Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နိုင်ငံတော်ကြီးမြတ်ခြင်းအတွက် အသေချာဆုံးအကာအကွယ်

    သမ္မာကျမ်းစာ၏စည်းမျဉ်းများကို ဘုရားကျောင်းများ၌သာမက နေအိမ်များ၊ ကျောင်းများ၌လည်း သွန်သင်ခဲ့ကြသည်။ ထိုလုပ်ဆောင်မှု၏ အသီးအပွင့်များကို ချွေတာစုဆောင်းခြင်း၊ အသိဉာဏ်ထက်မြက်ခြင်း၊ စင်ကြယ်သောအသက်တာရရှိခြင်း၊ ချုပ်တည်းခြင်းများတွင် အထင်အရှား တွေ့ရသည်။ နှစ်နှင့်ချီ၍ အရက်သမားများကို မြင်ရခဲ၏။ ကျိန်ဆိုသံများကို ကြားရခဲ၏။ သူတောင်းစားများကို တွေ့ရခဲ၏။ နိုင်ငံတော်တစ်ခု တိုးတက်ကြီးပွားရန်အတွက် အသေချာဆုံး အကာအကွယ်များမှာ သမ္မာကျမ်းစာပါ စည်းမျဉ်းများပင်ဖြစ်သည်။ အားအင်ချည့်နဲ့သော ထိုနယ်သစ် ရှာသူများသည် အလွန်အင်အားကောင်းသော ပြည်နယ်များအသွင် သို့ တိုးတက်ကြီးပွားသွားကြရာ ရဟန်းမင်းတစ်ပါးမှမရှိသော အသင်းတော်နှင့် ဘုရင်တစ်ပါးမှမရှိသော ပြည်နယ်များ၏ သာယာဝပြောမှုများကို ကမ္ဘာက အထူးသတိပြုမိလာခဲ့ပါသည်။HFB 312.1

    သို့ရာတွင် ထိုအာဂန္တုကြီးများနှင့် သဘောထားမတူညီသည့် လူများစွာတို့ကလည်း အမေရိကကို စိတ်ဝင်စားလာကြရာ အမေရိကန်သို့ ရောက်လာသူများထဲတွင် လောကရည်မှန်းချက်များအရ ရောက်ရှိလာသူဦးရေ သည်လည်း တိုးပွားလာပါသည်။HFB 312.2

    အသင်းသားများသာ မဲပေးပိုင်ခွင့်၊ အစိုးရဌာနများတွင် အလုပ်လုပ်ခွင့်ပေးရန် ရှေးဦး အာဂန္တုကြီးများက ခွင့်ပြုခဲ့ကြသည်။ ပြည်နယ် သန့်စင်ရေးကို ထိန်းသိမ်းရန်အတွက် ဤလုပ်ရပ်ကို လက်ခံခဲ့ကြသည်။ သို့သော် ထိုလုပ်ရပ်ကြောင့် အသင်းတော်တွင် စာရိတ္တ ဖေါက်ပြန်မှုများရှိလာပါသည်။ လူများစွာတို့သည် စိတ်နှလုံး ပြောင်းလဲခြင်းမရှိဘဲ အသင်းတော်ထဲဝင်လာကြပါသည်။ အမှုတော်ထဲတွင် ပါဝင်လုပ်ဆောင်နေသူများပင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်နိုင်သောတန်ခိုးအကြောင်းကိုမသိကြပေ။ ကွန်စတန်တင်း အချိန်မှသည် ယခုမျက်မှောက်ကာလအထိ နိုင်ငံတော်၏ အကူအညီကိုရယူကာ အသင်းတော်ကိုတည်ဆောက်ရန် ကြိုးစားမှုများတွင် လောကကို အသင်းတော်နှင့်နီးကပ်အောင် ကြိုးစားသယောင်ဖြစ်သော်လည်း အမှန်မှာ အသင်းတော်ကို လောကနှင့်နီးအောင် ကြိုးစားသလိုဖြစ်ခဲ့ပါသည်။HFB 312.3

    အမေရိကန်နှင့် ဥရောပရှိပရိုတက်စတင့်အသင်းတော်များသည် ဘာသာရေးပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအတိုင်း ရှေ့သို့ချီတက်ရန် ပျက်ကွက်ခဲ့ကြသည်။ ခရစ်တော်အချိန်က ဂျူးများနှင့် လူးသာအချိန်က ရဟန်းမင်းအဖွဲ့ကဲ့သို့ပင် လူအများစုသည် ဘိုးဘေးများယုံကြည်ခဲ့သည့် အရာများကို ယုံကြည်ခြင်းဖြင့် တင်းတိမ်ခဲ့ကြပါသည်။ အမှားအယွင်းများနှင့် အယူသီးမှုများကို ဆက်လက်ကိုင်စွဲခဲ့ကြသည်။ ဘာသာရေးပြုပြင်ပြောင်းလဲမှု များသည်တဖြည်းဖြည်းအရှိန်သေသွားကာ လူးသာအချိန်တုန်းက ရောမ အသင်းတော်မှာ ပြုပြင်ပြောင်းလဲပစ်ဖို့လိုအပ်သလို ပရိုတက်စတင့် အသင်းတော်တွင် ပြုပြင်ပြောင်းလဲဖို့လိုအပ်လုနီးပါးဖြစ်လာပါသည်။ ပရိုတက် စတင့်အသင်းတော်တွင် လူတို့၏ ထင်မြင်ယူဆချက်များကို ရိုသေကိုးစားခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်နေရာတွင် လူတို့တီထွင်သည့်သီအိုရီများကို အစားထိုးခြင်းများရှိလာပါသည်။ လူတို့သည် သမ္မာကျမ်းစာကို ကြိုးစား လေ့လာရန် လျစ်လျူရှုခဲ့ကြရာ ကျမ်းစာတွင် အခြေအမြစ်မရှိသောယုံကြည်ချက်မျာကို စွဲလမ်းလာကြပါသည်။HFB 313.1

    မာနထောင်လွှာခြင်းနှင့် အလွန်အကျွံစည်းကမ်းမဲ့ခြင်းများကို ဘာသာရေးနှင့် အရေခြုံထားကာ ကျင့်သုံးနေကြရာ အသင်းတော်များသည် ပျက်စီးဖေါက်ပြန်လာကြပါသည်။ လူမြောက်မြားစွာတို့ကို ပျက်စီးဆုံးရှုံးစေသည့် ရိုးရာဓလေ့များသည် အသင်းတော်တွင် အမြစ်စွဲနေချေပြီ။ ပရိုတက်စတင့်အသင်းတော်သည် သန့်ရှင်းသူတို့၌ အထက်ကအသိပေးခဲ့ပြီးသော ယုံကြည်ခြင်းအတွက် တိုက်ပွဲဝင်ရမည့်အစား ရိုးရာဓလေ့များကိုမြှောက်စားနေကြသည်။HFB 314.1

    ဤသို့သောအားဖြင့် ဘာသာရေးပြုပြင်ပြောင်းလဲရေးသမားများ အနစ်နာခံကြိုးစားရယူခဲ့သောစည်းမျဉ်းများသည် တဖြည်းဖြည်း ယိုယွင်းနိမ့်ကျသွားခဲ့ပါသည်။HFB 314.2

    *****