Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခရစ်တော်ကိုယ်တော်တိုင်ကြွလာမည်ဖြစ်ခြင်း

    တစ်ကမ္ဘာလုံးပြောင်းလဲမှုရရှိခြင်းနှင့် နံဝိညာဉ်အားဖြင့် ခရစ်တော် စိုးစံခြင်းဆိုင်ရာယုံကြည်ချက်များကို တမန်တော်အသင်းက မစွဲကိုင်ပါ။ ခရစ်ယာန်များအနေဖြင့်လည်း ၁၈ ရာစုအစဦးပိုင်းအထိ ထိုယုံကြည်ချက် များကို လက်မခံခဲ့ကြသေးပါ။ ခရစ်တော်ကြွလာဖို့ရန် အလွန်ဝေးသေးကြောင်း သွန်သင်ကြသဖြင့် ကြွလာခြင်းဆိုင်ရာ နိမိတ်လက္ခဏာများအပေါ် အလေးမထားကြတော့ချေ။ ထိုသွန်သင်ချက်ကြောင့် လူအများသည် ခရစ်တော်နှင့်တွေ့ရန် ပြင်ဆင်ဖို့ကိစ္စကို လျစ်လျူရှုခဲ့ကြပါသည်။HFB 340.1

    ခရစ်တော်ကိုယ်တော်တိုင် (နံဝိညာဉ်မဟုတ်) အမှန်တကယ် ကြွလာမည့်အကြောင်း၊ ကျမ်းစာ၏သွန်သင်ချက်ကို မီလာတွေ့ရှိခဲ့ပါသည်။ ‘‘ဘုရားသခင်သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆက်သက်တောမူမည်။’’ ‘‘လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော် တော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ကြရလိမ့်မည်။’’ ‘‘လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူသားသည်ကြွလာတော်မူလတ္တံ့။’’ ‘‘လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူမည်။’’ ‘‘လူသားသည် မိမိတမန်တို့ကို စေလွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့် သူတို့သည် ရွေးချယ်တော် မူသောသူတို့ကိုခေါ်၍ စုရုံးကြလတ္တံ့။’’ ၁သက်၊ ၄:၁၆-၁၇။ မဿဲ ၂၄:၃၀၊ ၂၇။ ၂၅:၃၁။ ၂၄:၃၁။HFB 340.2

    ကိုယ်တော်ရှင်ကြွလာသောအခါ ဖြောင့်မတ်သောသေလွန်သူများသည် ရှင်ပြန်ထမြောက်၍ အသက်ရှင်လျက်ရှိသော ဖြောင့်မတ်သူများသည် ပြောင်းလဲခြင်းသို့ ရောက်ကြလိမ့်မည်။ ‘‘ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ သို့သော်လည်း နောက်ဆုံးသော တံပိုးမှုတ်သောအခါ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ကြရသည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သောသူတို့သည် မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ယခုမျက်မှောက်ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။’’ ‘‘ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသော အားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။’’ ၁ကော၊ ၁၅:၅၁-၅၃။ ၁သက်၊ ၄:၁၆-၁၇။HFB 341.1

    လောလောဆယ်အခြေအနေတွင် လူသားများသည် သေမျိုးများ ဖြစ်ကြ၏။ ပုပ်ပျက်တတ်ကြ၏။ သို့သော် ဘုရားသခင်၏ နိုင်ငံတော်သည် ပုပ်ပျက်ခြင်းနှင့် ကင်းလိမ့်မည်။ ထိုကြောင့် လူသားများသည် လက်ရှိအခြေ အနေနှင့် ကောင်းကင်နိုင်ငံတော်သို့ မဝင်စားနိုင်ကြချေ။ ခရစ်တော်ကြွလာ သောအခါကိုယ်တော်သည် လူသားများအား မသေနိုင်သည့်သဘာဝကို ပေးအပ်တော်မူကာ ထိုအချိန်မှစ၍ ၎င်းတို့စိုးစံကြရမည့်နိုင်ငံတော်ကိုဝင်စားရန် ၎င်းတို့ကိုခေါ်တော်မူလိမ့်မည်။HFB 341.2