Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၈) - ကမ္ဘာသစ်တွင်အလင်းသစ်ထွန်းလင်းခြင်း

    သမ္မာတရားကို သိရှိနားလည်လိုသည့် ဖြောင့်မှန်ရိုးသားသော လက်သမားတစ်ယောက်ကို ဒုတိယအကြိမ်ကြွလာခြင်းဆိုင်ရာ သတင်းစကားကို ကြွေးကြော်ရန် ဘုရားသခင်ရွေးချယ်တော်မူ၏။ ဝီလီယမ်မီလာသည် အခြားဘာသာရေးပြုပြင်ပြောင်းလဲရေးသမားများနည်းတူ ဆင်းရနွမ်းပါးမှုနှင့် ရင်ဆိုင်ခဲ့ရပြီး ကိုယ်အလိုကိုငြင်းပယ်ခြင်းဆိုင်ရာ သင်ခန်းစာများကို လေ့ကျက်ခဲ့ရသည်။HFB 334.1

    သူသည် ငယ်စဉ်ကတည်းက သာမန်ကလေးများထက် ဉာဏ်ထက်မြက်သည်။ အသက်ကြီးလာသည်နှင့်အမျှ သွက်လက်ချက်ချာကာ သဘောထားပြည့်ဝလာပါသည်။ ဗဟုသုတများကို ဆာငတ်ခင်မွတ်သူလည်း ဖြစ်သည်။ စာပေလေ့လာလိုက်စားမှုကို နှစ်ခြိုက်ခြင်း၊ ဆင်ဆင်ခြင်ခြင် တွေးတောတတ်ခြင်း၊ အနီးစပ်ဆုံး မှန်အောင်အကဲဖြတ်တတ်ခြင်းစသည့် အရည်အချင်းတို့ကြောင့် ဆုံးဖြတ်ချက်ခိုင်မာ၍ အမြော်အမြင်ကြီးမားသူတစ်ဦး ဖြစ်လာပါသည်။ အပြစ်တင်စရာမရှိသော စာရိတ္တနှင့် မနာလိုစရာကောင်း လောက်အောင် ကြီးမြတ်သောဂုဏ်သတင်းများကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ စစ်ဘက်နယ်ဘက်တွင် နာမည်ကောင်းဖြင့် အမှုထမ်းခဲ့သူလည်း ဖြစ်သည်။ စည်းစိမ်ဥစ္စာနှင့် ရာထူးရာခံများသည် သူ့အားလှိုက်လှိုက်လှဲလှဲ ကြိုဆိုနေသယောက်ဖြစ်ခဲ့သည်။HFB 334.2

    သူသည် ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက ဘာသာရေးကို စိတ်ဝင်စားခဲ့သူဖြစ်သည်။ လူလားမြောက်လာသောအခါ ဒေးအစ်အဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။ (ဒေးအစ်ဆိုသည်မှာ ‘ဘုရားသည် အမှန်တကယ်တည်ရှိပြီး အရာရာကိုဖန်ဆင်းကာ ပစ်ထားသည်ဟု ယုံကြည်သောအယူဝါဒဖြစ်သည်။’) ဒေးအစ်များသည် နိုင်ငံသားကောင်းများ၊ လူအချင်းချင်းစာနာမှုရှိပြီး စေတနာထက်သန်သောသူများဖြစ်ရာ ၎င်းတို့၏ အယူဝါဒသည် မီလာအပေါ်များစွာစိုးမိုးခဲ့ပါသည်။ ခရစ်ယာန်ကျောင်းများတွင် နေခဲ့ကြသဖြင့် ၎င်းတို့၏ အကျင့်စာရိတ္တများသည်လည်း ပတ်ဝန်းကျင်၏ ပုံသွင်းမှုကို အတော်များများခံခဲ့ကြရသည်။ ၎င်းတို့အားလေးစားစရာ ပုဂ္ဂိုလ်များ ဖြစ်စေခဲ့သည့် ကောင်းသောအရည်အသွေးများမှာ သမ္မာကျမ်းစာကို လေ့လာလိုက်စားမှုကြောင့်ဖြစ်သော်လည်း ဤကောင်းသောဆုကျေးဇူးများကို နှုတ်ကပတ်တော်နှင့်ဆန့်ကျင်သော ဩဇာသက်ရောက်မှုများဖြစ်အောင် လွဲမှားစွာအသုံးချခဲ့ကြသည်။ မီလာသည် ၎င်းတို့၏ သဘောထားများကို လက်ခံကျင့်သုံးရန် လမ်းပြခြင်းခံခဲ့ရသည်။HFB 334.3

    သမ္မာကျမ်းစာကို လောလောဆယ် အနက်ဖွင့်ဆိုမှုများသည် သူ့အတွက် နားမလည်နိုင်လောက်အောင်ခက်ခဲနေသော်လည်း သမ္မာကျမ်းစာကို ဘေးဖယ်ထားသည့် သူ၏ယုံကြည်ခြင်းအသစ်သည်လည်း သူ့အား ပို၍ ကောင်းသောအရာတစ်စုံတစ်ခုကိုမျှ မပေးစွမ်းနိုင်သောကြောင့် သူစိတ်ကျေ နပ်မှု မရခဲ့ချေ။ သို့ရာတွင် ၎င်း၏အသက် (၃၄) နှစ်သို့ရောက်လာသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းအားအပြစ်သားတစ်ဦးဖြစ်သည်ဟူသော အသိကိုသိစေခဲ့သည်။ သေလွန်ခြင်း၏ နောက်ကွယ်မှာရှိသည့် ဝမ်းမြောက်ခြင်း အတွက် မည်သည့်အာမခံချက်ကိုမှ သူမတွေ့ခဲ့ချေ။ သူ့အနာဂတ်သည် မှောင်မည်း၍ ဝမ်းနည်းစရာဖြစ်နေရာ ကောင်းကင်သည် ကျွန်တော် ခေါင်းပေါ်မှာ ကြေးဝါပြားကြီးလိုဖြစ်နေပြီး မြေကြီးဟာ ကျွန်တော်ခြေအောက် မှာ သံပြားကြီးလိုဖြစ်နေပါတယ်။ တွေးလေအဖြေမရလေ ဖြစ်နေပါတယ်။ ဆက်မတွေးဖို့ ကျွန်တော်ကြိုးစားခဲ့ပေမယ့် တွေးမြဲတိုင်းဆက်ပြီး တွေးနေမိ ပါတယ်။ ကျွန်တော်ဟာ တကယ်စုတ်ပြတ်နေတဲ့လူပါပဲ။ ဒါပေမယ့် ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်ညည်းညူအပြစ် တင်မိတယ်။ ဒါပေမယ့် ဘယ်သူကိုအပြစ်တင်ရမယ်ဆိုတာကိုလည်း ကျွန်တော် မသိဘူး။ တစ်ခုခုမှားနေတယ်ဆိုတာကိုတော့ ကျွန်တော်သိတယ်။ ဒါပေမယ့် ဘယ်လိုမှားနေတယ်ဆိုတာနဲ့ ဘယ်နေရာမှာအဖြေရမယ်ဆိုတာကိုတော့ ကျွန်တော်မသိခဲ့ဘူး’’ ဟူ၍ သူ၏ ခံစားချက်များကို ဖွင့်ဟခဲ့ပါသည်။HFB 335.1