Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ပုံနှိပ်ခွင့်ကိုဖျက်သိမ်းကြောင်းကြေညာခြင်း

    ပထမမြောက် ဖရန်စစ်ဧကရာဇ်သည် နိုင်ငံအသီးသီးမှ စာပေသမားများ၊ မိမိနန်းတော်၌စုရုံးရောက်ရှိလာသည်ကို နှစ်ခြိုက်သော်လည်း ဘာသာရေးဖေါက်ပြန်ရေးသမားများကို ချေမှုန်းလိုသော စိတ်ကြောင့် ပုံနှိပ်ခွင့်ကို ပြင်သစ်တစ်ပြည်လုံးတွင်ဖျက်သိမ်းကြောင်း အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။ စာပေယဉ်ကျေးမှုသည် ဘာသာရေး ဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုများအတွက် လုံခြုံသောအကာအကွယ်တစ်ခု မဟုတ်ကြောင်း မှတ်တမ်းတစ်ခုအားဖြင့် ဖရန်စစ်တင်ပြခဲ့ပါသည်။HFB 233.2

    ပွဲတော်မင်္ဂလာအပေါ်မှာ ပြစ်ဒဏ်စီရင်ခြင်းအားဖြင့် ထာဝရ ဘုရားသခင်ကို အရှက်ရစေခဲ့သည့်လုပ်ဆောင်မှုအတွက် အသွေးနှင့် ပေးဆပ်ခိုင်းရန် ဂိုဏ်းချုပ်ကြီးများက တောင်းဆိုလာပါသည်။ ထိုကြောက်လန့် စရာအခမ်းအနားအတွက် ၁၅၃၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ကို သတ်မှတ်ခဲ့ ပါသည်။ ထို ‘‘သန့်ရှင်းသောအခမ်းအနား’’ ကိုဂုဏ်ပြုသောအားဖြင့် တံခါးမကြီးများရှေ့တွင် မီးတိုင်တစ်တိုင်စီထွန်းညှိထားပါသည်။ နံနက် မိုးမလင်းမီတွင် လူအုပ်ကြီးသည် ဘုရင့်နန်းတော်တွင် တန်းစီကြပါသည်။HFB 234.1

    ‘‘ပဲရစ်ဂိုဏ်းအုပ်ကြီးသည် ပွဲတော်မုန့်ကို ခမ်းနားထည်ဝါသည့် ပလ္လင်အမိုးအောက်တွင်တင်၍ ယူဆောင်လာပါသည်။ ထိုပလ္လင်ကို အသွေးသွန်းကြမည့် မင်းညီမင်းသား (၄) ပါးကထမ်းကြပါသည်။ ထိုပွဲတော်မုန့် နောက်မှ သရဖူကိုမဆောင်း၊ ဘုရင့်ဝတ်ရုံကို ဝတ်မထားသည့် မထမမြောက် ဖရန်စစ်ဧကရာဇ် လိုက်လာပါသည်။’’ သူသည် မိမိအသက်ဝိညာဉ်ကို ညစ်ညမ်းစေသည့် ဒုစရိုက်မှုများကြောင့်မဟုတ်၊ မိမိလက်ကို အပြစ်ကင်းသူ များ၏အသွေးဖြင့် ညစ်ညမ်းစေခဲ့သည့်အတွက်ကြောင့်မဟုတ်ဘဲ ပွဲတော် မင်္ဂလာကို ပြစ်ဒဏ်စီရင်ရဲသော မိမိတိုင်းသူပြည်သားများ ကျူးလွန်ခဲ့သည့် အသက်ဝိညာဉ်ကို ပျက်စီးစေသည့်အပြစ်ကြောင့် ယဇ်ပလ္လင်အသီးသီးကို ရိုကျိုးနှိမ့်ချစွာဖြင့် ဦးချခဲ့ပါသည်။HFB 234.2

    ထိုဧကရာဇ်သည် ထိုဂိုဏ်းအုပ်ကြီး၏ နန်းတော်တမျှ ခမ်းနားသောအိမ်ရှိ ခန်းမဆောင်ကြီးထဲသို့ ရောက်ရှိလာကာ ‘‘ရာဇဝတ်မှုများ၊ ဘုရားသခင်ကို စော်ကားပြောဆိုမှုများ၊ ဝမ်းနည်းစရာကောင်းသောနေ့၊ ကျက်ကရေကင်းမဲ့သောနေ့သည် ဤနိုင်ငံအပေါ်သို့ကျရောက်ခဲ့ချေပြီ’’ ဟူ၍ လှပသောစကားလုံးများဖြင့် ငိုကြွေးမြည်တမ်းလေ၏။ ထိုနောက် သူက ပြင်သစ်ပြည်ကိုပျက်သုဉ်းသွားအောင် ခြိမ်းခြောက်နေသည့် ဘာသာရေး ဖေါက်ပြန်ရေးသမားများကို သုတ်သင်ရှင်းလင်းရာ၌ သစ္စာရှိပြည်သူတိုင်း ပါဝင်ကူညီကြရန် ဆင့်ဆိုခဲ့ပါသည်။ မျက်ရည်ကျလျက် ဆို့နင့်စွာဖွင့်ဟနေသော သူ့တောင်းဆိုသံကြောင့် တက်ရောက်လာကြသူအားလုံးငိုကြွေးကြကာ ‘‘ကာတိုလိတ်အသင်းတော်၏ ဘာသာရေးအတွက် တို့အသေခံကြမယ်’’ ဟု တညီတညွတ်တည်း ဟစ်ကြွေးခဲ့ကြပါသည်။HFB 234.3

    ‘‘ကယ်တင်ခြင်းသို့ပို့ဆောင်ပေးသည့် ကျေးဇူးတော်’’ သည် ပြင်သစ်ပြည်၌ ထင်ရှားခဲ့ဖူးသော်လည်း ထိုနိုင်ငံသည် ယခုတွင်မူ အလင်းကို ကျောခိုင်းကာ အမှောင်ကိုရွေးချယ်ခဲ့ချေပြီ။ မိမိကိုယ်ကို လှည့်ဖြားခြင်း၏ သားကောင်များ ဖြစ်လာသည့်တိုင် သူတို့သည် အကောင်းကို အဆိုးဟု လည်းကောင်း၊ အဆိုးကို အကောင်းဟုလည်းကောင်း ခေါ်ဝေါ်ခဲ့ကြပါသည်။ ၎င်းတို့အား လှည့်ဖြားခံရမှုမှ ကာကွယ်ပေးမည့်အလင်း၊ ၎င်းတို့အား သွေးမစွန်းအောင် ကာကွယ်ပေးမည့်အလင်းကို သူတို့ကိုယ့်သဘောနှင့်ကိုယ် ငြင်းပယ်ခဲ့ကြချေပြီ။HFB 235.1

    ယခုတစ်ဖန် လူအုပ်ကြီးသည်တန်းစီ၍ လျှောက်ကြပြန်သည်။ ‘‘ပရိုတက်စတင့်များကို မီးရှို့သတ်ရန်အတွက် ကပ်တိုင်များကို တစ်တိုင်နှင့် တစ်တိုင် ခပ်နီးနီးစိုက်ထူကြသည်။ ဧကရာဇ်မင်းကြီး ချဉ်းကပ်လာသည့် အချိန်တွင် ထင်းစည်းများစတင်မီးရှို့ရန်ဖြစ်ပြီး ထိုအချိန်တွင် တန်းစီလျှောက်လာသူများသည် ရပ်တန့်ကာ ကွပ်မျက်နေခြင်းကို ကြည့်ရှုကြရန် စီစဉ်ထားပါသည်။ အကွပ်မျက်ခံရသူများသည် ချီတုံချတု့မဖြစ်ဘဲ ယုံကြည်ခြင်းတွင် ခိုင်မာဆဲဖြစ်နေပါသည်။ ၎င်းတို့အား နောင်တရကြရန် တိုက်တွန်းသောအခါ ‘‘ကျွန်ုပ်ဟာ ပုရောဖက်များနှင့် တမန်တော်များ ဟောကြားခဲ့တဲ့တရားကိုပဲယုံတယ်။ သူတော်စင်တွေ ယုံကြည် ခဲ့တာကိုပဲယုံတယ်။ ငရဲရဲ့တန်ခိုးတွေကို ဆန့်ကျင်ခုခံမယ့်ဘုရားသခင်ကိုပဲ ကျွန်ုပ်ယုံကြည်ကိုးစားတယ်’’ ဟု ပြန်လည်ဖြေဆိုခဲ့ပါသည်။HFB 235.2

    နန်းတော်သို့ရောက်သော် လူအုပ်ကြီးသည် လူစုကွဲသွားပါသည်။ ဧကရာဇ်မင်းနှင့် ဂိုဏ်းချုပ်များသည် ဘာသာရေးဖေါက်ပြန်မှုများကို အမြစ်ပါမကျန် ဆက်လက်သုတ်သင်ချေမှုန်းနေသည့် အလုပ်အတွက် အချင်းချင်း ဂုဏ်ပြုလျက် ထွက်ခွာသွားကြပါသည်။HFB 236.1

    ပြင်သစ်ပြည်သည် ငြိမ်သက်ခြင်းဆိုင်ရာ ဧဝံဂေလိတရားတော်ကို အမြစ်ပါမကျန် ချေမှုန်းခြင်းခံရကာ ငြင်းဆိုလိုက်သဖြင့် ကြောက်စရာဆိုးကျိုး များနှင့် ရင်ဆိုင်၇ပေတော့မည်။ ၁၇၉၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပဲရစ်မြို့၏ လမ်းများတွင် တန်းစီဆန္ဒပြမှုများ နောက်ထပ်ဖြစ်ပွားခဲ့သည်။ ‘‘တစ်ဖန် ဧကရာဇ်မင်းသည် အဓိကဇာတ်ဆောင်ဖြစ်ခဲ့ပြန်သည်။ တစ်ဖန် ရုန်းရင်းခတ်မှုများနှင့် အော်ဟစ်မှုများဖြစ်ခဲ့ပြန်သည်။ တစ်ဖန် အကွပ်မျက်ခံရ သူများ၏ ငိုကြွေးသံကို ကြားရပြန်သည်။ တစ်ဖန် ကပ်တိုင်များမီးသင်းခဲ့ရ ပြန်သည်။ တစ်ဖန် ကြောက်စရာကွပ်မျက်မှုမြင်ကွင်းများဖြင့် တစ်နေ့တာ မြင်ကွင်းများကို အဆုံးသတ်ခဲ့ပြန်သည်။ အာဏာပါးကွက်သားများ၏ လက်တစ်ကမ်းလောက်တွင် ရုန်းကန်လှုပ်ရှားနေသော လူးဝစ် (၁၆) ကို ကပ်တိုင်ပေါ်တွင် ချိတ်ဆွဲလိုက်ကာ ခွန်အားပါသောပုဆိန်ကြီးနှင့် ပေါက်လိုက်ရာ သူ၏ဦးခေါင်းကြီးသည် ကပ်တိုင်ထက်မှ ပြုတ်ကျသွားခဲ့ပါသည်။’’ ထိုအနီးအနားတွင် လူပေါင်း ၂၈၀၀ ခန့်သည် ခေါင်းအဖြတ်ခံခဲ့ရပါသည်။HFB 236.2

    ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းကြီးသည် ကမ္ဘာကြီးအား သမ္မာကျမ်းစာကို ဖွင့်ပြခဲ့ပါသည်။ မဟာမေတ္တာတော်သည် ကောင်းကင်နိုင်ငံတော်၏ နိယာမများကို လူသားများအား ဖွင့်ဟခဲ့ပါသည်။ ပြင်သစ်နိုင်ငံသည် ကောင်းကင်နိုင်ငံတော်၏ ဆုမင်္ဂလာကို လက်မခံသော အချိန်တွင် ပျက်စီးခြင်းမျိုးစေ့များကို ကြဲခဲ့ပါသည်။ မရှောင်လွဲနိုင်သော အကျိုးအကြောင်းနိယာမ၏ ရလဒ်တစ်ခုအဖြစ် တော်လှန်ရေးနှင့် ကြောက်လန့် စရာကာလများကို ရင်ဆိုင်ခဲ့ရသည်။HFB 237.1

    ရဲစွမ်းသတ္တိနှင့်ပြည့်စုံသူဖားရယ်ကိုမူ မွေးရပ်မြေမှ ဆွစ်ဇာလန်သို့ တိမ်းရှောင်နေရန် ဖိအားပေးခဲ့ကြသော်လည်း သူသည် ပြင်သစ်မှာပင် ဆက်လက်နေထိုင်ကာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအပေါ် အာရုံပြုရန် ဆုံးဖြတ်ခဲ့သည်။ အခြားပြည်နှင်ဒဏ်ခံရသူများ၏ အမအစဖြင့် ဂျာမန် ပြုပြင်ပြောင်းလဲရေးသမားများ ရေးသားသည့် စာပေများကို ပြင်သစ် ဘာသာသို့ပြန်ဆိုပြီး သမ္မာကျမ်းစာကိုလည်း ပြင်သစ်ဘာသာဖြင့် အုပ်ရေများစွာ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ဓမ္မစာပေအမှုဆောင်များအားဖြင့် ဤစာအုပ်များကို ပြင်သစ်ပြည်အနှံ့ ဖြန့်ချိရောင်းချခဲ့ပါသည်။HFB 237.2

    ဖားရယ်သည် ကျောင်းအုပ်တစ်ဦးအသွင်ဖြင့် အမှန်တရားများ အစပျိုးသွန်သင်ရင်း ဆွစ်ဇာလန်နိုင်ငံတွင် အမှုတော်ကိုစတင်ခဲ့ ပါသည်။ တချို့က ယုံကြည်လက်ခံခဲ့သော်လည်း ဂိုဏ်းချုပ်များက ၎င်း၏ လုပ်ဆောင်မှုကို တားဆီးပိတ်ပင်ကြသလို အယူသီးသူများကလည်း ၎င်း၏ အမှုတော်ကို ဆန့်ကျင်ခဲ့ကြပါသည်။ ‘‘ငြိမ်သက်ခြင်းကို မဖြစ်စေဘဲ စစ်ပွဲ များကိုသာဖြစ်စေသည့် ဤဟောကြားချက်များကို ကြည့်ခြင်းဖြင့် ဒီတရားတွေဟာ ခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်တော့ မဖြစ်နိုင်ဘူး’’ ဟု ဂိုဏ်းချုပ်များက ဖွင့်ဟခဲ့ကြသည်။HFB 237.3

    နေရာတိုင်း၌ အသက်အန္တရာယ်ကို စိုးရိမ်ရသော်လည်း အငတ်ခံ၊ အအေးခံ၊ အပင်ပန်းခံပြီး တစ်ရွာမှတစ်ရွာသို့သွားကာ သူတရားဟောခဲ့ ပါသည်။ သူသည် ဈေးထဲတွင်လည်းကောင်း၊ ဘုရားကျောင်းများတွင် လည်းကောင်း တစ်ခါတစ်ရံတွင် ကာတိုလိတ် ဘုရားရှိခိုးကျောင်းများတွင် လည်းကောင်း တရားဟောခဲ့သည်။ တစ်ကြိမ်ထက်မက သေလုမြောပါးအခြေ အနေအထိ အရိုက်ခံခဲ့ရဖူးသည်။ သို့ရာတွင် သူသည် ရဟန်းမင်း၏ အမာခံ နယ်မြေထဲမှ ဧဝံဂေလိတရားကိုလက်ခံသော မြို့ကြီးမြို့ငယ်များသို့ ဆက်တိုက် သွားရောက်ဟောကြားခဲ့ပါသည်။HFB 238.1

    ဖားရယ်သည် ဂျနီဗာ၌ ပရိုတက်စတင့်အလံကိုထူလိုသည်။ ထိုမြို့ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့လျှင် ပြင်သစ်၊ ဆွစ်ဇာလန်နှင့် အီတလီနိုင်င့ များအတွက် ထိုမြို့သည် ဗဟိုအချက်အချာဖြစ်လာခဲ့လိမ့်မည်။ ပတ်ဝန်းကျင် မြို့အတော်များများတွင် အောင်မြင်မှုရရှိခဲ့ပါသည်။HFB 238.2

    သူသည် အဖေါ်တစ်ဦးနှင့်အတူ ဂျနီဗာတွင် အမှုတော် စတင်ခဲ့ပါသည်။ သို့ရာတွင် တရားဟောချက်နှစ်ခုကိုသာ သူဟောကြားခွင့်ရခဲ့သည်။ ဂိုဏ်းချုပ်များက အသင်းတော်ကောင်စီတစ်ခုတွင် လာရောက်တွေ့ဆုံရန် သူ့အားဆင့်ခေါ်ခဲ့သည်။ ဖားရယ်ကိုသတ်ဖို့အကြံဖြင့် လက်နက်များကို ဝတ်ရုံအောက်တွင်ဖုံးလျက် သူတို့ယူလာခဲ့ကြသည်။ ထိုကောင်စီတွင် အသတ်မခ့ရလျှင်လည်း သူ့ကိုသုတ်သင်ရန် ဒေါသထွက် နေသော လူအုပ်ကြီးက စောင့်ဆိုင်းနေသည်။ သို့သော် တရားသူကြီးများ၌ လက်နက်ကိုင်တပ်ဖွဲတစ်ဖွဲ့ ရှိနေသည့်အတွက်ကြောင့်သာ သူလွတ်မြောက်ခဲ့ ပါသည်။ နောက်တစ်နေ့နံနက်တွင် ရေကန်ကြီး၏ တစ်ဖက်တွင်ရှိသော လုံခြုံရာနေရာတစ်ခုသို့ သူ့အားခေါ်ဆောင်သွားခဲ့ကြပါသည်။ ဂျနီဗာကို သာသနာပြုရန် ပထမအကြိမ်ကြိုးစားခြင်းသည် ဤသို့အားဖြင့် အဆုံးသတ်သွားခဲ့သည်။HFB 238.3

    ‘‘ဘုရားသခင်သည် အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏’’ ဟူ၍ သမ္မာကျမ်းစာတွင် မိန့်တော်မူခဲ့သည့်အတိုင်း နောက်တစ်ကြိမ် ကြိုးစားလုပ်ဆောင်ရန် ပို၍အဆင့်နိမ့်သူတစ်ဦးအား ရွေးကောက်တော်မူလိုက်သည်။ ထိုလူငယ်သည် နှိမ့်ချသောပုံအသွင် လက္ခဏာဖြင့် ပြည့်စုံသည်ဖြစ်ရာ ယုံကြည်သူမိတ်ဆွေများကပင် ၎င်းအား ဟက်ဟက်ပက်ပက် မဆက်ဆံကြချေ။ ဖားရယ်ကို ငြင်းပယ်လိုက်သည့် နေရာတွင် ဤကဲ့သို့သောလူမျိုးက ဘာလုပ်နိုင်မှာလဲဟု မေးခွန်းထုတ်စရာ ဖြစ်လာ၏။HFB 239.1

    Larger font
    Smaller font
    Copy
    Print
    Contents