Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်၏ လူတို့သည် ယုံမှားခြင်း၊ ကြောက်ရွံ့ခြင်းကို အမှုမထားဘဲ ရှေ့သို့ တိုးတက်ခြင်း။

    ထာဝရဘုရားသည် ယခု ခေတ်ကာလ၏ သမ္မာတရားကို ယုံကြည်သော သူတို့နှင့် ပြုမူ ဆောင်ရွက်လျက် နေတော်မူ၏။ ဘုရားသခင်သည် အရေးကြီးသော အကျိုးအပြစ်ကို သက်ရောက်စေရန် စီမံထားတော်မူ၏။ ၎င်းပြင် ဤသို့ အကျိုးအပြစ်ကို သက်ရောက်စေရန် စီမံထားတော်မူသော်လည်း၊ ဘုရားသခင်က မိမိ၏ လူတို့အား ရှေ့သို့ တိုးတက်လော့ဟု မိန့်တော်မူ၏။ လမ်းသည် မပွင့်သေးသည်မှာ မှန်ပေ၏။ သို့ရာတွင် သူတို့သည် ယုံကြည်ခြင်း နှင့် ရဲရင့်ခြင်း ခွန်အားဖြင့် တိုးတက်သွားကြသောအခါ၊ ဘုရားသခင်သည် သူတို့၏ မျက်စိရှေ့၌ လမ်းခရီးကို ရှင်းလင်းစေတော်မူမည်။ ရှေးဣသရေလ လူတို့ ပြုသကဲ့သို့ ညည်းညူလျက် မိမိ၏ အမှုတော် တိုးတက်စေရန် ထူးခြားသော ရည်ရွယ်ချက်ဖြင့် ဘုရားသခင်က ဖြစ်ပေါ်လာစေတော်မူသော သူတို့ အပေါ်၌ သူတို့၏ ခက်ခဲသော အခြေအနေအတွက် စွပ်စွဲနေကြမည့် လူများသည် အမြဲ ရှိနေ၏။ ဘုရားသခင်သည် သူတို့အား ကျဉ်းမြောင်းသော နေရာများသို့ ယူဆောင်လာခြင်းဖြင့် စုံစမ်း စစ်ဆေးလျက် ရှိကြသည်ကို သူတို့သည် မမြင်ကြချေ။ ဘုရားသခင်၏ လက်တော်အားဖြင့်သာလျှင် ထိုနေရာများမှ သူတို့ကို ကယ်တင်နိုင်၏။CCB2 386.2

    ခရစ်ယာန် အသက်တာသည် ဘေးအန္တရာယ်များနှင့် ပြည့်ဝနေသည်ဟု ထင်ရလျက် တာဝန်များကို ဆောင်ရွက်ရန် ခက်သည်ဟု ထင်ရသော အချိန်များ ရှိသည်။ ရှေ့၌ ပျက်စီးခြင်း နှင့် နောက်၌ ချည်နှောင်ခြင်း နှင့် သေခြင်း ရှိနေသည်ဟု ထင်မြင်ရ၏။ သို့ရာတွင် စိတ်ပျက်ခြင်းများ ကြားထဲမှ၊ “ရှေ့သို့ တိုးတက်လော့” ဟု ဘုရားသခင်က ထင်ရှားသော အသံနှင့် မိန့်တော်မူ၏။ ကျွန်ုပ်တို့သည် မှောင်မိုက်ကို ထိုးဖေါက် မမြင်နိုင်၍ ကျွန်ုပ်တို့၏ ခြေသည် အေးသော လှိုင်းများနှင့် ဝိုင်းရံနေသော်လည်း၊ မည်သည့် အကျိုးအပြစ်ကိုပင် ဖြစ်စေကာမူ၊ ကျွန်ုပ်တို့သည် ဤ အမိန့်တော်ကို နားထောင်ရကြမည်။124T 26;CCB2 387.1

    ကွဲပြား၍ တစ်ဝက်သာ စိတ်ပါသော အသက်တာ၌ သင်သည် ယုံမှားခြင်း နှင့် မှောင်မိုက်ကို တွေ့ရလိမ့်မည်။ သင်သည် ဘာသာတရား၏ စိတ်သက်သာမှု သို့မဟုတ် လောကမှ ပေးသော ငြိမ်သက်ခြင်းကို မခံစားနိုင်။ အနည်းငယ်သာ လုပ်လျက် စာတန်၏ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်မနေပါနှင့်၊ ထလျက် သင် ရရှိနိုင်သော အခွင့်အရေး ဖြစ်သည့် မြင့်မြတ်သော စံနမူနာကို ရည်ရွယ်လော့။ သခင်ခရစ်တော်အတွက် အလုံးစုံကို စွန့်ပစ်ခြင်းသည် မင်္ဂလာရှိသော အခွင့်အရေး ဖြစ်၏။ အခြားသူတို့၏ အသက်တာကို ကြည့်လျက် အတုမခိုးပါနှင့်၊ ၎င်းပြင် တိုးတက်မလာအောင် ပြုမနေပါနှင့်။ သင်၌ မှန်ကန်၍ မမှားနိုင်သော ပုံသက်သေ တစ်ခုတည်းသာ ရှိ၏။ သခင်ယေရှု၏ နောက်သို့ လိုက်ခြင်းသာလျှ် ဘေးကင်း၏။ အခြားသူတို့သည် ဝိညာဉ်ရေး၌ အိပ်ပျော်နေသော သဘောနှင့် ပြုမူနေကြလျှင်၊ သူတို့ကို ဖယ်ထား၍ ခရစ်ယာန် အကျင့် တွင် မြင့်မြတ်သော အခြေအနေသို့ ရောက်အောင် တိုးတက်သွားမည် အကြောင်း စိတ်ဆုံးဖြတ်လော့။ ကောင်းကင်အတွက် အကျင့်စာရိတ္တကို ပြုပြင်ပါ၊ သင်၏ တာဝန်၌ အိပ်ပျော်မနေပါနှင့်။ သင်၏ ဝိညာဉ်နှင့် သစ္စာရှိလျက် မှန်ကန်စွာ ပြုမူပါ။ 131T 241.CCB2 387.2

    * * * * *