Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဧကရာဇ်မင်း၏စောင့်ရှောက်ခေါ်ယူခြင်း

    ‘‘ညီအစ်ကိုတို့၊ များပြား၍အန္တရာယ်ရှိသော ရန်သူများနှင့်တွေ့ဆုံရန် ဘုရင့်အစောင့်တပ်များနှင့်အတူ ကျွန်ုပ်ထွက်ခွာနေပါသည်။ ယေရှုခရစ်သည် ချစ်သောသားသမီးများအတွက် ဒုက္ခဝေဒနာကို ခံစားတော်မူခဲ့သည်။ ကိုယ်တော်ထားခဲ့သည့် နမူနာပုံသက်သေအတွက် ကျွန်ုပ်တို့အံဩနေသင့် ပါသလား။ ထိုကြောင့် ချစ်သူတို့ ကျွန်ုပ်အသေခံခြင်းကြောင့် ဘုန်းတော်ထင်ရှားလာမည်ဆိုလျှင် ကျွန်ုပ်မြန်မြန်သေရန်အတွက်သော် လည်းကောင်း၊ ကျွန်ုပ်ရင်ဆိုင်နေရသော အတိဒုက္ခကို ခိုင်မြဲသောသစ္စာဖြင့် ကိုယ်တော်မစကူညီနိုင်ရန်အတွက်သော်လည်းကောင်း ဆုတောင်းပေးကြပါ။ လိုက်လျှောက်ရန်အကောင်းဆုံးပုံသက်သေများကို ကျွန်ုပ်၏ညီအစ်ကိုများ အတွက် ချန်ထားနိုင်ရန်အလို့ငှါ ဧဝံဂေလိတရားတော်မှ မည်သည့်အမှန်တရား တစ်ခုကိုမျှ မခြွင်းချန်မိစေဖို့ ဘုရားသခင်ထံ၌ ဆုတောင်းကြပါစို့’’ ဟူ၍ မိတ်ဆွေများထံ ဟပ်စ်စာရေးခဲ့ပါသည်။HFB 91.2

    ထိုနောက် ‘‘ဝတ်ကောင်းစားလှများဝတ်လျက် သာယာမှုကို ခံစားခဲ့ခြင်း၊ အကျိုးမရှိသောအလုပ်များအတွက် အချိန်ဖြုန်းမိခဲ့ခြင်း များအတွက်’’ သူ့ကိုယ်သူ နှိမ့်ချပြစ်တင်သည့် စာတစ်စောင်ကိုလည်း ရေးသားပေးပို့ခဲ့သည်။ ထိုစာတွင် ‘‘သင်တို့၏စိတ်တွင် ဥစ္စာလယ်ယာများကို ပိုင်ဆိုင်ဖို့လောက်သာ စိတ်ကူးမနေဘဲ အသက်ဝိညာဉ်များကို ကယ်တင်ရန် အမြဲတမ်းစိတ်စောနေဖို့ ဘုရားသခင်၏ဘုန်းတော် ထင်ရှားပါစေ။ သင်၏ အသက်ဝိညာဉ်အတွက်ပြင်ဆင်ရန် လုပ်ဆောင်သည်ထက် သင့်အိမ်ကိုမမွမ်းမံ မိစေရန် သတိပြုပါ။ ဝိညာဉ်ရေး တည်ဆောက်မှုကို အထူးဂရုပြုပါ။ ဆင်းရဲသားများနှင့် ဆက်ဆံရာတွင် နှိမ့်ချပါ။ ဘုရားတရားရှိပါ။ အပျော်အပါး အတွက် သင့်ဥစ္စာကို မဖြုန်းပါနှင့်’’ ဟူ၍ ထပ်လောင်းဖော်ပြထားပါသည်။HFB 92.1

    ကွန်စတိန်းမြို့တွင် ဟပ်စ်သည် လွတ်လွတ်လပ်လပ်နေထိုင်ခွင့် ရခဲ့သည်။ ဘုရင့်လုံခြုံရေးတပ်အပြင် ရဟန်းမင်း၏ ပုဂ္ဂိုလ်ရေး လုံခြုံမှု အာမခံချက်ကိုလည်း ရရှိထားပါသည်။ သို့ရာတွင် ထပ်တလြလဲ အာမခံချက် များကိုချိုးဖောက်ကာ ရဟန်းမင်း၏နှင့် ဂိုဏ်းချုပ်များ၏အမိန့်ဖြင့် ဟပ်စ်ကိုဖမ်းကာ ရွံစရာကောင်းသည့်အချုပ်ခန်းထဲတွင် လှောင်ထားပါသည်။ နောက်ပိုင်းတွင် ရိုင်းမြစ်တစ်ဖက်ကမ်းရှိ လုံခြုံသောရဲတိုက်တစ်ခုတွင် အကျဉ်းသားတစ်ဦးအဖြစ် ချုပ်နှောင်ထားပါသည်။ မကြာမီတွင်ပင် ထိုရဟန်းမင်းဂျွန်သည်လည်း လူသတ်မှု၊ အသင်းတော်ငွေကို အလွဲသုံးစားလုပ်မှု၊ သူများမယားနှင့် ဖေါက်ပြန်သည့်အမှုစသည်ဖြင့် အခြားဖေါ်ပြဖို့ပင် မသင့်လျော်သည့်ပြစ်မှုများကို ကျူးလွန်ခဲ့သောကြောင့် ထိုရဲတိုက်၌ပင် အချုပ်ခံခဲ့ရပါသည်။ သူနှင့်တကွ အခြားပြိုင်ဘက်ရဟန်းမင်းနှစ်ပါးစလုံးကို ရာထူးမှချကာ ရဟန်းမင်း အသစ်တစ်ပါးကိုရွေးချယ်ပေးခဲ့ပါသည်။HFB 92.2

    ရဟန်းမင်းအဖွဲ့အပေါ် ဟပ်စ်စွဲဆိုထားသည့် ပြစ်မှုများထက် ဆိုးရွားသောပြစ်မှုများကို ထိုရဟန်းမင်းဂျွန်ကိုယ်တိုင် ကျူးလွန်ငြား သော်လည်း ရဟန်းမင်းများကို ရာထူးမှချခဲ့သည့် ထိုကောင်စီသည် ဟပ်စ်အား ဆက်လက်၍ ဒုက္ခပေးနေပါသေးသည်။ ဟပ်စ်အား ဖမ်းဆီးချုပ်နှောင်မှုကြောင့် ဘူဟီးမီးယား၌ ရုတ်ရုတ်သဲသဲဖြစ်သွားပါသည်။ လုံခြုံရေးတပ်အပေါ် အကြမ်းပတမ်းပြုခြင်းကို စက်ဆုပ်သောဧကရာဇ်ဘုရင်က ဟပ်စ်အပေါ် လုပ်ဆောင်သည့်နည်းလမ်းများကို ကန့်ကွက်ကာ ဧကရာဇ်ဘုရင်များ၏ လုံခြုံရေးတပ်များဖြင့် နေရာချထားခဲ့သော်လည်း ဟပ်စ်၏ရန်သူများက ဘာသာရေးဖေါက်ပြန်သူများ (သို့မဟုတ်) ဖေါက်ပြန်သည်ဟု သံသယရှိသူ များအားယုံကြည်စိတ်ချရန် မသင့်လျော်ဟုဆိုကာ ၎င်းအားဆက်လက် အရေးယူ ဆောင်ရွက်နေပါသည်။HFB 93.1

    ဖျားနာမှုကြောင့်အားနည်းနေစဉ်တွင် စိုထိုင်းသောအချုပ်ခန်းကြောင့် သေလုမတတ်အဖျားတက်နေသောဟပ်စ်ကို နောက်ဆုံးတွင် ကောင်စီရှေ့သို့ ခေါ်ထုတ်လာပါသည်။ မိမိအား အကာအကွယ်ပေးမည်ဟု ယုံကြည်ခဲ့ရသော ဧကရာဇ်ဘုရင်၏ရှေ့မှောက်တွင် သံကြိုးအချည်အနှောင်ဖြင့် ဟပ်စ်ရပ်နေ ပါသည်။ သူသည် သမ္မာတရားဘက်တွင် ဆက်လက်ရပ်တည်ကာ ရဟန်းမင်း အဖွဲ့၏ဖေါက်ပြန်မှုများကို အကြီးအကျယ်ကန့်ကွက်ခဲ့ပါသည်။ မိမိ၏ ယုံကြည်ချက်များကို စွန့်ပယ်မည်လား၊ (သို့မဟုတ်) အသေခံမည်လားဆိုသည့် အချက်ကိုရွေးချယ်ခိုင်းရာ သမ္မာတရားအတွက် အသေခံရန် သူဆုံးဖြတ် ခဲ့ပါသည်။HFB 93.2

    ဘုရားသခင်၏ ကျေးဇူးတော်သည် သူ့အားထောက်မခဲ့ပါသည်။ နောက်ဆုံးစီရင်ချက်မချမီ အတိဒုက္ခရောက်နေစဉ်တွင် ကောင်းကင်မှ ငြိမ်သက်ခြင်းသည သူတစ်ကိုယ်လုံး၌ ပျံ့နှံ့ယိုစီးခဲ့ပါသည်။ ‘‘မနက်ဖြန်မှာ သေဒဏ်ပေးလိမ့်မည်ဟု မျှော်လင့်လျက် သံကြိုးဖြင့် လက်ထိပ်ခတ်ထားသော လက်ဖြင့် အကျဉ်းထောင်ထဲမှနေပြီး ဒီစာကိုရေးလိုက်ပါတယ်။ ခရစ်တော်ရဲ့ မစမှုဖြင့် တို့တတွေ နောင်ဘဝမှာ ငြိမ်သက်သာယာစွာ ပြန်လညတွေ့ဆုံကြတဲ့အခါမှာ ဘုရားသခင်ဟာ ငါ့အပေါ်မှာ ဘယ်လောက် ကရုဏာထားခဲ့တယ်။ ဒုက္ခပင်လယ်ဝေနေတဲ့အချိန်မှာ ငါ့ကိုဘယ်လောက် ထောက်မခဲ့တယ် ဆိုတာတွေကို မင်းသိပါလိမ့်မယ်’’ ဟူ၍ မိတ်ဆွေတစ်ယောက်ထံ သူစာရေးခဲ့ပါသည်။HFB 94.1