Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စိတ်နှလုံးကြေကွဲခဲ့ရသောလူးသာ

    ထိုပုန်ကန်ထကြွမှုများသည် လူးသာ၏ယုံကြည်ချက်များကြောင့် ဖြစ်သည်ဟု ရဟန်းမင်းအဖွဲ့ကကြေညာပါသည်။ အမှုတော်မြတ်ကို အနိမ့်ကျဆုံး အယူသီးမှုတစ်ခုကဲ့သို့ အဆင့်သတ်မှတ်လိုက်ခြင်းဖြင့် အသရေယုတ်အောင်လုပ်သည့် ထိုစွပ်စွဲချက်ကြောင့် လူးသာစိတ်ထိခိုက်ခဲ့ ရပါသည်။ ထိုပုန်ကန်မှုတွင် ဦးဆောင်နေသူများသည် လူးသာကိုမုန်းကြ၏။ အကြောင်းမှာ လူးသာက ၎င်းတို့အား ဘုရားသခင်၏ဝိညာဉ်တော်ရနေသည် ဆိုသည့်အချက်ကို ငြင်းဆိုရုံသာမက နယ်အာဏာပိုင်များကိုပင် ပုန်ကန်နေကြ သည်ဟု အပြစ်တင်ခဲ့သောကြောင့်ဖြစ်သည်။ ထိုကြောင့် ထိုသူတို့က လူးသာအား နိမ့်ကျသောဟန်ဆောင်သူတစ်ဦးအဖြစ် လူသိရှင်ကြားကြေညာ ခဲ့ကြပါသည်။HFB 195.1

    ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းကြီး ကျဆုံးသွားသည်ကို မြင်တွေ့ရလိမ့်မည်ဟု ရောမအသင်းတော်က မျှော်လင့်ထားပါသည်။ လူးသာပြင်ဆင်ဖို့ ကြိုးစားခဲ့သော အမှားများကိုပင် လူးသာလုပ်ဆောင်ခဲ့သော အမှားများဖြစ်သည်ဟု သူတို့အပြစ်တင်ခဲ့ကြပါသည်။ မတရားအပြောဆို ခံရပါသည်ဟု မှားယွင်းစွာဟစ်ကြွေးနေသော အယူသီးအဖွဲ့မှာမူ ထိုအသင်းတော်၏ကြင်နာမှု ကိုရရှိကာ သူရဲကောင်းများအဖြစ် အသိအမှတ်ပြုခြင်းခံရပါသည်။ ဤသို့ဖြင့် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သူများသည် သူတစ်ပါး၏ ကြင်နာမှုနှင့် ချီးမွမ်းခြင်းများခံကြရသည်။ ဤအရာသည် ကောင်းကင်နိုင်ငံတော်တွင် အစကနဦးထင်ရှားပေါ်လွင်ခဲ့သော ပုန်ကန်ထကြွလိုသော စိတ်ဓါတ်မျိုး၏ လုပ်ရပ်ဖြစ်သည်။HFB 195.2

    စာတန်သည် လူတို့အား အပြစ်ကိုဖြောင့်မတ်သည့်လုပ်ရပ်ဟု ထင်အောင်လုပ်ဆောင်နေသလို ဖြောင့်မတ်သောလုပ်ဆောင်မှုများကိုလည်း အပြစ်ဟူ၍မြင်လာအောင် လှည့်ဖြားရန် အမြဲတမ်းကြိုးစားနေပါသည်။ လူတို့၏ စိတ်နှလုံးခံစားချက်ကို ဘုရားသခင်၏ပညတ်တော်များထက် ဦးစားပေးလိုက်လျှောက်စေကာ သမ္မာကျမ်းစာမှ လမ်းလွှဲသွားစေသည့် သန့်ရှင်းခြင်းအတု၊ အစစ်မဟုတ်သော သန့်ရှင်းခြင်းများကို လူးသာ၏ ခေတ်မှာကဲသို့ ယခုတွင်လည်း တွေ့နေရပါသည်။HFB 196.1

    လူးသာသည် ဧဝံဂေလိတရားတော်ကို တိုက်ခိုက်မှုများမှ ကြောက်ရွံ့ခြင်းကင်းစွာဖြင့် ကွယ်ကာခဲ့သည်။ သူသည် ပါပရဟန်းမင်း၏ မတရားရယူထားသောအာဏာကို နှုတ်ကပတ်တော်အားဖြင့် ဆန့်ကျင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ပြိုကွဲအောင် ကြိုးစားနေသည့် အယူသီးမှုများကို ကျောက်ဆောင်ပမာ ကြံ့ကြံ့ခံတိုက်လှန် ခဲ့ပါသည်။HFB 196.2

    ဤဆန့်ကျင်ဘက်အဖွဲ့များသည် သမ္မာကျမ်းစာကို ဘေးဖယ်ထားကာ လူတို့၏ဉာဏ်ပညာကို အမှန်တရား၏ အရင်းအမြစ်အဖြစ် မြှောက်စားခဲ့ကြသည်။ ကျိုးကြောင်းဆင်ခြင်ရေးဝါဒ သည် အကြောင်းယုတ္တိကို ရုပ်တုသဖွယ်ကိုးကွယ်နေကြသည်။ အကြောင်းယုတ္တိများကို ယုံကြည်သက်ဝင်သော ဘာသာရေးတစ်ခုအတွက် စည်းမျဉ်းများသဖွယ် လက်ခံကျင့်သုံးကြပါသည်။ တမနန်တော်များမှတစ်ဆင့် စဉ်ဆက်မပြတ်သက်ဆင်းလာသည်ဟုဆိုသော ရောမအသင်းတော်၏ အယူဝါဒသည် စည်းမဲ့ကမ်းမဲ့လုပ်ဆောင်ခြင်းနှင့် စာရိတ္တဖောက်ပြန်မှုများ အတွက် အခွင့်အရေးပေးနေပါသည်။ မွန်ဇာပြောနေသည့် ဝိညာဉ်တော် ဆိုသည်မှာ စိတ်ကူးယဉ်ရာမှ ဖြစ်ပေါ်လာသော၊ စိတ်ရူးပေါက်သောစိတ်မှ ပေါ်ထွက်လာသောအရာဖြစ်သည်။ စစ်မှန်သောခရစ်ယာန်ဘာသာ၌ ခပ်သိမ်းသော ဝိညာဉ်တော် မှုတ်သွင်းခြင်းတို့အား မှန်မမှန်စစ်ဆေးနိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် ရှိနေပါသည်။HFB 196.3

    လူးသာသည် ဝပ်ဘတ်မြို့သို့ပြန်လည်ရောက်ရှိလာပြီးနောက် ဓမ္မသစ်ကျမ်းကို ပြီးစီးအောင် ဘာသာပြန်ကာ ဂျာမန်လူမျိုးထံသို့ ဧဝံဂေလိ တရားတော်ကို တိုင်းရင်းသားဘာသာစကားဖြင့် လေ့လာနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ သမ္မာတရားကို မြတ်နိုးသူအပေါင်းတို့သည် ထိုဘာသာပြန်ဓမ္မသစ်ကျမ်းကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါသည်။HFB 197.1

    သာမန်လူတန်းစားများသည် ယခုတွင် သမ္မာကျမ်းစာကို မိမိတို့နှင့် လာရောက်ဆွေးနွေးကြလိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးပါလျှင် မိမိတို့ကျမ်းစာမတတ်သည်ကို သိသွားကြတော့မည်ဖြစ်ကြောင်းများကို တွေးမိကာ ဂိုဏ်းအုပ်များသည် စိုးရိမ်လာကြပါသည်။ သို့နှင့် ရောမ အသင်းတော်သည် ကျမ်းစာဖြန့်ဝေမှုကို တားဆီးကြရန် မိမိလူတို့အား အမိန့်ထုတ်ခဲ့သည်။ သို့ရာတွင် ၎င်းတို့က ကျမ်းစာမဖတ်နိုင်အောင်တားဆီးလေ၊ လူထုကြီးမှာ ကျမ်းစာမှ သွန်သင်ထားချက်များကို ပို၍သိချင်စိတ်ပြင်းထန်လာလေ ဖြစ်ခဲ့ပါသည်။ စာဖတ်တတ်သူအားလုံးသည် ကျမ်းစာကို မိမိသွားလေရာသို့ ယူဆောင်သွားကာ ကျမ်းပိုဒ်များကို အလွတ်မရမချင်း မကျေနပ်ကြချေ။ လူးသာမှာမူ ဓမ္မဟောင်းကျမ်းကို ဘာသာပြန်ရန် ချက်ချင်းအစပျိုး လုပ်ဆောင်ခဲ့သည်။HFB 197.2

    လူးသာ၏စာများကို မြို့ရော၊ တောပါကြိုဆိုလက်ခံခဲ့ကြသည်။ ‘‘လူးသာနဲ့သူ့မိတ်ဆွေတွေကရေးတာကို အခြားမိတ်ဆွေတွေကဖြန့်ဝေတယ်။ ရောမအသင်းတော်၏ ရဟန်းကျောင်းများမှ ချမှတ်လုပ်ဆောင်စေသောအရာ များသည် ဥပဒေဘောင်အပြင်ဘက်ရောက်နေကြောင်း သဘောပေါက်လာသော ရဟန်းပျိုများမှာ နှုတ်ကပတ်တော်ဟောနိုင်လောက်အောင် အသိပညာမရှိ ကြသဖြင့် လူးသာတို့ရေးသားထုတ်ဝေသောစာအုပ်များကို လိုက်လံရောင်းချ ကြပါသည်။ ဂျာမနီပြည်သည် မကြာမီမှာပင် ရဲရဲတောက်ဓမ္မစာပေ ဖြန့်ချိသူများဖြင့် စည်ကားသွားပါသည်။HFB 198.1