Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ဘုရားသခင့်မေတ္တာတော်၏အောင်ပွဲ

    ထာဝရဘုရားသခင်ကိုယ်တော်တိုင် လူသားများ၏နှလုံးသား၌ စိုက်ပျိုးပေးခဲ့သော မေတ္တာတရား၊ ကိုယ်ချင်းစာတရားများသည် ထိုပြည်တွင် အကောင်းဆုံးလှုပ်ရှားနေပါပြီ။ ကောင်းကင်သားများနှင့်တကွ ခေတ်အဆက်ဆက်တွင် သစ္စာရှိခဲ့သူများတို့နှင့်ပြုလုပ်သည့် သန့်စင်သော ဆက်သွယ်မှု ‘‘ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တစ်အိမ်ထောင်လုံး’’ အား ချည်နှောင်ထားသည့် သန့်ရှင်းသော သံယောဇဉ်များသည် ကယ်တင်ခြင်းခံရသူများ၏ ပျော်ရွှင်သာယာမှုကို တည်ဆောက်ရာတွင် အထောက်အကူပြုပါသည်။HFB 741.1

    ထိုအရပ်တွင် မသေကျေမပျက်စီးနိုင်တော့သည်စိတ်ဓါတ်များဖြင့် ဖန်ဆင်းခြင်းတန်ခိုး၏အံ့ဖွယ်ရာများ၊ ကယ်နုတ်ခြင်း မေတ္တာတော်၏ နက်နဲ မှုများကို နှစ်နှစ်ခြိုက်ခြိုက်အာရုံပြုလေ့လာကြလိမ့်မည်။ စွမ်းရည် အသီးသီးသည် ဖွံ့ဖြိုးလာလိမ့်မည်။ လုပ်နိုင်စွမ်းများလည်း တိုးတက်လာလိမ့်မည်။ ဗဟုသုတများကို ရှာဖွေဆည်းပူးနေရသောကြောင့် အားကုန်သွားသည်ဟူ၍မရှိ။ ကြီးကျယ်ခမ်းနားသည့်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားကြလိမ့်မည်။ မြင့်မားသောမျှော်မှန်းချက်များကို တက်လှန်းနိုင်ကာ အမြင့်မားဆုံးသောရည်ရွယ်ချက်ကိုပင် အကောင်အထည် ဖော်နိုင်ကြလိမ့်မည်။ သို့စေကာမူ နောက်ထပ်ပို၍သိစရာများ ပေါ်လာလိမ့် ဦးမည်။ ချီးမွမ်းစရာအံ့ဩဖွယ်များ၊ သိရှိစရာသမ္မာတရားများ၊ ကိုယ်စိတ်နှလုံး သုံးပါးကိုအင်အားဖြည့်ပေးမည့် လန်းဆန်းသောအရာများ နောက်ထပ် ပေါ်လာလိမ့်ဦးမည်။HFB 741.2

    စကြဝဠာ၏တန်ဖိုးရှိသောအရာအားလုံးကို ကယ်တင်ခြင်းခံရသူများ မြင်တွေ့ကြရလိမ့်မည်။ သေတတ်သောဇာတိဖြင့် ထိန်းချုပ်ထားခြင်း မရှိတော့ သဖြင့် သူတို့သည် အတောင်များဖြင့် အဝေးကမ္ဘာများဆီသို့ မမောမပန်းတမ်း ပျံသန်းသွားကြပါသည်။ ဤလောကမှ ကယ်တင်ခြင်းခံရသူသားသမီးများသည် အပြစ်နှင့်မညစ်ညမ်းသောသည့် ကမ္ဘာများမှ ဝမ်းမြောက်မှုနှင့် ဉာဏ်ပညာများကို ရယူခံစားကြကာ ၎င်တို့ခေတ်အဆက်ဆက်ရခဲ့ကြသည့် ဗဟုသုတများကို ထိုကမ္ဘာသားများအား မျှဝေကြပါသည်။ ဘုရားသခင်၏ ပလ္လင်တော်ကို စနစ်တကျလှည့်ပတ်လှုပ်ရှားနေသော အရာအားလုံးနှင့်တကွ နေနှင့်ကြယ်များ စသည့်ဖန်ဆင်းခြင်း၏အသရေကို ၎င်းတို့ထင်ထင်ရှားရှား ကြည့်မြင်ကြရပါသည်။HFB 742.1

    သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်တို့၏ဗျာဒိတ်တော်များ ကိုလည်း ထာဝရကာလဆက်လက်ခံယူကြပါလိမ့်မည်။ ထိုသူများသည် ဘုရားသခင့်အကြောင်းကို ပိုမိုလေ့လာသည်နှင့်အမျှ ကိုယ်တော်၏ စာရိတ္တတော်ကို ပို၍ပို၍ချီးမွမ်းလာကြပါသည်။ ရွေးနုတ်ခြင်း၏ ကောင်းမြတ်ခြင်းများနှင့် မဟာတိုက်လှန်ပွဲတွင် စာတန်အပေါ် အောင်ပွဲဆင် ခဲ့သည့် အံ့ဩဖွယ်အောင်မြင်မှုများကို ၎င်းတို့အားခရစ်တော်ပြတော်မူသောအခါ ထောင်ပေါင်း၊ သန်းပေါင်းများစွာသောထိုသူများသည် ဝမ်းသာပီတိဖြစ်ကာ ဂုဏ်တော်ကိုချီးမွမ်းကြပါသည်။ ‘‘ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအရပ်ရပ်တို့၌ ရှိရှိသမျှသောဝေနေယျသတ္တဝါအပေါင်းတို့က ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။’’ ဗျာဒိတ် ၅:၁၃။HFB 742.2

    မဟာတိုက်လှန်ပွဲကြီးလည်း အဆုံးသတ်သွားချေပြီ။ အပြစ်နှင့်တကွ အပြစ်သားများလည်း မရှိကြတော့ပြီ။ စကြဝဠာတစ်ခွင်လုံးသည် သန့်ရှင်း စင်ကြယ်ကာ ညီညွတ်မှု၊ ပျော်ရွှင်မှုများဖြင့် လွှမ်းမိုးနေပါသည်။ ကိုယ်တော်ရှင့် ထံမှ ယိုစီးထွက်လာသောအသက်၊ အလင်းနှင့် ဝမ်းမြောက်မှုများသည် ဝေနေယျသတ္တဝါများသို့ အကန့်အသတ်မရှိ ဖြန့်ကြက်နေပါသည်။ အသေးငယ် ဆုံး အက်တမ်မှအစ အကြီးကျယ်ဆုံးကမ္ဘာများအဆုံး သက်ရှိ၊ သက်မဲ့အရာ အားလုံးတို့က ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော် မူသည်ဟု ဖုံးကွယ်၍ မရသောအလှ၊ စုံလင်သောပျော်ရွှင်မှုများဖြင့် ကြွေးကြော်ကြပါသည်။HFB 743.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents