Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခံတွင်း အလို နှင့် ရမ္မက်ကို ချုပ်တည်းခြင်း။

    လူတွေ့ကြုံရသော အပြင်းထန်ဆုံး စုံစမ်း သွေးဆောင်းခြင်း တစ်ခုသည် ခံတွင်း အလိုလိုက်ခြင်း ဖြစ်သည်။ ကိုယ်ခန္ဓာ နှင့် စိတ်တို့ကြားတွင် နက်နဲ အံံသြဖွယ် ဆက်သွယ်မှု တစ်ခု ရှိ၏။ ၎င်းတို့သည် တစ်ခု အပေါ် တစ်ခု ဒဏ်ပြန်မှု ပြုတတ်ကြသည်။ အသက်ရှင် လှုပ်ရှားနေသော ခန္ဓာစက်၏ အစိတ်အပိုင်း အသီးအသီးတို့သည် ညီညွတ်စွာ လုပ်ကိုင် ဆောင်ရွက်ကြမည် အကြောင်း၊ ခွန်အားကို ဖြစ်ပေါ်လာစေဖို့ ကိုယ်ခန္ဓာကို ကျန်းမာသော အခြေအနေ၌ တည်ရှိစေခြင်းသည် ကျွန်ုပ်တို့၏ အသက်တာတွင် ပထမဦးစွာ လေ့လာ သိရှိအပ်သော အချက် ဖြစ်သည်။ ကိုယ်ခန္ဓာကို ဂရုမစိုက်ခြင်းသည် စိတ်ကို အမှုမထားခြင်း ဖြစ်၏။ ဘုရားသခင်၏ သားသမီးများ၌ ဖျားနာသော ကိုယ်ကာယ သို့မဟုတ် ညံ့ဖျင်းသော စိတ်ရှိခြင်းသည် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေခြင်း မဟုတ်နိုင်။ အရသာ ခံစားခြင်း အာရုံကို လိုက်စားသည့် ကျန်းမာရေးကို ထိထိခိုက်သဖြင့် အာရုံများကို အလွန် ဆိုးသွမ်းစွာ ညံ့ဖျင်းစေ၏။ စားသောက်ရာတွင် တစ်စုံတစ်ခု၌ ချုပ်တည်းခြင်း ကင်းမဲ့သော သူတို့သည် ကိုယ်ကာယ အင်အားကို ကုန်ခန်းစေလျက် အကျင့်နှင့် ဆိုင်သော သတ္တိကို လျော့ပါးစေတတ်သည်။ ကိုယ်ကာယနှင့် ဆိုင်သော တရားကို လွန်ကျူးခြင်း၏ အကျိုးအပြစ်ကို ဆပ်ပေးရမည်ကို သိရှိရကြလိမ့်မည်။ 273T 485, 486;CCB2 246.1

    အများသော သူတို့သည် အစားအသောက်၌ လွန်ကျူးခြင်း၊ ကာမဂုဏ် တပ်မက်ခြင်းကို လိုက်စားခြင်းအားဖြင့် စိတ်ဉာဏ်၌ လည်းကောင်း ကိုယ်ကာယ၌ လည်းကောင်း ချို့တဲ့ခြင်း ဖြစ်လာတတ်ကြသည်။ တိရိစ္ဆာန်၏ ဝါသနာမျိုးတို့သည် တိုး၍ ခိုင်မြဲလာလျက် အကျင့်စာရိတ္တ နှင့် ဝိညာဉ် အခြေအနေတို့သည် အားနည်း ညံ့ဖျင်းလာ၏။ ကျွန်ုပ်တို့သည် ဖြူသော ပလ္လင်တော် ပတ်လည်၌ ရပ်နေရကြ မည့် အချိန်ရောက်သောအခါ၊ အများသော သူတို့သည် မိမိတို့ အသက်တာ၏ မှတ်တမ်းများကို မည်ကဲ့သို့ ဖော်ပြရကြလိမ့်မည်နည်း။ ထိုအခါ သူတို့သည် ဘုရားသခင် ပေးတော်မူသော သတ္တိများကို ယုတ်ညံ့ခြင်း မဖြစ်စေခဲ့ကြလျှင်၊ မိမိတို့ ပြုလုပ်အပ်သော အမှုတို့သည် ဘယ်အရာများ ဖြစ်ကြသည်ကို သိမြင်ကြလိမ့်မည်လော။ ထိုအခါ ဘုရားသခင်က မိမိတို့အား အပ်နှံထားတော်မူသော ကာယခွန်အား နှင့် စိတ်ဉာဏ်ခွန်အား ရှိသမျှကို ဘုရားသခင်အား ပေးအပ်ကြလျှင်၊ ဉာဏ်စွမ်းသတ္တိ၌ မည်မျှ မြင့်မြတ်သော အခြေသို့ ရောက်ရှိကြမည်ကို သူတို့သည် သိမြင် နားလည်ကြမည်လော။ သူတို့သည် သံဝေဂရလျက် ဝေဒနာ ခံစားနေရစဉ်၊ သူတို့သည် တစ်ဖန် ပြန်၍ အသက်ရှင်လျက် နေဖို့ တောင့်တကြလိမ့်မည်။285T 135;CCB2 246.2

    မှန်သော ခရစ်ယာန်တိုင်းသည် မိမိ၏ အစားအသောက် နှင့် ရမ္မက်ကို ချုပ်တည်းလိမ့်မည်။ အစားအသောက်၌ တပ်မက်ခြင်းဖြင့် ချည်နှောင်ခြင်း၊ ကျွန်ခံရခြင်းမှ လွတ်မြောက်ခြင်း မရှိလျှင်၊ သူသည် သခင်ခရစ်တော်၏ မှန်ကန်၊ နားထောင်သော ကျွန် မဟုတ်နိုင်။ အစားအသောက် နှင့် ရမ္မက်၌ အလို လိုက်ခြင်းအားဖြင့် သမ္မာတရားသည် သူ၏ စိတ်နှလုံး၌ အကျိုး မဖြစ်ထွန်းစေနိုင်။ အစားအသောက်၌ မက်မော၍ ရမ္မက်သည် ကြီးစိုးနေလျှင် သမ္မာတရား၏ ဝိညာဉ် နှင့် တန်ခိုးသည် လူ၊ စိတ်ဝိညာဉ်၊ ကိုယ်ကာယ နှင့် သဘောကို သန့်ရှင်းအောင် မပြုလုပ်နိုင်။293T 569, 570;CCB2 247.1

    တောထဲ၌ သခင်ခရစ်တော်သည် ကြာမြင့်စွာ အစာရှောင်နေခြင်း အမှု၏ အမြတ်ဆုံးသော အကျိုးကား၊ မိမိ ကိုယ်ကို ငြင်းပယ်၍ ခြိုးခြံ ချုပ်တည်းခြင်း ရှိဖို့ လိုကြောင်း ကျွန်ုပ်တို့အား သွန်သင် လမ်းပြပေးခြင်း ဖြစ်သတည်း။ ဤ လုပ်ငန်းကို ကျွန်ုပ်တို့၏ ထမင်းပွဲ၌ အစပြုလျက်၊ အသက်တာနှင့် ဆိုင်သမျှသော အမှုကိစ္စတို့တွင်၊ ဤ စည်းကမ်းချက်ကို ကြပ်တည်းစွာ လိုက်နာရကြမည်။ လူ့အတွက် သခင်ယေရှု ယူဆောင်လာတော်မူသော တန်ခိုးအားဖြင့် အစားအသောက်၌ မက်မောခြင်း နှင့် ရမ္မက်တို့ကို အောင်မြင်ရန် ခွန်အားကို ရရှိလျက်၊ ရည်ရွယ်ချက်တိုင်းတွင် အောင်မြင်နိုင်မည် အကြောင်း၊ အားနည်းနေသော လူအား ကူညီမစရန် လောက၏ ရွေးနှုတ်ရှင်သည် ကောင်းကင်မှ ဆင်းသက်လာတော်မူ၏။303T 488.CCB2 247.2

    * * * * *