Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သားရဲနှင့်သူ၏ရုပ်တု

    သိုးချိုနှစ်ချောင်းရှိသော ထိုသားရဲသည် ငွေရတတ်သောသူ၊ ဆင်းရဲ သောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူအကြီးအငယ်ရှိသမျှတို့သည် လက်ယာ လက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ တံဆိပ်လက်မှတ်ကိုခံစေခြင်းငှာလည်းကောင်း ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏နာမဖြစ်စေ၊ နာမ၏အရေအတွက် ဖြစ်စေ တစ်ခုခုကိုမခံသောသူတစ်ယောက်မျှ မရောင်းမဝယ်စေခြင်းငှာ စီရင် ၏။’’ ဗျာ၊ ၁၃:၁၆-၁၇။ ထိုကြောင့် တတိယကောင်းကင်တမန်က ‘‘အကြင်သူ သည် သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍ သူ၏တံဆိပ် လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်’’ ဟု သတိပေးထားပါသည်။HFB 478.2

    အတင်းအကျပ်ကိုးကွယ်စေသည့် ဗျာ၊ ၁၃ တွင်ဖေါ်ပြသည့် ပထမသားရဲ (ကျားသစ်နှင့်တူသောသားရဲ) သည် ရဟန်းမင်းဖြစ်သည်။ ‘‘သားရဲရုပ်တု’’ မှာ အယူလွဲမှားသောပရိုတက်စတင့် ယုံကြည်ခြင်းပုံစံ ဖြစ်သည်။ ပရိုတက်စတင့်အသင်းတော်များသည် မိမိတို့၏ယုံကြည်ချက်များကို အတင်းအကျပ်လိုက်နာစေအောင် လုပ်ဆောင်ရာတွင် အစိုးရမင်းများ၏ အကူအညီများကို ရအောင်ကြိုးစားသောအခါ ထိုအယူလွဲမှားမှုသည် တိုးတက်လာပါသည်။ ယခုတွင် ‘‘သားရဲ၏တံဆိပ်’’ အကြောင်းကို အဓိပ္ပါယ် ဖွင့်ဆိုရန် ကျန်ရှိနေသေးသည်။HFB 479.1

    ဘုရားသခင်၏ပညတ်တော်ကိုစောင့်ရှောက်သူများနှင့် သားရဲ၏ ရုပ်တုတံဆိပ်ကို ခံယူသောသူများအကြားကွာခြားမှုမှာ ကြီးမားလှသည်။ ဘုရား၏ပညတ်တော်ကို စောင့်ရှောက်ခြင်းနှင့် ပညတ်တော်ကို ချိုးဖောက်ခြင်းသည် ဘုရားကိုကိုးကွယ်သူများနှင့် သားရဲကိုကိုးကွယ်သူများ အကြား ခြားနားမှုကိုဖြစ်ပေါ်စေလိမ့်မည်။HFB 479.2

    သားရဲနှင့်တူသူ၏ရုပ်တုကို ထူးခြားသောအကျင့်စာရိတ္တမှာ ဘုရား၏ပညတ်တော်များကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ချိုကလေးတည်း ဟူသော ရဟန်းမင်းအကြောင်းကို ဒံယေလဖွင့်ဆိုသည်မှာ ‘‘သူသည် ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်’’ ဟူ၍ဖြစ်၏။ ဒံ၊ ၇:၂၅။ ရှင်ပေါလုက ထိုသူကို ဘုရားသခင်ထက်ကြီးမြတ် သည်ဟု ကိုယ်ကိုချီးမြှောက်သော ‘‘ဒုစရိုက်လူ’’ ဟု ကင်ပွန်းတပ်ထားသည်။ ၂သက်၊ ၂:၃။ ရဟန်းမင်းသည် ဘုရားသခင်၏ပညတ်များကို ပြောင်းလဲပစ်ခြင်းအားဖြင့်သာ မိမိကိုယ်ကို ဘုရားအထက်တွင် ချီးမြှောက်နိုင်ပါမည်။ ပြောင်းလဲထားမှန်း သိလျက်နှင့် စောင့်ရှောက်သောသူများသည် ရဟန်းမင်းကို ဘုရားသခင်အစား သစ္စာစောင့်သိကြောင်း တံဆိပ်အမှတ်ပြနေခြင်းဖြစ်သည်။HFB 479.3

    ရဟန်းမင်းသည် ဘုရားသခင်၏ပညတ်တော်ကို ပြောင်းလဲပစ်ရန် ကြိုးစားခဲ့ဖူးသည်။ သတ္တမနေ့အစား ပထမနေ့တွင် တရားဝင်ဥပုသ်စောင့် နိုင်ရန် စတုတ္ထပညတ်ကိုပြောင်းလဲခဲ့ပြီးဖြစ်သည်။ ဤနေရာတွင် ကျမ်းစာက သတ်သတ်မှတ်မှတ်ဖွင့်ဖိုထားသည်မှာ ‘‘သူသည် ကာလအချိန်နှင့် ပညတ် တရားကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်’’ ဟူ၍ဖြစ်၏။ စတုတ္ထပညတ် ကို ပြောင်းလဲပစ်ခြင်းဖြင့် အနာဂတ္တိစကားကို ပြည့်စုံစေခဲ့ပါသည်။ ဤတွင် ရဟန်းမင်းက မိမိသည်ဘုရားထက်တန်ခိုးကြီးကြောင်း ပြောင်ပြောင်တင်းတင်းစော်ကားနေပါသည်။HFB 480.1

    ဖန်ဆင်းခြင်းတန်ခိုးကိုထင်ရှားစေသည့် စတုတ္ထပညတ်အပေါ် ထားရှိသော သဘောထားအပေါ်မူတည်၍ ထာဝရဘုရားကို ကိုးကွယ်သူများမှာ အထူးသဖြင့် ထူးခြားထင်ရှားလာကြလိမ့်မည်။ ဖန်ဆင်းခြင်းအထိမ်းအမှတ်ကို ဖျက်ဆီးရန် ကြိုးစားခြင်းဖြင့် သားရဲကိုကိုးကွယ်သူများဖြစ်ကြောင်း သိသာထင်ရှားလာလိမ့်မည်။ ရဟန်းမင်းက တနင်္ဂနွေနေ့အား ‘‘ဘုရားသခင်နေ့’’ အဖြစ် အမွှမ်းတင်ပြောဆိုနေသော်လည်း သတ္တမနေ့ကသာ ‘‘သခင်ဘုရား၏နေ့’’ ဖြစ်ကြောင်း သမ္မာကျမ်းစာကဖေါ်ပြထားသည်။ ‘‘လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရ၏’’ ဟု ခရစ်တော်ကိုယ်တိုင်ဖွင့်ဆိုခဲ့သည်။ မာကု ၂:၂၈။ (ဟေရှာ ၅၈:၁၃။ မဿဲ ၅:၁၇-၁၉ တို့ကိုလည်းကြည့်ပါ)။ ခရစ်တော်က ဥပုသ်နေ့ကိုပြောင်းလဲတော်မူခဲ့သည်ဆိုသည့် မကြာခဏဖွင့်ဆိုခဲ့သောစကား များသည်လည်း နှုတ်ကပတ်တော်က ထောက်ခ့သော ဖွင့်ဆိုချက်များ မဟုတ်ပါချေ။HFB 480.2