Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသင်းတော်ထဲမှလူတန်းစား (၂) ခု

    ခရစ်တော်၏ နောက်လိုက်များတွင် အတန်းအစား (၂) ခုရှိ ပါသည်။ တစ်ဖွဲ့မှာ ကယ်တင်ရှင်၏အသက်တာကို လေ့လာသုံးသပ်ကာ မိမိတို့အမှား များကိုပြင်လျက် ခရစ်တော်နှင့်တူသောအသက်တာကိုရအောင် ကြိုးစားနေ သကဲ့သို့ ကျန်တစ်ဖွဲ့မှာမူ မိမိတို့၏ အပြစ်များ၊ အမှားများကို ထင်ရှားပေါ်လွင် စေသည့် လက်တွေ့ကျသော သမ္မာတရားမှ ရှောင်ရှားရန် ကြိုးစားနေကြ ပါသည်။ အကောင်းဆုံး အခြေအနေတွင်ရှိသည်ဟုဆိုသော အချိန်မှာပင် အသင်းတော်၌ ဖြောင့်မှန်၊ ရိုးသားသောအသင်းသားချည်း ရှိခဲ့သည်တော့ မဟုတ်ပါ။ ယုဒရှကာရုတ်သည် ခရစ်တော်ထံမှ ကြားရသည့် သွန်သင်ချက်များ နှင့်မြင်ရသည့်ပုံသက်သေများအားဖြင့် မိမိ၏အမှားများကိုပြုပြင်ရန် တမန်တော်များနှင့် ပူးပေါင်းလာခဲ့ပါသည်။ သို့သော် သူသည် အပြစ် ဒုစရိုက်တွင် ကျင်လည်ကာ စာတန်၏ စုံစမ်းခြင်းများကို ဖိတ်ခေါ်ခဲ့ပါ သည်။ အမှားများကိုဖေါ်ပြဆုံးမ ခံလာရသောအချိန်တွင် သူသည် အမျက်ဒေါသ ထွက်ကာ သခင်ဘုရားကို ရန်သူလက်သို့ အပ်နှံခဲ့ပါသည်။ (မာကု ၁၄:၁၀-၁၁)။HFB 24.1

    အာနနိနှင့်ရှဖိရေသည် ဥစ္စာတချို့တစ်ဝက်ကို မိမိတို့အတွက် ယူထားစဉ်မှာပင် ဘုရားသခင်အတွက် အပြည့်အဝဆက်ကပ်အပ်နှံ သယောင် ဟန်ဆောင်ခဲ့ပါသည်။ ထိုစဉ်တွင် ဝိဉာဉ်တော်ဘုရားသခင်သည် ဟန်ဆောင်သူများ၏ ဇာတိရုပ်မှန်ကို တမန်တော်များအား ဖေါ်ပြကာ အသင်းတော်၏ စင်ကြယ်မှုကို ပျက်စီးစေသည့် ညစ်ညမ်း မှုကိုပယ်ရှင်းတော် မူခဲ့ပါသည်။ (တမန် ၅:၁-၁၁)။ နှိပ်စက်ညှဉ်းပန်း ရာကာလတွင် သမ္မာတရားကို လိုလားသူများသည် အရာခပ်သိမ်းကိုစွန့်ကာ ခရစ်တော်၏ တပည့်တော်ဖြစ်လာကြသော်လည်း နှိပ်စက်ညှဉ်းပန်းခြင်းကာလ မဟုတ်သော အချိန်တွင် ရိုးစင်းမှုအပြည့်အဝ မရှိသူများပါ ခရစ်ယာန်ဖြစ်လာကြသဖြင့် စာတန်အတွက် ခြေကုပ်ယူစရာ လမ်းပွင့်ခဲ့ပါသည်။HFB 25.1

    ခရစ်ယာန်များသည် တစ်ပိုင်းတစ်စသာပြောင်းလဲသည့် ဗာဟီရ ဝါဒီများနှင့် ပေါင်းစည်းရန် သဘောတူသောအချိန်တွင် စာတန်သည် ပီတိဝေဖြာနေပါသည်။ ထိုသူများကို အသုံးချကာ ခရစ်ယာန်အစစ် များကို စာတန်ညှဉ်းပန်းခဲ့ပါသည်။ ဖေါက်ပြန်သောခရစ်ယာန်များသည် ဗာဟီရဝါဒီ ကပြားများနှင့် ပေါင်းဖက်ကာ ခရစ်တော်သွန်သင်ခဲ့သော ယုံကြည်ချက်များ၏အနှစ်သာရများကိုပျက်ပြားအောင် ကြိုးစားခဲ့ကြပါသည်။ ထိုကြောင့် အသင်းတော်၌ အစပျိုးလာပြီဖြစ်သည့် မှားယွင်းမှုများနှင့် စက်ဆုပ်ရွံရှာစရာများကို တွန်းလှန်နိုင်ရန် အတော် ကြိုးစားလုပ်ဆောင် ရပါမည်။ သမ္မာကျမ်းစာအား ယုံကြည်ခြင်း၏ စံတစ်ခု အဖြစ် လက်မခံခဲ့ကြချေ။ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ယုံကြည်ချက်များကို အယူဝါဒဖေါက်ပြန်မှုတစ်ခုဟု မှတ်ယူခဲ့ကြသည်။ ထိုယုံကြည်ချက်များကို စွဲကိုင်သူများအားလည်း မတရားသင်းကြေညာ ခဲ့ကြသည်။HFB 25.2

    ခရစ်တော်ကိုသစ္စာစောင့်သိသူများသည် ခွဲရေးကိုမဖြစ်မနေ ကျင့်သုံးကြရတော့မည် ဖြစ်ကြောင်း အချိန်အတော်ကြာတိုက်လှန်ပြီး သည့်နောက်တွင် သဘောပေါက်လာကြသည်။ သူတို့သည် မိမိတို့၏ အသက်ဝိညာဉ်ကိုသာမက သားမြေးများ၏ အသက်ဝိညာဉ်များကိုပါ ဒုက္ခရောက်စေမည့် အမှားအယွင်းများကို သည်းခံနိုင်စွမ်းမရှိကြတော့ ချေ။ အသက်တာ စည်းမျဉ်းများကို စွန့်လွှတ်မှသာလျှင် ငြိမ်းချမ်းရေး ရနိုင်မည်ဆိုသည့်အချက်ကိုလည်း သူတို့သိရှိလာကြသည်။ စည်းလုံး ညီညွတ်မှုရှိရန် သမ္မာတရားကိုအလျော့အတင်းလုပ်ရမည်ဆိုလျှင် စည်းလုံးမှုမရလျှင်ရှိပါစေ၊ တိုက်ပွဲကိုသာဝင်လျှင်ဝင်မည်၊ သမ္မာတရားကို အရောင်းအဝယ်မလုပ်နိုင်ကြောင်း သူတို့ရပ်တည်ကြသည်။HFB 26.1

    ရှေးဦးခရစ်ယာန်များသည် အလွန်ထူးခြားပြောင်မြောက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အရေအတွက်အားဖြင့် မများသကဲ့သို့ ဥစ္စာစည်းစိမ်၊ ရာထူးဂုဏ်ဒြပ် ရှိကြသူများ မဟုတ်သော်လည်း ကာဣန၏ အမုန်းကို အာဗေလခံရသကဲ့သို့ လူယုတ်မာများ၏ အမုန်းဒဏ် သင့်သူများ ဖြစ်ခဲ့ကြရသည်။ ကိုယ်တော်၏သစ္စာရှိ တပည့်တော်များသည် ခရစ်တော်အချိန်မှစ၍ ယနေ့တိုင်အောင် ဒုစရိုက်သားများ၏ ဆန့်ကျင်ခြင်း၊ မုန်းတီးခြင်းများကိုခံကြရသည်။HFB 26.2

    သို့ဆိုလျှင် ဧဝံဂေလိသတင်းစကားကို ငြိမ်သက်ခြင်းသတင်း စကားဟုအဘယ်သို့ ခေါ်ဆိုနိုင်သနည်း။ “ကောင်းကင်ဘဝဂ်ယယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်မှာလည်း ငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်း” ဟု ဗက်လင်မြို့၏လွင်ပြင်များထက်ဝယ် ကောင်းကင်တမန်များဝဲပျံသီဆို ခဲ့ကြပါသည်။ လုကာ ၂:၁၄။ ထိုကျူးအေးခြင်းများသည် ခရစ်တော် ကိုယ်တိုင်မိန့်ဆိုခဲ့သော “မြေပေါ်သို့ငြိမ်သက်ခြင်းကိုစေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ဓားကိုစေလွှတ်အံ့သောငှါ ငါလာသတည်း” ဟူသောစကားများနှင့် ဆန့်ကျင်သယောင်ဖြစ်နေပါသည်။ မဿဲ ၁၀:၃၄။ သို့ရာတွင် အမှန်အတိုင်း နားလည်လျှင် ထိုဖွင့်ဆိုချက်နှစ်ခု လုံးဝမဆန့်ကျင်ကြောင်း တွေ့ရသည်။ ဧဝံဂေလိသတင်းစကားသည် ငြိမ်သက်ခြင်း သတင်းစကားတစ်ခုဖြစ်၏။ လက်ခံလိုက်လျှောက်သည့် ခရစ်တော်၏ အယူဝါဒသည်မြေကြီးတပြင်လုံး၌ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကိုဖြစ်စေသည်။ ခရစ်တော်၏အမှုတော်မှာ ဘုရားသခင်နှင့် လူသားအကြားပြန်လည် အဆင်ပြေအောင်လုပ်ဆောင်ပေးရန်ဖြစ်သည်။ သို့ရာတွင် တစ်ကမ္ဘာလုံးလိုလိုမှာ ခရစ်တော်အား ခါးခါးသီးသီး ရန်မူနေသောစာတန်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေကြသည်။ ဧဝံဂေလိ တရားတော်သည် ထိုလူများ၏အကျင့်နှင့်လည်းကောင်း၊ ဆန္ဒနှင့်လည်းကောင်း ကွဲပြား ခြားနားသောအသက်တာစည်းမျဉ်းများကို ဖွင့်ဆိုလာသောအခါ ၎င်းတို့သည် ထိုတရားတော်ကို ဆန့်ကျင်လာပါသည်။ သူတို့သည် အပြစ်ဒုစရိုက်ကို ပြစ်ဒဏ်စီရင်သည့် စင်ကြယ်ခြင်းကို မုန်းတီးကြသဖြင့် ထိုတရားတော်ကို စွဲလန်းသောသူများအား နှိပ်စက်ညှဉ်းပန်း ကြ၏။ ထိုကြောင့် ဧဝံဂေလိတရားတော်ကို ဓါးဟုခေါ်ဝေါ်သမုတ် ခြင်းဖြစ်သည်။ မဿဲ ၁၀:၃၄။HFB 27.1

    ယုံကြည်ခြင်းအားနည်းသည့်လူများစွာတို့သည် ဘုရားသခင် ကိုယုံကြည်စိတ်ချမှု လျော့ပါးသွားမည့်အခြေတွင်ရှိရခြင်းအကြောင်းမှာ ကိုယ်တော်သည် လူယုတ်မာများအား ကြီးပွားချမ်းသာစေ၍ သူတော် စင်များအား ဒုက္ခဆင်းရဲမှုနှင့် ရင်ဆိုင်စေတော်မူသည်ဟု သူတို့ယူဆ နေခြင်းကြောင့်ဖြစ်သည်။ တရားမျှတ၍ ကရုဏာနှင့် ပြည့်စုံကာ အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသော ကိုယ်တော်သည် ထိုကဲ့သို့သော မတရားမှုကို မည်သို့သည်းခံခွင့်လွှတ်နိုင်ပါမည်နည်း။ ဘုရားသခင်သည် ကြီးမားသောမေတ္တာတော်နှင့် ပတ်သက်သည့် လုံလောက်သော သက်သေများကို ကျွန်ုပ်တို့အားဖော်ပြထားပြီးဖြစ်ရာ အသိတရား မပြည့်စုံသောကျွန်ုပ်တို့အနေဖြင့် ကိုယ်တော်၏ကောင်းမြတ်ခြင်းအပေါ် သံသယမဖြစ်သင့်ပါချေ။ “ကျွန်ုပ်သည် မိမိသခင်ထက်သာ၍ ကြီးမြတ် သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။” ယောဟန် ၁၅:၂၀။ ညှဉ်းဆဲသတ်ဖြတ်ခြင်းနှင့် ရင်ဆိုင်နေရသည့် ခရစ်ယာန်အပေါင်းသည် သခင်ယေရှု၏ ခြေရာတော်ကို လိုက်လျှောက် နေကြခြင်းဖြစ်သည်။HFB 28.1

    ဖြောင့်မတ်သူများသည် မိမိတို့ကိုယ်တိုင် စင်ကြယ်မှုရရှိစေရန် အတွက်သော် လည်းကောင်း၊ ၎င်းတို့၏အသက်တာပုံစံများအားဖြင့် ယုံကြည်ခြင်းနှင့် ဘုရားဝတ်၌ မွေ့လျော်ခြင်း၏ အနှစ်သာရကို အခြား သူများအား သဘောပေါက်စေရန်အတွက်သော်လည်းကောင်း၊ ၎င်းတို့၏ စိုက်လိုက်မတ်တတ်ရပ်တည်မှုအားဖြင့် ဘုရားတရားမဲ့၊ မယုံကြည် ကြည်သူများကို ပြစ်တင်ရှုတ်ချရန်အတွက်သော်လည်းကောင်း ဒုက္ခ ဆင်းရဲခြင်းမီးအိုင် ထဲသို့ အချခံရတတ်ပါသည်။ လူယုတ်မာများပျက်စီး ဆုံးပါးမှုတွင် ဘုရားသခင်သည် တရားမျှတ၍ ကရုဏာရှိကြောင်း လူအများသိမြင်နိုင်ရန် ကိုယ်တော်သည်ထိုသူများအား ကြီးပွားချမ်းသာ ခွင့်ပေးထားတော်မူပါသည်။ မိမိအားရန်ငြိုးဖွဲ့ခွင့်ပြုထားတော်မူပါသည်။ သို့ရာတွင် ဘုရားသခင်၏သားသမီးတစ်ဦးစီအပေါ် ကျူးလွန် သည့်ရက်စက်မှုများကို ခရစ်တော်အပေါ် ကျူးလွန်သောအပြစ်ကဲ့သို့ မှတ်ယူကာ အပြစ်ပေးစီရင်တော်မူလိမ့်မည်။HFB 28.2

    “ယေရှုခရစ်၏ တရားတော်နှင့်အညီ ဘုရားဝတ်၌မွေ့လျော်၍ နေခြင်းငှါ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံကြရလိမ့်မည်” ဟု ပေါလုပြောထားရာ အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းသည် ယခုတွင် ကင်းရှင်းနေရသနည်း။ အသင်းတော်သည် ကမ္ဘာသူကမ္ဘာသားများနှင့် လိုက်လျောညီထွေနေထိုင်သဖြင့် အတိုက်အခံ မပေါ်သောကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းမရှိရခြင်း ဖြစ်ပါသည်။ ယနေ့ခေတ်တွင် ကျွန်ုပ်တို့ လက်ခံကျင့်သုံးနေသော ဘာသာအယူဝါဒသည် ခရစ်တော်နှင့် တမန်တော်များခေတ်က ယုံကြည်ခြင်းလောက် မစင်ကြယ်မသန့်ရှင်းတော့ချေ။ အကြောင်းမှာ နှုတ်ကပတ်တော်မှ သမ္မာတရားများကို ထူးထူးခြားခြား အလေးမထားကြတော့ချေ။ ခရစ်ယာန်ဘာသာသည် ကမ္ဘာနှင့်ယှဉ်၍ ရေပန်းစားလာသဖြင့် အသင်းတော်တွင် ဘုရားတရားရှိခြင်းကို အရေးထားမှု နည်းပါးလာသည်။ သို့ဖြစ်၍ အသင်းတော်တွင် ရှေးဦးအသင်းတော်၏ ယုံကြည်ခြင်းမျိုးပြန်လည်ရှင်သန်လာစေပါ။ ညှဉ်းပန်းခြင်းမီးများကို ပြန်လည် တောက်လောင်လာစေပါ။HFB 29.1