Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လုံလောက်သောသာဓက

    ထာဝရဘုရားသည် မိမိစာရိတ္တနှင့်ပတ်သက်သည့်သာဓကများကို သမ္မာကျမ်းစာတွင် အလုံအလောက်ဖေါ်ပြထားပါသည်။ သို့စေကာမူ အားနည်းသောလူသားများသည် အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏အလိုတော်ကို ပြည့်ပြည့်ဝဝသိနိုင်စွမ်းမရှိကြချေ။ ‘‘စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။’’ ရောမ ၁၁:၃၃။ အနန္တတန်ခိုးတော် နှင့်အတူ ယှဉ်တွဲတည်ရှိနေသော မဟာမေတ္တာတော်နှင့် ကရုဏာတော်များကို ကျွန်ုပ်တို့သတိပြုရိပ်စားမိနိုင်ပါသည်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့သိသင့်သလောက်အတိုင်းအတာအထိ ကျွန်ုပ်တို့အား ဖေါ်ပြတော်မူလိမ့်မည်။ ထိုထက်ပိုသောအရာအားလုံးကို မေတ္တာတော်နှင့်ပြည့်ဝသော မဟာတန်ခိုးတော်၏လက်ထဲတွင် ကျွန်ုပ်တို့ အပ်နှံ ကြရမည်။HFB 574.2

    ထာဝရဘုရားသည် မယုံကြည်မှုအတွက် ပေးသောဆင်ခြေအားလုံးကို မည်သည့်အခါမျှ ဖယ်ရှားပစ်တော်မူလိမ့်မည်မဟုတ်ပါ။ သံသယစိတ်များကို ဖယ်ရှားပစ်နိုင်ရန် အကူအညီရှာသူများသည် လိုအပ်သောအမအစကို တွေ့ကြ လိမ့်မည်။ ကန့်ကွက်မှုများအားလုံးကို ဖြေရှင်းပြီးသည့်တိုင်အောင် နားထောင် လိုက်လျှောက်ရန် ငြင်းဆန်နေသူများသည် မည်သည့်အခါမျှ အလင်းကို ရောက်လာလိမ့်မည်မဟုတ်ချေ။ အသစ်မဖြစ်သေးသည့် စိတ်နှလုံးသည် ထာဝရဘုရားနှင့် ရန်ငြိုးဖွဲ့နေပေလိမ့်မည်။ သို့ရာတွင် ယုံကြည်ခြင်းကို သန့်ရှင်းသောဝိညာဉ်တော်က မှုတ်သွင်းပေးသဖြင့် ထိုယုံကြည်ခြင်းသည် နှစ်သက်မြတ်နိုးစရာကောင်းသလို ကြီးထွားရှင်သန်ခြင်းလည်း ရှိလာတတ် ပါသည်။ သို့ရာတွင် ခိုင်မာသောကြိုးစားမှုမပြုလုပ်ဘဲ မည်သူမျှ အားကောင်းသောယုံကြည်ခြင်းကို မပိုင်ဆိုင်နိုင်ချေ။ လူသားများသည် မလိုအပ်ဘဲ ညည်းတွားအပြစ်တင်နေကြမည်ဆိုလျှင်မူ သံသယစိတ်များ ခိုင်မာ လာသည်ကို တွေ့ကြရလိမ့်မည်။HFB 575.1

    ကိုယ်တော်၏ကျေးဇူးတော်ဆိုင်ရာအာမခံချက်ကို သံသယဖြစ်ကာ မယုံကြည်သူများသည် ခရစ်တော်အား အသရေပျက်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထိုသူများသည် နေအလင်းရောင်နှင့်ဝေးကာ စိမ့်မိနေသဖြင့် မကြာမြင့်မီအချိန်တွင် သေတော့မည့် အသီးမသီးသောအပင်များနှင့် တူကြ၏။ ၎င်းတို့၏အသက်တာလုပ်ဆောင်မှုများသည် ၎င်းတို့၏ဆန့်ကျင် သက်သေခံမည့် ထာဝရသက်သေများအဖြစ် ရပ်တည်နေကြလိမ့်မည်။HFB 576.1

    သို့ရာတွင် သံသယစိတ်များကိုဖယ်ရှားပစ်ရန် ရိုးရိုးသားသားဆန္ဒရှိ သူများလိုက်လျှောက်ရမည့်နည်းလမ်းတစ်ခု ရှိနေပါသည်။ ထိုနည်းလမ်းမှာ နားမလည်သည့် အရာတစ်ခုအတွက် မေးခွန်းထုတ်နေမည့်အစား မိမိတို့ အပေါ်တွင် ထွန်းလင်းလက်စရှိနေပြီဖြစ်သည့် အလင်းနောက်သို့သာ လိုက်ပါလေစေ။ သို့ပြုလျှင် ထိုသူတို့သည် ပို၍ကြီးကျယ်သည့်အလင်းကို ရရှိကြလိမ့်မည်။HFB 576.2

    စာတန်သည် သမ္မာတရားနှင့်အလွန်ဆင်တူသည့် သမ္မာတရားအတု တစ်ခုကို တင်ပြနိုင်စွမ်းရှိသည်။ ထိုအတုအယောင် သမ္မာတရားသည် အလှည့်ဖြားခံလိုသူများနှင့် သမ္မာတရားက တောင်းဆိုထားသည့် အနစ်နာခံမှုကို ရှောင်ရှားလိုသူများကို လှည့်ဖြားလိမ့်မည်။ သို့ရာတွင် အနစ်နာ ခံရသည်ကို ဂရုမထားဘဲ သမ္မာတရားကို ရိုးရိုးသားသားရှာဖွေနေသူများကို ထိန်းချုပ်ထားရန်အတွက်မူ စာတန်၌အစွမ်းမရှိပါချေ။ ‘‘ဟုတ်မှန်သော အလင်းမူကား ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူဖြစ်သတည်း။’’ ‘‘ထိုသူ၏အလိုတော်ကို လိုက်ချင်သောသူမည်သည်ကား ဤဒေသနာသည် ဘုရားသခင်၏ဒေသနာတော်ဖြစ်သလော---ဟု ပိုင်းခြား၍သိလိမ့်မည်။’’ ယောဟန် ၁:၉။ ၇:၁၇။HFB 576.3

    ထာဝရဘုရားသည် မိမိလူတို့အား စုံစမ်းနှောင့်ယှက်ခြင်းနှင့် ရင်ဆိုင်ရန်ခွင့်ပြုလေ့ရှိပါသည်။ ထိုသို့ခွင့်ပြုခြင်းသည် သားသမီးများဒုက္ခ ရောက်သည်ကို စိတ်ပျော်သောကြောင့်မဟုတ်ဘဲ ထိုစုံစမ်းနှောင့်ယှက်ခြင်း များသည် နောက်ဆုံးသောအောင်ပွဲအတွက် မရှိမဖြစ်လိုအပ်သောအရာများ ဖြစ်သောကြောင့်ဖြစ်သည်။ ထိုဒုက္ခခံခြင်း၏ဦးတည်ချက်မှာ စာတန်၏ သွေးဆောင်မှုအားလုံးကို တွန်းလှန်နိုင်ဖို့အတွက် ပြင်ဆင်ရန်ဖြစ်သောကြောင့် ကိုယ်တော်သည် မိမိ၏ ဘုန်းတန်ခိုးကိုအသုံးပြုကာ ၎င်းတို့အား စုံစမ်းနှောင့်ယှက်ခြင်းမှ ကင်းဝေးစေရန် အမြဲတမ်းကြီးကာကွယ်ပေးနေလိမ့် မည်မဟုတ်ချေ။ ဘုရားသခင်၏သားသမီးများသည် မိမိတို့၏အပြစ်များကို ဝန်ချတောင်းပန်ကာ ကတိတော်များအတိုင်း ကောင်းချီးပေးရန် တောင်းခံခဲ့ ကြလိမ့်မည်ဆိုလျှင် မည်သည့်လူယုတ်မာနှင့် နတ်ဆိုးများကမှ ကိုယ်တော်၏ လူတို့ထံသို့ ဘုရားသခင်မလာနိုင်အောင် တားဆီးထားနိုင်လိမ့်မည်မဟုတ်ချေ။ စုံစမ်းနှောင့်ယှက်ခြင်း အသွယ်သွယ်ကို ‘‘ဗိုလ်ခြေအားဖြင့်မဟုတ်။ အာဏာ တန်ခိုးအားဖြင့်မဟုတ်။ ငါ့ဝိညာဉ်အားဖြင့်’’ ကျော်လွှားအောင်မြင်လိမ့်မည်ဟု ထာဝရဘုရားသခင် မိန့်တော်မူနေပါသည်။ ဇာခရီ ၄:၆။HFB 577.1

    ‘‘သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင် အဘယ်သူညှဉ်းဆဲမည်နည်း။’’ ၁ပေ၊ ၃:၁၃။ ခရစ်တော်ကိုကိုးစားသော အားအနည်းဆုံးဝိညာဉ်တစ်လုံးသည် အမှောင်ထုမှ ဗိုလ်ခြေ တစ်ခုထက်ပို၍ အားကောင်းသည်ကို စာန်ကောင်းကောင်းသိထားသဖြင့် ခိုင်ခံ့သောခံတပ်ထဲမှ ကပ်တိုင်၏စစ်သည်တော်များဆုတ်ခွာလာအောင် သူကြိုးစားနေပါသည်။ မိမိပိုင်နက်ထဲသို့ ရောက်လာသူများကို အပိုင်ချေမှုန်း ရန်အတွက် ခြုံထဲတွင်လဲလျောင်းကာ သူအသင့်အနေအထားတွင် ချိန်ရွယ် ထားပါသည်။ ဘုရားသခင်အပေါ်တွင် လုံးလုံးမှီခိုကာ ပညတ်တော်အလုံးစုံကို လိုက်လျှောက်ခြင်းအားဖြင့်သာ ထိုအန္တရာယ်မှ ကျွန်ုပ်တို့လွတ်မြောက်နိုင် ကြပါသည်။HFB 577.2

    မည်သူတစ်ဦးတစ်ယောက်ကမျှ ဆုမတောင်းဘဲ လုံခြုံမှုကို တစ်ရက် (ဝါ) တစ်နာရီမရနိုင်ပါ။ နှုတ်တော်ထွက်စကားများကိုနားလည်ရန် အထက်မှ ဉာဏ်ပညာကိုးချပေးရန် ထာဝရဘုရားထံတွင် အသနားခံပါ။ ကျွန်ုပ်တို့အား ယုံကြည်ခြင်းအားနည်းသွားရန် ရည်ရွယ်လျက် ကျမ်းချက်များကို မှားယွင်းစွာ အနက်ဖွင့်ကာ သမ္မာကျမ်းစာကိုကိုးကားပြောဆိုရာတွင် စာတန်သည် အထူးကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ကျွန်ုပ်တို့သည် နှိမ့်ချသောစိတ်ထားဖြင့် သမ္မာကျမ်းစာကို လေ့လာသင့်ကြသည်။ စာတန်၏လှည့်ကွက်များမှ လုံခြုံမှု ရရန် အမြဲမပြတ်အကာအကွယ်ယူစဉ်မှာပင် ‘‘အပြစ်သွေးဆောင်ရာသို့ မလိုက်ပါစေမိ’’ ဖို့ ယုံကြည်သောစိတ်နှင့်ကာလအစဉ်မပြတ် ကျွန်ုပ်တို့ဆုတောင်းသင့်ကြပါသည်။ (မဿဲ ၆:၁၃)။HFB 578.1