Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၁) - လေပွေစပါးကိုရိတ်သိမ်းခြင်း

    ဝီလီယံမီလာနှင့် သူ၏လက်ထောက်များသည် အသင်းတော်၏ စစ်မှန်သောမြော်လင့်ချက်နှင့် ပို၍နက်နဲသောခရစ်ယာန် အတွေ့အကြုံရဖို့ လိုအပ်နေသည်ကို ဘာသာရေးဆရာကြီးများ ပြန်လည်သိရှိလာရန် ကြိုးစားခဲ့ ကြပါသည်။ မပြောင်းလဲသေးသောသူများအား နောင်တရကာ ပြောင်းလြလာဖို့လည်း သူတို့လုပ်ဆောင်ခဲ့ကြသည်။ ‘‘အသင်းအဖွဲ့တစ်ခုထဲသို့ လူများဝင်လာအောင် သူတို့မကြိုးစားခဲ့ကြပါ။ အဖွဲ့အစည်းအသင်းအဖွဲ့ အားလုံးကြားမှာပင် သူတို့လုပ်ဆောင်ခဲ့ကြသည်။’’ ‘‘အားလုံးအကျိုးရှိဖို့လို့ ကျွန်တော်စဉ်းစားခဲ့တယ်။ ခရစ်ယာန်အားလုံးသည် ခရစ်တော်ကြွလာခြင်း ဆိုင်ရာအမြင်အပေါ်မှာ လက်ခ့ကြိုဆိုကြသည်ဖြစ်စေ၊ ကျွန်တော့်အမြင်နှင့် မတူဘဲ ဤကြွလာခြင်းဆိုင်ရာယုံကြည်ချက်ကို ကိုင်စွဲထားသူများအား အချစ်လျော့လာသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ အသင်းခွဲပြီး ဘုရားရှိခိုးဖို့ လိုအပ်မည်ဟု ကျွန်တော်မထင်မိပါဘူး။ ကျွန်တော်၏ လုပ်ဆောင်မှုများကြောင့် ပြောင်းလဲခဲ့ပြီးသူများမှ အများစုသည် တည်ရှိနေဆဲအသင်းတော်အသီးသီးနှင့် ပူးပေါင်းခဲ့ကြပါသည်’’ ဟု မီလာပြောခဲ့သည်။HFB 401.1

    သို့စေကာမူ ဘာသာရေးခေါင်းဆောင်များသည် မြော်လင့်ခြင်း သတင်းစကားကိုဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့ကြသည့်အလျောက် ၎င်းတို့၏ အသင်းသားများကို ထိုသတင်းစကားအကြောင်း ဟောမည့်တရားပွဲများသို့ တက်ရောက်ခွင့်မပြုရုံသာမက ၎င်းတို့၏ဘုရားရှိခိုးကျောင်း များတွင် ထိုမြော်လင့်ခြင်းအကြောင်းကို ပြောခွင့်ပင်မပေးခဲ့ကြချေ။ ထိုယုံကြည်သူများသည် မိမိတို့၏အသင်းတော်များကိုချစ်ကြသည်။ သို့သော် ငြင်းပယ်ခြင်းခံရသော ထိုအနာဂတ္တိစကားကို ပြန်လည်ဆန်းစစ်ရန် မိမိတို့၌ အခွင့်ရှိကြောင်းသိမြင်ကာ ပြန်လည်ဆန်းစစ်ခဲ့ကြသည်။ ထိုနောက် ဘုရားသခင်ကို သစ္စာစောင့်သိရန်ဆုံးဖြတ်ကာ အသင်းခွဲခဲ့ကြရပါသည်။ ၁၈၄၄ ခုနှစ်နွေရာသီတွင် ယုံကြည်သူငါးသောင်းလောက်သည် ၎င်းတို့၏ အသင်းတော်အသီးသီးမှ လမ်းခွဲခဲ့ကြပါသည်။HFB 401.2

    အသင်းတော်များစွာတို့တွင် လောကနှင့်တူလာမှုများ နှစ်နှင့်ချီ၌ ဖြည်းဖြည်းချင်းတိုးပွားလာရာ ဝိညာဉ်ရေးပိုင်းတွင် ကျဆင်းလျက်ရှိပါသည်။ ထိုတိုင်းပြည်ရှိ အသင်းတော်အားလုံးနီးပါး၌ ထင်ရှားသောယုတ်လျော့ကျဆင်း မှုတစ်ခုအတွက် အထောက်အထားများကို ထိုနှစ်တွင်တွေ့ရပါသည်။ ဤအချက်ကို ပုံနှိပ်တိုက်များနှင့် တရားဟောစင်မြင့်နှစ်ခုစလုံးမှ ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံပြောဆိုခဲ့ပါသည်။HFB 402.1

    ဖီလီဒေးဖီးယားမှ ဋီကာဆရာ၊ တရားဟောဆရာတစ်ဦးဖြစ်သူ ဆန်းစ်က ‘‘အခုအချိန်မှာ ဘာသာရေးနိုးကြားမှုလုံးဝမရှိဘူး။ ဝိညာဉ်ရေး ပြောင်းလဲမှုလည်းလုံးဝမရှိဘူး။ ယုံကြည်သူများဟာ ကျေးဇူးတော်၌ ကြီးထွားမှုမရှိဘူး။ ဝိညာဉ်ကယ်တင်ခြင်းအကြောင်းကို ပြောဆိုဆွေးနွေးဖို့ သူ့ထံသို့မည်သူမှလာပြီးမလေ့လာကြဘူး။ လောကီဘက်ကိုစိတ်ညွှတ်မှုသည် တိုးပွားနေသည်။ အသင်းတော်တိုင်းလိုလိုမှာ ဤကဲ့သို့ဖြစ်နေသည်’’ ဟု ရေးသားတင်ပြခဲ့သည်။HFB 402.2

    ထိုနှစ်ဖေဖေါ်ဝါရီလတွင် အိုဘာလင်းကောလိပ်မှ ပါမောက္ခဖင်လေက ‘‘များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာရှိနေသည့် အသင်းတော်များသည် စာရိတ္တပြုပြင်ပြောင်းလဲရေးကိစ္စအားလုံးနီးပါးကို လျစ်လျူရှုလျှင် လျစ်လျူရှုသည်၊ လျစ်လျူမရှုပါလျှင်လည်း ဖီလာဆန့်ကျင် နေကြသည်။ ဝိညာဉ်ရေးဆိုင်ရာကိစ္စများအပေါ် ဥပေက္ခာပြုခြင်းသည် ကြောက်စရာကောင်းလောက်အောင် ဆိုးရွားနေကြောင်း တစ်နိုင်ငံလုံးရှိ ဘာသာရေးဆိုင်ရာ သတင်းစာများက သက်သေခံထားကြသည်။ အသင်းသားများသည်လည်း ဖက်ရှင်နောက်သို့လိုက်နေကြကာ ပါတီပွဲများ၊ ကပွဲများ၊ ပျော်ပွဲရွှင်ပွဲများတွင် မယုံကြည်သူများနှင့် လက်တွဲနေကြသည်။ အသင်းတော်များကို ခြုံကြည့်လိုက်လျှင် ကိုယ်တော်ရှင်သည် ၎င်းတို့ထံမှ ဆုတ်ခွာတော်မူပြီဖြစ်သည်’’ ဟု ပြောဆိုခဲ့ပါသည်။HFB 402.3