Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နှုတ်ကပတ်တော်၏တန်ခိုးတော်

    လူးသာပြန်လာပြီး တရားဟောတော့မည်ဆိုသည့်သတင်းကြောင့် ဝစ်တင်းဘတ်တစ်မြို့လုံးတွင် အုန်းအုန်းကျွက်ကျွက် ဖြစ်သွားပါသည်။ ဘုရားကျောင်းများ၌လည်း လူပြည့်နေပါသည်။HFB 192.1

    သူသည် နူးညံ့သိမ်မွေ့၍ ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် ‘‘Mass လို့ခေါ်တဲ့ ရောမအသင်းတော်က ပြုလုပ်တဲ့ပွဲတော်မင်္ဂလာဟာ မကောင်းတဲ့အရာ တစ်ခုပဲ။ ဘုရားသခင်က ဒါကိုဆန့်ကျင်တော်မူတယ်။ ဒါကိုဖျက်သိမ်းပစ်သင့်တယ်။ ဒါပေမယ့် ဇွတ်အတင်းကြီး မလုပ်ဖို့တော့ မတားမြစ်ပါနဲ့။ ကျွန်တော်တို့လုပ်စရာမလိုဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က လုပ်လိမ့်မယ်။ ကျွန်တော်တို့မှာ ပြောဆိုပိုင်ခွင့်ရှိပေမယ့် ကိုယ်ထိလက်ရောက်လုပ်ခွင့်မရှိဘူး။ ဒါကြောင့် ကျွန်ုပ်တို့တရားဟောကြစို့။ ကျန်တာတွေကို ဘုရားသခင်ပိုင်တော်မူတယ်။ ကျွန်တော်တို့ဟာ အင်အားကို အသုံးပြုလုပ်ဆောင်ခဲ့ရင် ဘာအမြတ်ထွက်မလဲ။ ဘုရားသခင်သည် စိတ်နှလုံးကိုဆုပ်ကိုင်ပြီး ယူငင်လိုက်သောအချိန်မှာ အရာခပ်သိမ်းတို့အပေါ် ကိုယ်တော်အောင်ပွဲ ဆင်သွားမှာပါ။’’ ‘‘ကျွန်တော်ဟာ တရားဟောမယ်၊ ဆွေးနွေးမယ်၊ ရေးသားမယ်။ သို့သော် ဘယ်သူ့ကိုမှအနိုင်အထက် သွေးမဆောင်ဘူး။ ယုံကြည်ခြင်းဆိုတာ ကိုယ့်ဆန္ဒနဲ့ကိုယ်ခံယူလုပ်ဆောင်သော အရာတစ်ခုဖြစ်တယ်။ ကျွန်တော်ဟာ အကြမ်းမဖက်၊ ရုန်းရင်းဆန်ခတ်မလုပ်ဘဲ ရဟန်းမင်းနှင့်တကွ သူ့အုပ်ချုပ်ရေးစနစ်၊ သူ့အပြစ်လွတ်ခြင်းလက်မှတ်တွေကိုဆန့်ကျင်မယ်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုတင်ပြမယ်၊ တရားဟောမယ်၊ ရေးမယ်၊ ဒါတွေဟာ ကျွန်တော်လုပ်ခဲ့တဲ့အရာတွေဖြစ်တယ်။ ကျွန်တော်အိပ်ပျော်နေ စဉ်မှာ မည်သူမှနှုတ်ကပတ်တော်ကို ထိခိုက်အောင်မလုပ်နိုင်စေရန် ကျွန်တော် ဟောခဲ့တဲ့တရားတွေက ရဟန်းမင်းတို့အဖွဲ့ကို ဖြိုဖျက်လိမ့်မယ်’’ ဟု သွန်သင်ဆုံးမခဲ့ပါသည်။ နှုတ်ကပတ်တော်သည် အယူသီးသော လှုပ်ရှားမှုများကိုချိုးနှိမ်ကာ ဧဝံဂေလိတရားသည် လမ်းမှားသို့ ခေါ်ဆောင်ခြင်း ခံရသူများအား အမှန်လမ်းသို့ ပြန်လည်ခေါ်ဆောင်လာလိမ့်မည်။HFB 192.2

    နှစ်များစွာအကြာတွင် အယူသီးမှုကြောင့် ဆိုးရွားသော အကျိုးဆက်များကိုဖြစ်ပေါ်စေခဲ့ပါသည်။ ‘‘ထိုသူများအတွက် သမ္မာကျမ်းစာသည် အသက်မဲ့သောစာပေတစ်ခုသာဖြစ်နေ၏။ ဝိညာဉ်တော်၊ ဝိညာဉ်တော်ဟူ၍ စတင်အော်ဟစ်နေကြသော်လည်း ကျွန်တော့်အနေနဲ့တော့ ဝိညာဉ်တော်လို့ သူတို့ခေါ်ဆိုတဲ့အရာနောက်ကို မလိုက်မှာသေချာတယ်’’ ဟု လူးသာပြောခဲ့သည်။HFB 193.1

    တစ်ယူသန်တဇောက်ကန်းသော မတ်မွန်ဇာသည် စွမ်းရည်နှင့်ပြည့်စုံသူ တစ်ဦးဖြစ်သည်။ သို့သော် စစ်မှန်သောဘာသာအယူဝါဒကို မလေ့လာဖူးခဲ့ချေ။ ‘‘သူ၌ ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲလိုတဲ့ဆန္ဒရှိတယ်။ ဒါပေမယ့် အခြားစိတ်ထက်သန်မှုများလိုပဲ ဘာသာရေးပြောင်းလဲမှုကို မိမိကိုယ်၌က အလျင်ဦးဆုံးစရမယ်ဆိုတာကို သူမေ့လျော့နေတယ်။ သူဟာ ဘယ်တော့မှ ဒုတိယနေရာမှာ မနေချင်ဘူး။ လူးသာရဲ့နောက်မှ ဒုတိယလူလုပ်ရမှာကိုတောင် သူမကြိုက်ဘူး။ စစ်မှန်သောပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို အစပျိုးဖို့ ဘုရားသခင်က သူ့ကိုတာဝန်ပေးအပ်ထားတယ်လို့လည်း သူဟစ်ကြွေး နေတယ်။ ဒီစိတ်ဓါတ်နှင့် စစ်မှန်သောယုံကြည်ခြင်းများ သူ၌ရှိသော်လည်း သမ္မာကျမ်းစာကို သူ့အသက်တာမှာ တစ်ခါမှ သူမတွေ့ဖူးခဲ့ဘူး။’’ ထိုတစ်ယူသန်တဇောက်ကန်းဆရာများသည် စိတ်ထဲမှာ ထင်မြင်သမျှ၊ စိတ်လှုပ်ရှားမှုမှန်သမျှကို ဘုရားသခင်၏အမိန့်တော်ဟု မှတ်ယူကာ မိမိကိုယ်ကိုခံစားမှု၏ စိုးမိုးမှုအောက်သို့ ပို့ဆောင်နေကြပါသည်။ တချို့မှာ မိမိတို့၏သမ္မာကျမ်းစာများကိုပင် မီးရှို့ပစ်ကုန်ကြပါသည်။ မွန်ဇာ၏ ယုံကြည် ချက်များကို လူအများက လက်ခံခဲ့ကြပါသည်။ မင်းညီမင်းသားများ၏ စကားကို နားထောင်လိုက်လျှောက်ခြင်းသည် ဘုရားသခင်နှင့် ဘယ်လီယာ (Belial) နှစ်ပါးစလုံးကိုကိုးကွယ်ဖို့ ကြိုးစားခြင်းဖြစ်သည်ဟု မကြာမီတွင် သူကြေညာခဲ့ပါသည်။HFB 194.1

    မွန်ဇာ၏တော်လှန်ရေးသွန်သင်ချက်များသည် လူတို့အားထိန်းချုပ်မှုမှ ရုတ်တရက်လွှတ်ပေးလိုက်သလို ဖြစ်သွားပါသည်။ ကြောက်စရာကောင်းသည့် တိုက်ခိုက်မှု မြင်ကွင်းများဆက်တိုက်ပေါ်ပေါက် လာပြီး ဂျာမနီပြည်ရှိ လယ်ကွင်းများသည် သွေးများဖြင့်ရွှဲရွှဲစိုသွားခဲ့ပါသည်။HFB 194.2