Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆုတောင်းခြင်းနှင့်ကျမ်းစာဖတ်ခြင်းကို လျစ်လျူရှုခြင်း၏ဆိုးကျိုးများ

    ဆုမတောင်းဘဲ မည်သည့်အခါမျှ ကျမ်းစာကိုမလေ့လာသင့်ချေ။ သင့်ရှင်းသောဝိညာဉ်တော်တစ်ပါးတည်းကသာ အရေးပါသောအချက်များကို လွယ်ကူစွာနားလည်စေနိုင်သကဲ့သို့ ခက်ခဲသည့် သမ္မာတရားများကို ကောင်းမွန်စွာသဘောပေါက်စေနိုင်ပါသည်။ ဘုရား၏နှုတ်တော်ထွက် စကားများကို နားလည်စေရန် ကောင်းကင်တမန်များက စိတ်နှလုံးများကို ပြုပြင်ပေးတော်မူကြပါသည်။ ကျွန်ုပ်တို့ကို သမ္မာတရား၏ တင့်တယ်မှုဖြင့် ဆွဲဆောင်တော်မူ၏။ သမ္မာတရား၏ သတိပေးစကားများဖြင့် ဆုံးမတော် မူသည့်ပြင် သမ္မာတရားပါ ကတိတော်များအားဖြင့် အားဖြည့်ပေးတော် မူပါသည်။ စုံစမ်းခြင်းခံရသူများသည် ဘုရားသခင်၏ကတိတော်များကို သတိရ အောက်မေ့နိုင်ခြင်း မရှိသည့်ပြင် သမ္မာကျမ်းစာတည်းဟူသော လက်နက် အားဖြင် စာတန်အား မရင်ဆိုင်နိုင်ကြခြင်းကြောင့် စုံစမ်းခြင်းများသည် တွန်းလှန်ရန် မဖြစ်နိုင်သည့်အခြေအနေသို့ မကြာခဏရောက်ရှိသွားတတ်ပါ သည်။ သို့ရာတွင် အသွန်သင်ခံလိုသူများ၏ပတ်လည်တွင် ကောင်းကင်တမန် များသည် ဝန်းရံနေကြကာ လိုအပ်သည့် သမ္မာတရားများကို ပြန်လည်သတိရ အောက်မေ့အောင် မစကူညီကြပါလိမ့်မည်။HFB 655.1

    ‘‘သန့်ရှင်းသောဝိညာဉ်တော်သည် --- ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အားပေးတော်မူမည်။’’ ယောဟန် ၁၄:၂၆။ သို့သော် ခက်ခဲရာကာလတွင် ပြန်လည်သတိရအောက်မေ့လာအောင် သန့်ရှင်းသော ဝိညာဉ်တော်က မစနိုင်ရန် အလို့ငှာ ခရစ်တော်၏ သွန်သင်ချက်များကို ယခင်ကတည်းက စိတ်ထဲတွင်သိုထားကြရပါမည်။HFB 656.1

    ဖွေးဖွေးလှုပ်အောင်များပြားလှသည့် လူထုကြီး၏ ကံကြမ္မာကို ဆုံးဖြတ်ချက်ချပေတော့မည်။ ‘‘သခင်ဘုရား၊ ကျွန်ုပ်လုပ်ဆောင်ရမည့်အရာကို ပြညွှန်တော်မူပါ’’ ဟု ခရစ်ယာန်တိုင်း အနူးအညွတ်တောင်းလျှောက်သင့်ပါ သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ပတ်သက်သောအရာများတွင်ရှိသော လေးနက်အသက်ပါသော အတွေ့အကြုံများကို ယခုအချိန်တွင် ကြိုးစားရှာဖွေ သင့်ကြပါသည်။ ကျွန်ုပ်တို့သည် စာတန်ညှို့ယူဆွဲဆောင်နေသည့်နယ်မြေတွင် အသက်ရှင်နေထိုင်လျက်ရှိကြရာ တစ်မိနစ်၊ တစ်စက္ကန့်ကိုပင် အချိန်မဖြုန်း သင့်ပါချေ။ ဘုရားသခင်၏ကင်းစောင့်တို့၊ ငိုက်မျဉ်းအိပ်ပျော်မနေကြပါနှင့်။HFB 656.2

    လူအများသည် မိမိတို့မကျူးလွန်သည့် မှားယွင်းသော လုပ်ဆောင်မှုများအတွက် ကိုယ့်ကိုကိုယ်ဝမ်းမြောက်ဂုဏ်ယူနေတတ် ကြပါသည်။ ၎င်းတို့သည် ဘုရားသခင်၏ဥယျာဉ်တော်ထဲမှ သစ်ပင်များ ဖြစ်သည်ဆိုရုံနှင့်မလုံလောက်သေးဘဲ အသီးများလည်း သီးကြရပါမည်။ ကောင်းကင်စာစောင်များတွင် ၎င်းတို့အား ဆန်ကုန်မြေလေးများအဖြစ် မှတ်တမ်းတင်ထားပါသည်။ သို့စေကာမူ ဘုရား၏ကရုဏာတော်ကို အလေးမထား၊ ကျေးဇူးတော်ကို တလွဲ အသုံးချနေသူများအတွက် စိတ်ရှည်ခြင်းနှင့်ပြည့်ဝသော မဟာမေတ္တာတော် ရှင်သည် ထာဝရဘုရားသခင်ရှေ့တော်တွင် အသနားခံဆဲဖြစ်တော်မူသည်။HFB 656.3

    အရွက်များဖြင့်စည်နေသော မိုးတွင်းကာလတွင် အမြဲစိမ်းလန်းသော အပင်နှင့် အခြားအပင်များ၏ခြားနားမှုကို သတိထားမိကြမည် မဟုတ်သော်လည်း အရွက်ကြွေသောနွေကာလတွင် အမြဲစိမ်းအပင်များသည် ဆက်လက်စိမ်းလန်းနေကြမည်ဖြစ်သော်လည်း အခြားအပင်များမှာမူ အရိုးနှင့်ပြိုင်းပြိုင်း၊ အရွက်ဆိုလို့ ဗလာနတ္ထိဖြစ်နေသည်ကို တွေ့ကြရလိမ့်မည်။ ဘာသာရေးဆန့်ကျင်သူများ၊ သဘောထားကျဉ်းမြောင်းသေးသိမ်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ ပြန်လည်အသက်ဝင်လာသည်ဆိုပါတော့။ ထိုအချိန်တွင် သူတော်ကောင်းယောင်ဆောင်သူများသည် ၎င်းတို့၏ယုံကြည်ခြင်းကိုစွန့်လွှတ် ကြလိမ့်မည်ဖြစ်သော်လည်း ခရစ်ယာန်အစစ်အမှန်များသည် မားမားမတ်မတ် ရပ်တည်ကာ ဒုက္ခဆင်းရဲခြင်းကင်းသည့် ကာလမှာရှိသောယုံကြည်ခြင်းထက် ၎င်းတို့၏ယုံကြည်ခြင်းသည် ပို၍ခိုင်မာလာလိမ့်မည်။ ၎င်းတို့၏မြော်လင့်ခြင်း သည်လည်း ပို၍ပီပြင်လာပါလိမ့်မည်။HFB 657.1

    ‘‘ထိုသူသည်ကား ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာအမြစ်ဖြာသဖြင့် ပူသောအရှိန်ရောက်ကြောင်းကိုမသိ။ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ အစဉ်အမြဲအသီးကိုသီးတတ်သောအပင်နှင့်တူ၏။’’ ယေရမိ၊ ၁၇:၈။HFB 657.2

    *****