Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျန်းမာရေး၌ ပြုပြင်ခြင်း စည်းကမ်း ဥပဒေများကို အသုံးပြုခြင်း။

    အစားအသောက်နှင့် ဆိုင်၍ ပြုပြင် ပြောင်းလဲရေးတွင် အကယ်ပင် ဝေဖန် ပိုင်းခြားတတ်သော ဉာဏ် ရှိရပေသည်။ ဤ အချက်ကို အမြင် ကျယ်ကျယ် နှင့် လေးနက်စွာ လေ့လာ ဆည်းပူးရမည်။ ၎င်းပြင် အမှုကိစ္စ အပေါင်းတွင် အခြား သူတို့၏ အလေ့အကျင့် အပြုအမူတို့သည် မိမိတို့ သဘောချင်း မတိုက်ဆိုင်သောကြောင့် ထိုသူတို့ကို အပြစ်တင် ဝေဖန်ခြင်း မပြုအပ်ပေ။ လူတိုင်း၏ အလေ့အကျင့်ကို စည်းကမ်းထားရန် မပြောင်းမလဲသော ဥပဒေများကို တစ်သမတ်တည်း ထားဖို့ မဖြစ်နိုင်။ ၎င်းပြင် သင့် ကိုယ်တိုင်သည် လူအပေါင်းအတွက် စံနမူနာ ဖြစ်ရမည်ဟု မည်သူမျှ မထင်အပ်။ မည်သူမျှ တစ်မျိုးတည်းသော အစာမျိုး မသုံးဆောင်နိုင်ကြ။ တစ်စုံတစ်ယောက်အတွက် အရသာ ရှိ၍ ကျန်းမာ သင့်တော်သော အစာသည် အခြားသော သူ မကြိုက်သော အရာ၊ ဘေး ဖြစ်စေတတ်သော အရာ ဖြစ်တတ်သည်။ အချို့တို့နှင့် နွားနို့သည် မသင့်တော်၊ အချို့တို့ကား ၎င်းအားဖြင့် ခွန်အား တိုးတက်၍ သင့်တော်ပေ၏။ အချို့သော သူတို့အဖို့ ပဲစေ့မျိုး၊ ပဲခြမ်းမျိုးတို့သည် အစာမကြေ ဖြစ်တတ်၏။ အခြားသူအဖို့ကား သင့်တော်၍ ကျန်းမာစေ၏။ အချို့သော သူတို့အဖို့ သာ၍ ကြမ်းသော စပါးမျိုးမှ ပြုပြင်ထားသော အစာသည် ကောင်းမြတ်သော အရာ ဖြစ်၍ အခြားသူတို့ကား ၎င်းတို့ကို မသုံးဆောင်နိုင်ကြ။23MH 319, 320;CCB2 242.3

    အစားအသောက်၌ မှားသော အကျင့်များ ပြုလုပ် လိုက်စားမိခဲ့လျှင်၊ ပြုပြောင်းလဲရန် နှောင့်နှေး မနေသင့်ပေ။ အစာအိမ်ကို ဒုက္ခပေးသောကြောင့်၊ လေရောဂါ ဖြစ်သောအခါ၊ ကျန် ရှိနေသေးသော အင်အား သတ္တိကို တည်မြဲနေစေရန်၊ ပင်ပန်း နွမ်းရိစေသော ဝန်ထုပ် ရှိသမျှကို ပယ်ရှားလျက် ကြိုးစား၍ ဂရုစိုက် ပြုစုရမည်၊ ကြာမြင့်စွာ ဒုက္ခခံရပြီးနောက် အစာအိမ်သည် ဘယ်အခါမျှ ပြန်၍ လုံးလုံး ကျန်းမာသော အခြေအနေ၌ ဖြစ်မလာနိုင်သေးပေ။ သို့ရာတွင် အစားအသောက်တို့ကို သင့်တော်သလို စီမံ ပြုလုပ်ပေးခြင်းဖြင့် ဆက်လက် အားအင် ကုန်ခန်းခြင်း မဖြစ်နိုင်၊ ၎င်းပြင် အများသော သူတို့သည် လုံးလုံး ဖြစ်စေ၊ အတော်အတန် ဖြစ်စေ ကျန်းမာလာတတ်ကြသည်။CCB2 243.1

    သန်မာခိုင်ခံ့၍ ကာယ လှုပ်ရှားခြင်း လုပ်ငန်းကို အမြဲ လုပ်ဆောင်နေရသော သူတို့သည် ထိုင်၍ အငြိမ်နေရသော အလုပ်ကို လုပ်နေကျ သူတို့လောက် အစားအသောက်များ၏ အမျိုးအစား သို့မဟုတ် ပမာဏတို့ကို အမှုထားနေစရာ မလို၊ သို့ရာတွင် ဤကဲ့သို့သော သူများပင် ဆင်ခြင် ဝေဖန်လျက် ကိုယ်CCB2 243.2

    ကို ချုပ်တည်းပြီး၊ အခြေခံ တရားအတိုင်း ပြုကျင့်ကြလျှင် သာ၍ ကျန်းမာ သန်စွမ်းလာနိုင်ကြသည်။24MH 308, 310;CCB2 244.1

    အစားအသောက်နှင့် စပ်ဆိုင်၍ ပြုပြင် ပြောင်းလဲရေး အမှုမှာ အမြဲ တိုးတက်နေရမည်။ တိရိစ္ဆာန်များတို့တွင် အနာရောဂါများသည် တိုးပွား များပြားလာကြသဖြင့်၊ နို့ နှင့် ကြက်ဥတို့သည် သာ၍ စိတ်မချရကြချေ။ ၎င်းတို့ အစား ကျန်းမာစေ၍ စျေးသက်သာသော အခြားအရာကို အသုံးပြုဖို့ ကြိုးစားရကြမည်။ အရပ်ရပ်တိုင်းရှိ လူများတို့သည် နို့ နှင့် ကြက်ဥ မပါဘဲ ပြင်ဆင် ချက်ပြုတ်တတ်ရန် တတ်နိုင်သမျှ လေ့လာ သင်ကြားရကြမည်။ သို့ရာတွင် မိမိတို့၏ အစားအသောက်တို့သည် ကျန်းမာ သင့်တော်စေလျက် အရသာနှင့် ပြည့်စုံရကြမည်။CCB2 244.2

    မိမိ ကိုယ်ခန္ဓာကို ဂရုစိုက်၊ သို့မဟုတ် ပျက်စီး ယိုယွင်းစေလျှင် ဘုရားသခင်၏ဂုဏ်တော်ကို မထင်ရှားစေကြ။ ၎င်းပြင် ထိုသို့အားဖြင့် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ရန် မသင့်တော်ချေ။ အာဟာရ ဖြစ်၍ အရသာ ရှိလျက် ခွန်အား ပြည့်စေသော အစာကို သုံးဆောင်ခြင်းဖြင့် ကိုယ်ခန္ဓာကို ဂရုစိုက်ခြင်းသည် အိမ်ထောင်ရှင်၏ ပထမ တာဝန် တစ်ခု ဖြစ်သည်။ အစား အသောက်ကို ဝယ်ရာ၌ စေးနဲခြင်းထက် အဖိုး နည်းသော အဝတ်အထည် နှင့် အိမ်ထောင် ပရိဘောဂတို့ကို ဝယ်ယူခြင်းက သာ၍ ကောင်းပေသည်။CCB2 244.3

    အချို့သော အိမ်ထောင်ရှင်တို့သည် ဧည့်သည်များအား အဖိုးများသော အစားအသောက်တို့နှင့် ဧည့်ခံရန် မိမိတို့ မိမိတို့ အိမ်ထောင်၏ ထမင်းစားပွဲအတွက် ချွေတာ စေးနဲတတ်ကြသည်။ ဤ အကျင့်သည် မသင့်တော်ချေ။ ဧည့်သည်တို့ကို ကျွေးမွေးရာ၌ သာ၍ များစွာ ရိုးသော အစားအသောက်တို့ဖြင့် ဧည့်ခံရမည်။ အိမ်ထောင်၌ လိုအပ်သော အချက်ကို ရှေ့ဦးစွာ ဂရုစိုက်အပ်သည်။CCB2 244.4

    မသင့်တော်သော ချွေတာမှု နှင့် မမှန်သော ထုံးစံဓလေ့များကြောင့်၊ ဧည့်ဝတ်ပြုဖို့ လို၍ ကောင်းကြီးမင်္ဂလာ ဖြစ်စေမည့် နေရာတွင် ဧည့်ဝတ်ကျေပွန်မှုကို ပျက်စီးစေ၏။ ကျွန်ုပ်တို့ သုံးဆောင်နေကျ ထမင်းပွဲများမှာ အမှတ်မဲ့ ရောက်လာသော ဧည့်သည်များအတွက် အိမ်ရှင်မက အထူး ပြင်ဆင်နေစရာ မလိုတော့ဘဲ၊ အဆင်သင့် ဖြစ်စေရမည်။CCB2 244.5

    သင်၏ အစားအသောက်ကို သေချာစွာ ဆင်ခြင်ပါ။ အကြောင်းရင်းမှ နေ၍ အကျိုးအပြစ်အထိ လေ့လာ စစ်ဆေးပါ။ ကိုယ်ကို ချုပ်တည်းခြင်း သဘောကို မွေးမြူပါ၊ အစားအသောက်၌ မက်မောခြင်း ဆန္ဒကို ဆင်ခြေဉာဏ်ဖြင့် ချုပ်တည်းပါ၊ အလွန်အကျူး စားသောက်ခြင်းဖြင့် ဘယ်အခါမျှ အစာအိမ်ကို ဒုက္ခမပေးပါနှင့်။ သို့သော် ကျန်းမာရေးအတွက် သင့်တော် အရသာ ရှိသော အစာများကိုကား မပယ်ရှားသင့်ပေ။CCB2 245.1

    ကျန်းမာရေး စည်းကမ်း ဥပဒေများကို သိနားလည်၍ အခြေခံ တရားများဖြင့် ကိုယ်ကို အုပ်ချုပ်ထားသော သူတို့သည် အစားအသောက်ကို အလွန်အကျူး မက်မောခြင်း၊ အလွန်အကျူး ချုပ်ချုယ် တားမြစ်ခြင်း အမှုတို့ကို ရှောင်ကြဉ်တတ်ကြသည်။ သူတို့သည် ခံတွင်း၏ အလိုဆန္ဒကို ပြေစေရန် သာမကဘဲ ကိုယ်ကာယကို တည်ဆောက် ပြုပြင်ဖို့ရန်အတွက် သူတို့၏ အစားအသောက်ကို ရွေးချယ်ကြ၏။ ဘုရားသခင် နှင့် လူအတွက် အကောင်းဆုံး အကျိုးဆောင်ရွက်နိုင်မည် အကြောင်း သူတို့၏ အင်အား သတ္တိ ရှိသမျှကို အကောင်းဆုံး အခြေအနေ၌ တည်ရှိစေရန် ကြိုးစား၍ ထိန်းသိမ်းထားကြ၏။ ဆင်ခြင်လျက် သိနားလည်တတ်သော သဘောဖြင့် ခံတွင်း အလိုကို ချုပ်တည်း ထိန်းသိမ်းထားကြသဖြင့်၊ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ကျန်းမာခြင်းဖြင့် အကျိုးကို ခံစားရကြ၏။ သူတို့ ထင်မြင်ချက်များကို သူတစ်ပါးအား ထိခိုက်စေလောက်အောင် အတင်းအကြပ် တိုက်တွန်းခြင်း မပြုကြသော်လည်း၊ သူတို့၏ ပုံသက်သေသည် မှန်ကန်သော အခြေခံ တရားဘက်၌ တည်ရှိ၏။ ဤ လူများသည် ကောင်းကျိုးအတွက် များစွာ သြဇာ ညောင်းတတ်ကြသည်။25MH 319-323;CCB2 245.2

    ကျွန်ုပ်တို့သည် ဥပုသ်နေ့၌ အခြားသော နေ့များမှာထက် အစားအသောက်တို့ကို များစွာ သို့မဟုတ် မျိုးစုံအောင် မသုံးဆောင်သင့်။ ဤကဲ့သို့ ပြုရမည် အစား၊ အစားအသောက်ကို သာ၍ ရိုးစေလျက် လျှော့၍ သုံးဆောင်ရကြမည်။ သို့မှသာလျှင် စိတ်သည် ကြည်လင်၍ ဝိညာဉ်အရာများကို သိနားလည်ရန် ခွန်အား တိုးတက်လာလိမ့်မည်။CCB2 245.3

    ဥပုသ်နေ့၌ ထမင်းဟင်း မချက်မပြုတ်သင့်။ သို့ရာတွင် အေးသော အစာကို စားဖို့ မသင့်။ အေးသော ရာသီဥတုတွင် အဖိတ်နေ့က ပြင်ဆင်ထား ပြီးသော အစားအသောက်တို့ကို နွှေး၍ သုံးဆောင်ရမည်။ ၎င်းပြင် ရိုးရိုး အစားအသောက် ဖြစ်သော်လည်း၊ အရသာ ရှိလျက် နှစ်သက်ဖွယ် ဖြစ်ရမည်။ အထူးသဖြင့် ကလေးငယ်များ ရှိသော အိမ်ထောင်များတွင်၊ အခြားသော နေ့များ၌ မသုံးဆောင်ခဲ့ရသော အစားအသောက်မျိုးကို ဥပုသ်နေ့၌ စားသောက်ပွဲကလေးဖွယ် ပြင်ဆင် ပြုလုပ်ပေးသော် ကောင်းပေမည်။26MH 307;CCB2 245.4