်းကို ပြိုကွဲအောင် ကြိုးစားနေသည့် အယူသီးမှုများကို ကျောက် ဆောင်ပမာ ကြံ့ကြံ့ခံတိုက်လှန် ခဲ့ပါသည်။GCBur 196.5

    ဤဆန့်ကျင်ဘက်အဖွဲ့များသည် သမ္မာကျမ်းစာကို ဘေးဖယ် ထားကာ လူတို့၏ဉာဏ်ပညာကို အမှန်တရား၏ အရင်းအမြစ်အဖြစ် မြှောက်စားခဲ့ကြသည်။ ကျိုးကြောင်းဆင်ခြင်ရေးဝါဒ...................... သည် အကြောင်းယုတ္တိကို ရုပ်တုသဖွယ်ကိုးကွယ်နေကြသည်။ အ ကြောင်းယုတ္တိများကို ယုံကြည်သက်ဝင်သော ဘာသာရေးတစ်ခု အတွက် စည်းမျဉ်းများသဖွယ် လက်ခံကျင့်သုံးကြပါသည်။ တမန် တော်များမှတစ်ဆင့် စဉ်ဆက်မပြတ်သက်ဆင်းလာသည်ဟုဆိုသော ရောမအသင်းတော်၏ အယူဝါဒသည် စည်းမဲ့ကမ်းမဲ့လုပ်ဆောင်ခြင်း နှင့်စာရိတ္တဖောက်ပြန်မှုများ အတွက် အခွင့်အရေးပေးနေပါသည်။ မွန်ဇာပြောနေသည့် ဝိညာဉ်တော် ဆိုသည်မှာ စိတ်ကူးယဉ်ရာမှ ဖြစ် ပေါ်လာသော၊ စိတ်ရူးပေါက်သောစိတ်မှ ပေါ်ထွက်လာသောအရာ ဖြစ်သည်။ GCBur 196.6

    စစ်မှန်သောခရစ်ယာန်ဘာသာ၌ ခပ်သိမ်းသော ဝိညာဉ် တော်မှုတ်သွင်းခြင်းတို့အား မှန်မမှန်စစ်ဆေးနိုင်သည့် ဘုရားသခင်၏ နှုတ်ကပါတ်တော် ရှိနေပါသည်။GCBur 197.1

    လူးသာသည် ဝပ်ဘတ်မြို့သို့ပြန်လည်ရောက်ရှိလာပြီးနောက် ဓမ္မသစ်ကျမ်းကို ပြီးစီးအောင် ဘာသာပြန်ကာ ဂျာမန်လူမျိုးထံသို့ ဧဝံဂေလိ တရားတော်ကို တိုင်းရင်းသားဘာသာစကားဖြင့် လေ့လာနိုင် အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ သမ္မာတရားကို မြတ်နိုးသူအ ပေါင်းတို့သည် ထိုဘာသာပြန်ဓမ္မသစ်ကျမ်းကို ဝမ်းပန်းတသာ ကြို ဆိုခဲ့ကြပါသည်။GCBur 197.2

    သာမန်လူတန်းစားများသည် ယခုတွင် သမ္မာကျမ်းစာကို မိမိတို့နှင့် လာရောက်ဆွေးနွေးကြလိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့ဆွေး နွေးပါလျှင် မိမိတို့ကျမ်းစာမတတ်သည်ကို သိသွားကြတော့မည်ဖြစ် ကြောင်းများကို တွေးမိကာ ဂိုဏ်းအုပ်များသည် စိုးရိမ်လာကြပါသည်။ GCBur 197.3

    သို့နှင့် ရောမ အသင်းတော်သည် ကျမ်းစာဖြန့်ဝေမှုကို တားဆီးကြရန် မိမိလူတို့အား အမိန့်ထုတ်ခဲ့သည်။ သို့ရာတွင် ၎င်းတို့က ကျမ်းစာမဖတ်နိုင်အောင်တားဆီးလေ၊ လူထုကြီးမှာ ကျမ်းစာမှ သွန် သင်ထားချက်များကို ပို၍သိချင်စိတ်ပြင်းထန်လာလေ ဖြစ်ခဲ့ပါသည်။ စာဖတ်တတ်သူအားလုံးသည် ကျမ်းစာကို မိမိသွားလေရာသို့ ယူ ဆောင်သွားကာ ကျမ်းပိုဒ်များကို အလွတ်မရမချင်း မကျေနပ်ကြချေ။ လူးသာမှာမူ ဓမ္မဟောင်းကျမ်းကို ဘာသာပြန်ရန် ချက်ချင်းအစပျိုး လုပ်ဆောင်ခဲ့သည်။GCBur 197.4

    လူးသာ၏စာများကို မြို့ရော၊ တောပါကြိုဆိုလက်ခံခဲ့ကြ သည်။ “လူးသာနဲ့သူ့မိတ်ဆွေတွေကရေးတာကို အခြားမိတ်ဆွေတွေ ကဖြန့်ဝေတယ်။ ရောမအသင်းတော်၏ ရဟန်းကျောင်းများမှ ချမှတ် လုပ်ဆောင်စေသောအရာ များသည် ဥပဒေဘောင်အပြင်ဘက် ရောက်နေကြောင်း သဘောပေါက်လာသော ရဟန်းပျိုများမှာ နှုတ် ကပါတ်တော်ဟောနိုင်လောက်အောင် အသိပညာမရှိ ကြသဖြင့် လူးသာ တို့ရေးသားထုတ်ဝေသောစာအုပ်များကို လိုက်လံရောင်းချ ကြပါသည်။ ဂျာမနီပြည်သည် မကြာမီမှာပင် ရဲရဲတောက်ဓမ္မစာပေ ဖြန့်ချိသူများဖြင့် စည်ကားသွားပါသည်။GCBur 198.1