Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မြော်လင့်ခြင်းသတင်းစကားအင်္ဂလန်သို့ရောက်ရှိခြင်း

    မြော်လင့်ခြင်းသတင်းစကားကို အင်္ဂလန်တွင် ၁၈၂၆ ခုနှစ်ကတည်းက စတင်ဟောကြားနေပါပြီ။ ကြွလာမည့်အချိန်အတိအကျကို အများအားဖြင့် မဟောကြားကြသော်လည်း ဘုန်းတော်နှင့် မကြာမီတွင် ကြွလာမည်ဆိုသည့် သတင်းစကားကိုမူ ကျယ်ကျယ်ပြန့်ပြန့် ဟောကြားခဲ့ကြပါသည်။ အင်္ဂလန် အသင်းတော်မှ တရားဟောဆရာ (၇၀၀) လောက်သည် ‘‘နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိသတင်းစကားကို ဟောကြားနေကြကြောင်း အင်္ဂလိပ် စာရေးဆရာတစ်ဦးက ရေးသားဖေါ်ပြခဲ့ပါသည်။HFB 387.1

    ခရစ်တော်ကြွလာမည့်အချိန်အဖြစ် ၁၈၄၄ ခုနှစ်ကိုပြညွှန်သော သတင်းစကားကို ဂရိတ်ဗြိတိန်တွင်လည်း ဟောကြားခဲ့ကြသည်။ အမေရိကန်မှာ ရိုက်နှိပ်သည့် မြော်လင့်ခြင်းဆိုင်ရာစာပေများကို ကျယ်ပြန့်စွာ ဖြန့်ချိခဲ့ကြပါသည်။ အမေရိကမှာနေထိုင်စဉ် မြော်လင့်ခြင်းယုံကြည်ခြင်းကို ရရှိခဲ့သူ ရောဘတ်ဝင်းတားသည် ၁၈၄၂ ခုနှစ်တွင် အမိနိုင်ငံသို့ပြန်လာကာ ကြွလာခြင်းသတင်းကို ဟောကြားခဲ့သည်။ အင်္ဂလန်ပြည်၏ နေရာများစွာတွင် လုပ်ဆောင်နေသော ၎င်း၏အမှုတော်တွင် သူနှင့်အတူလူများစွာတို့ ပူးပေါင်းခဲ့ကြပါသည်။HFB 387.2

    တောင်အမေရိကတိုက်မှ လခွန်ဇာဆိုသူ၊ စပိန်လူမျိုး၊ ဂျီးဇူးအစ် တစ်ဦးသည် ခရစ်တော်ကြွလာမည့် သတင်းစကားကိုရရှိခဲ့ရာ ရောမ၏ ဆင်ဆာဖြတ်ခြင်းမှ ကင်းလွန်စေရန်အလို့ငှာ ‘‘ရာဘိဆင်ဇရာ’’ အမည်ဖြင့် ဓမ္မစာပေကို ပုံနှိပ်ဖြန့်ချိခဲ့သည်။ ၁၈၂၅ ခုနှစ်တွင် သူ၏စာအုပ်ကို အင်္ဂလိပ် ဘာသာသို့ပြန်ဆိုခဲ့ရာ ဘာသာရေး နိုးကြားမှုရှိစဖြစ်နေသော အင်္ဂလန်တွင် နက်နဲစွာစိတ်ဝင်စားလာကြပါသည်။HFB 387.3