Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသွေးတွင်ရိတ်သိမ်းရသောရလဒ်များ

    ရောမသည်အလုပ်သမားလူတန်းစားများအား အသင်းတော်၏ ယုံကြည်ချက်များကို ဝန်ခံအောင်လုပ်ရမည့်အစား ဘုရားတရားမဲ့သူများ၊ တော်လှန်ပုန်ကန်သူများ ဖြစ်စေခဲ့ပါသည်။ ထိုသူများသည် ရောမ၏ ယုံကြည်ချက်များကို ဂိုဏ်းအုပ်များ၏ လှည့်ကွက်များအဖြစ် မြင်ကာ အော့နှလုံးနာကြသည်။ ၎င်းတို့သိထားသည့် တစ်ဆူတည်းသော ဘုရားမှာမူ ရောမတို့၏ဘုရားပင်ဖြစ်သည်။ ၎င်းတို့၏လောဘကြီးခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းများကိုလည်း သမ္မာကျမ်းစာ၏ အသီးအပွင့်များအဖြစ် မှတ်ယူကြရာ သမ္မာတရား၏ အသီးအပွင့်အစစ်များကို သူတို့မခံစားကြရချေ။HFB 294.2

    ရောမသည် ဘုရားသခင်၏စာရိတ္တတော်ကို တလွဲဖေါ်ပြခဲ့သဖြင့် ယခုတွင် လူတို့သည် သမ္မာကျမ်းစာကိုသာမက ဘုရားသခင်ကိုပါ ငြင်းပယ် ခဲ့ကြသည်။ ဗော်လ်တာရီနှင့် အပေါင်းပါများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘေးဖယ်ထားကာ ဘုရားတရားမဲ့မှုများကို ပြန့်ပွားစေခဲ့သည်။ ရောမသည် လူထုကြီးအား မိမိ၏သံဖနောင့်အောက်တွင် နင်းထားသော်လည်း ယခုတွင်မူ အလုပ်သမားလူတန်းစားကြီးသည် အနှောင်အဖွဲ့များကိုတွန်းလှန်ကာ သမ္မာတရားနှင့် လိမ်လည်လှည့်ဖြားမှု နှစ်ခု စလုံးကို တစ်ပြိုင်တည်း ငြင်းပယ်ခဲ့ကြသည်။HFB 295.1

    တော်လှန်ရေးအစတွင် ရှင်ဘုရင်၏ အခွင့်ပေးမှုကြောင့် ပြည်သူများသည် မှူးမတ်များနှင့် ဂိုဏ်းချုပ်များပေါင်းထားသည့် ဦးရေထက်ပို၍ အုပ်ချုပ်ရေးဘက်တွင် ကိုယ်စားလှယ်များနေပါသည်။ ထိုကြောင့် အာဏာချိန်ခွင်သည် ၎င်းတို့ဘက်တွင်ရှိနေသော်လည်း ထိုအာဏာကို သတိပညာနှင့် မျှမျှတတအသုံးပြုရန် ၎င်းတို့အဆင်သင့် မရှိကြသေးချေ။ ဒေါပွနေသောလူထုကြီးသည် ၎င်းတို့ကိုယ်တိုင် ကလဲ့စား ချေရန် ဆုံးဖြတ်ခဲ့ကြပါသည်။ အဖိနှိပ်ခံခဲ့ရသောထိုသူများသည် နိုင်လိုမင်းထက် ပြုခြင်းခံရစဉ်က ရခဲ့သောသင်ခန်းစာများကို ပြန်လည် အကောင်အထည်ဖေါ်နေကြရာ ထိုသူများသည် မိမိတို့အား ဖိနှိပ်ခဲ့သူများအပေါ် ဖိနှပ်နေသူများ ဖြစ်လာကြပါသည်။HFB 295.2

    ပြင်သစ်ပြည်သည် ရောမထံတွင် အညံ့ခံ၊ တပည့်ခံခြင်းအတွက် အသွေးသွန်းခြင်း၌ ရိတ်သိမ်းပွဲကိုကျင်းပခဲ့ပါသည်။ ရောမဝါဒ၏အောက်တွင် ဘာသာရေးပြုပြင်ပြောင်းလဲအစ၌ ပထမဦးဆုံး ပြင်သစ်တို့ထောင်ခဲ့သည့် ကပ်တိုင်နေရာတွင် တော်လှန်ရေးသမားများသည် ပထမဆုံးသော ခေါင်းဖြတ် စက်ကို တည်ထောင်ခဲ့ပါသည်။ ပရိုတက်စတင့်ယုံကြည်ချက်ကြောင့် ၁၆ ရာစုတွင် ပထမဦးဆုံးမာတုရများကို မီးရှို့သတ်ခဲ့သောနေရာတွင် ၁၈ ရာစုတွင် ပထမဦးဆုံးသောကပ်သင့်သူများကို ခေါင်းဖြတ်သတ်ခဲ့ကြပါသည်။ ဘုရားပညတ်တော်၏ ထိန်းချုပ်မှုများကို ပယ်ဖျက်လျစ်လျူရှုသောအချိန်တွင် ထိုနိုင်ငံသည် ပုန်ကန်ထကြွမှုများနှင့် မင်းမဲ့စရိုက်များကြောင့် မျက်ရည်ကျနေ ရပါသည်။ သမ္မာကျမ်းစာနှင့် ပြိုင်ဆိုင်တိုက်လှန်သောစစ်ပွဲကို ကမ္ဘာ့ရာဇဝင်တွင် The Reign of Terror (၁၇၉၃ ခုနှစ်၊ မေလ မှ ၁၇၉၄ ခုနှစ်၊ ဇူလိုင်လ အထိ ဖြစ်ပွားခဲ့သောပြင်သစ်တော်လှန်ရေး) ဟု စာတင်ခဲ့သည်။ ယနေ့ အောင်ပွဲဆင်နေသောသူသည် မနက်ဖြန်တွင် အကွပ်မျက်ခံခဲ့ရ၏။HFB 296.1

    ရှင်ဘုရင်နှင့်တကွ နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်များသည် စိတ်ရူးပေါက်နေသော လူထုကြီး၏ရက်စက်မှုကို ခံခဲ့ကြရသည်။ ဘုရင်ကို သေဒဏ်ပေးခဲ့သူများသည် မကြာမီတွင်ပင် ကပ်တိုင်တက်ခဲ့ကြရသည်။ ပြင်သစ်ပြည်သည် ဒေါသတကြီး အုပ်စိုးနေသည့်တိုက်ပွဲဝင်လူထုကြီးအတွက် လယ်ကွင်းကျယ်ကြီးတစ်ခုဖြစ်လာပါသည်။ ပဲရစ်တွင် ရုန်းရင်းခတ်မှုများ တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့သည်။ မြို့နေလူထုမှာလည်း အရောရောအနှောနှော ပါဝင်သည့် ဂိုဏ်းဂဏကလေးများအတွင်းသို့ ကွဲပြားသွားကြပြီး တညီတညွတ်တည်းမျိုးတုံးနိုင်သည့် အခြေအနေသို့ဦးတည်နေသည်။ တိုင်းပြည်၏ ဘဏ္ဍာရေးအခြေအနေသည် ချွတ်ခြုံကျလုနီးပါးဖြစ်နေသည်။ စစ်တပ်များကလည်း လခကျန်များကို အပူတပြင်းတောင်းခံနေကြသလို ပဲရစ်မြို့သားများမှာ အစာရေစာပြတ်လုနီးဖြစ်နေကြပြီ။ ပြည်နယ်များ၌ တောပုန်းဓါးပြများ၏ ဒုက္ခပေးခြင်းကိုခံနေရပြီး လူ့ယဉ်ကျေးမှုများသည် မင်းမဲ့စရိုက်နှင့် အပျော်ကြူးမှုများအောက်တွင် ကွယ်ပျောက်ခမန်းဖြစ်ခဲ့သည်။HFB 296.2

    ပြင်သစ်ပြည်သူများသည် ရောမက စိတ်အားတကြီးသင်ပေး လိုက်သည့် ရက်စက်ကြမ်းကြုတ်ပုံနှင့် နှိပ်စက်ညှဉ်းပန်းပုံများကို လေ့လာသိရှိထားရာ ယခုတွင် ကပ်တိုင်အတင်ခံရသူများမှာ ခရစ်တော်၏ တပည့်တော်များမဟုတ်တော့ချေ။ ဤတပည့်တော်များမှ တချို့သည် သေကြေကုန်ခဲ့ကြပြီး၊ တချို့မှာ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ကြရပြီ။ ‘‘ကပ်တိုင် များသည် ဂိုဏ်းအုပ်များ၏သွေးများဖြင့် နီရဲနေပေပြီ။ တစ်ချိန်က ဟူဂနောက်များဖြင့်ပြည့်ညပ်နေသည့် ကျွန်သင်္ဘောများနှင့် အကျဉ်းထောင်များ သည် ယခုတွင် ၎င်းတို့အား နှိပ်စက်ခဲ့သူများဖြင့် စည်ကားနေသည်။ ခုံတန်းလျားနှင့်တွဲ၍ သံကြိုးချည်ထားခြင်းခံရကာ ပင်ပင်ပန်းပန်း တက်ခတ်နေရသော ထိုဂိုဏ်းချုပ် ဂိုဏ်းအုပ်များသည် နူးညံ့သိမ်မွေ့သော ဘုရားသခင်၏ သားသမီးများအပေါ် ကျူးလွန်ခဲ့သည့်အမင်္ဂလာများကို ယခုတွင် သူတို့ရင်ဆိုင်နေကြရသည်။HFB 297.1

    ‘‘သူလျှိုများက အရပ်လေးမျက်နှာမှ ချောင်းမြောင်းနေသော အချိန်၊ ခေါင်းဖြတ်စက်ကြီး မနက်တိုင်းပြင်ပြင်းထန်ထန် အလုပ်လုပ်ရသောအချိန်၊ ကျွန်သင်္ဘောများမှာကဲ့သို့ အချုပ်ခန်းများတွင်လည်း လူတွေပြည့်နေသည့်အချိန်၊ စိန်းမြစ်နှင့်ဆက်ထားသည့်ရေမြောင်းများတွင် သွေးအမြှုပ်များနှင့် ပြည့်နေသောအချိန်၊ ထိုကဲ့သို့သော အချိန်များရောက်ရှိ လာခဲ့ချေပြီ။ သုံ့ပန်းလူတန်းရှည်ကြီးကို သေနတ်ဖြင့် ပစ်သတ်သုတ်သင်ခဲ့ ကြသည်။ ကုန်တင် သင်္ဘောကြီးများ၏ အောက်ခြေပိုင်းတွင် အပေါက်ကြီးများ ဖန်တီးထားသည်။ အသက်တစ်ဆယ့်ခုနစ်နှစ်အရွယ် အမျိုးသား၊ အမျိုးသမီး ရာပေါင်းများစွာသည် ဆိုးရွားသော ထိုအစိုးရ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ကြ ရသည်။ ဂျရိုဗင်အစီအစဉ်အရ မိခင်ရင်ခွင်မှဆွဲယူလာသည့် ကလေးငယ်များကို မှိန်းများဖြင့်ထိုးဆွကစားကာ သတ်ဖြတ်ကြပါသည်။HFB 297.2

    ဤအရာအားလုံးသည် စာတန်၏အလုပ်ဖြစ်သည်။ စာတန်၏ ဝါဒမှာ လိမ်လည်လှည့်ဖြားဖို့ဖြစ်ပြီး သူ့အကြံမှာ လူတို့အား ဒုက္ခနှင့်ရင်ဆိုင်စေဖို့ ဖြစ်သည်။ ဘုရားသခင်၏ လက်ရာတော်များကို ပျက်ယွင်းသွားစေဖို့ဖြစ်သည်။ မေတ္တာတော်၏ရည်ရွယ်ချက်ကို ပျက်ပြားသွားစေဖို့ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်အား ဝမ်းနည်းကြေကွဲအောင်လုပ်ဆောင်ရန်ဖြစ်သည်။ ထိုနောက်မှ ဖြစ်သမျှ အတိဒုက္ခများကို ဘုရားသခင်၏အစီအစဉ်၏ ရလဒ်အဖြစ် လူများက ဘုရားသခင်ကို အပြစ်တင်လာအောင် ပညာသားပါပါလှည့်ဖြားဖို့ဖြစ်သည်။ လူတို့က ရောမအသင်းတော်၏သွန်သင်ချက်များကို လှည့်ဖြားမှုတစ်ရပ်အဖြစ် မြင်တွေ့လာသောအချိန်တွင် အခြားဘာသာအယူဝါဒများသည်လည်း လိမ်ညာမှုဖြစ်ရုံသာမက ကျမ်းစာသည်လည်း ယုံတမ်းစကားတစ်ခု ဖြစ်သည်ဟု ထင်မှတ်လာအောင် စာတန်သည် ထိုသူတို့အားတိုက်တွန်းခဲ့ပါသည်။HFB 298.1