Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စာတန်၏ အဖျက်ဆီးဆုံး လုပ်ငန်း။

    လူသတ္တဝါ အိမ်ထောင်ကြီးအား မကောင်းမှု အန္တရာယ်ကို ပြုရန် အတတ်နိုင်ဆုံး နည်းဖြင့် ကြံစည် ပြုလုပ်ရန်၊ စာတန်သည် ကျဆုံးသော ကောင်းကင်တမန်များကို စုရုံးစေ၏။ နောက်ဆုံး၌ စာတန်သည် စီမံကိန်း တစ်ခုကို ရရှိလာသည်တိုင်အောင် အကြံအစည် တစ်ခုပြီး တစ်ခု ပြုလုပ်ခဲ့၏။ သူသည် စပျစ်နွယ်ပင်၏ အသီး၊ ၎င်းပြင် ဂျုံ၊ ဆန် နှင့် စားစရာ အဖြစ် ဘုရားသခင် ပေးတော်မူသော အခြား အရာများကို ယူ၍ အဆိပ်အတောက်များ အဖြစ် ပြောင်းလဲစေလိမ့်မည်။ ထိုအဆိပ်များသည် လူ၏ ကာယ၊ ဉာဏ် နှင့် စာရိတ္တခွန်အား သတ္တိများကို ပျက်စီးစေသဖြင့် စာတန်က လုံးလုံး အုပ်ချုပ် စိုးမိုးထားလိုသော အာရုံများကို နှိမ်နင်းထားလိမ့်မည်။ သေရည်သေရက်၏ သတ္တိအားဖြင့် လူတို့သည် ရာဇဝတ်မှု အမျိုးမျိုးတို့ကို ကျူးလွန်ရန် တိုက်တွန်းခြင်း ခံရကြ၏။ လွဲမှားသော အစားအသောက်၌ မက်မောခြင်းအားဖြင့် လောကသည် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ လူများတို့အား သေရည်သေရက်ကို သောက်စားစေခြင်းအားဖြင့်၊ စာတန်သည် သူတို့အား ချိန်ခွင်ထဲ၌ သာ၍ သာ၍ နိမ့်ကျသွားစေလိမ့်မည်။4Te 12;CCB2 274.3

    အရက် နှင့် ဆေးလိပ်၊ လက်ဖက်ရည် နှင့် ကော်ဖီတို့ကို သုံးဆောင်စေခြင်းအားဖြင့် စာတန်သည် လောကအား ဖမ်းယူ ချုပ်နှောင်လျက် ရှိ၏။ သန့်ရှင်း ကြည်လင်စွာ ထားအပ်သော ဘုရားသခင် ပေးတော်မူသော စိတ်သည် ထုံထိုင်းစေတတ်သော အရာတို့ကို သုံးဆောင်ခြင်းအားဖြင့် ဖောက်လွဲဖောက်ပြန်လျက် ရှိ၏။ ဦးနှောက်သည် မှန်ကန်စွာ ဝေဖန် ပိုင်းခြားနိုင်ခြင်း မရှိတော့ချေ။ ရန်သူသည် ၎င်းကို စိုးမိုး အုပ်ချုပ်လျက် ရှိ၏။ လူသည် မိမိ၏ ဆင်ခြင်တုံ ဉာဏ်ကို မိမိအား ရူးသွပ်စေသော အရာအတွက် ရောင်းချ လဲလှယ်လိုက်လေပြီ။ သူသည် မည်သည့် အရာ မှန်ကန်ကြောင်း မသိနိုင်တော့ချေ။ 5Ev 529;CCB2 275.1

    ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်သည် လူအား မိမိ၏ ကောင်းကြီးမင်္ဂလာကို ကြွယ်ဝစွာ ချပေးတော်မူပြီ၊ စီမံချပေးတော်မူရှင်၏ ဤ ဆုကျေးဇူးများကို သတိပညာနှင့် လည်းကောင်း၊ ချုပ်တည်းခြင်းနှင့် လည်းကောင်း အသုံးပြုသောအခါ၊ ဆင်းရဲခြင်း၊ ဖျားနာခြင်း နှင့် ဒုက္ခဝေဒနာများသည် မြေကြီးပေါ်မှ ကုန်လုမတတ် ပျောက်ကွယ်သွားကြလိမ့်မည်။ သို့ရာတွင်၊ လူတို့၏ ဆိုးညစ်သော အမှုများအားဖြင့် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများသည် ကျိန်ခြင်း အမင်္ဂလာများ အဖြစ်သို့ ပြောင်းလဲသွားသည်ကို နေရာတိုင်း ကျွန်ုပ်တို့ တွေ့မြင်ရကြပြီ။CCB2 275.2

    ဘုရားသခင်၏ အဖိုးထိုက်သော ဆုကျေးဇူးများကို သာ၍ ကြီးကျယ်စွာ မှောက်မှားစေ၍ ရှုတ်ချခြင်းဖြင့် လူတစ်စုလုံးကို ပြစ်မှားစေခြင်း အမှုတွင် မြေ၏ အသီးကို မူးယစ် ထုံထိုင်းစေတတ်သော သေရည်သေရက် အဖြစ် ပြုလုပ် တည်ထွင်သော သူတို့လောက် မည်သူမျှ မရှိတော့ချေ။ အာဟာရ ဖြစ်စေသော ဆန်စပါးမျိုး၊ ကျန်းမာစေ၍ အရသာနှင့် ပြည့်စုံသော သစ်သီးတို့ကို အာရုံများကို ပြောင်းလဲစေလျက် ဦးနှောက်ကို ရူးသွပ်စေသော အဖျော်ရမကာ အဖြစ် ပြောင်းလဲစေကြပြီ။ ဤ အဆိပ်အတောက်တို့ကို သုံးဆောင်ကြခြင်းကြောင့် ထောင်ပေါင်းများစွာသော အိမ်ထောင်များတို့သည် စိတ်ချမ်းသာမှု ကင်းလွတ်ကြလျက် အသက်တာ၏ လိုအပ်သော အရာများကိုပင် ဆုံးရှုံး ကင်းမဲ့ကြ၏။ ကြမ်းတမ်းသော အမှု၊ ရာဇဝတ်မှုများသည် အဆမတန် တိုးပွား များပြားလာကြ၏။ ၎င်းပြင်ရောဂါဝေဒနာများ နှင့် မရဏ သေမင်းသည် မရေမတွက်နိုင်အောင် များပြားသော သူတို့ကို အရက်သမား၏ သင်္ချိုင်းသို့ အမြန် ပို့ပေးနေလေပြီ။6GW 385, 386;CCB2 275.3