Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မိခင်၏ လုပ်ငန်းသည် သန့်ရှင်းခြင်း။

    မိန်းမသည် မူလကပင် သူမအတွက် ဘုရားသခင် စီမံထားတော်မူသည်အတိုင်း မိမိ ခင်ပွန်းနှင့် တန်းတူ ဖြစ်ရမည်။ နာမည်အားဖြင့်သာ မဟုတ်ဘဲ စကားအတိုင်း မိခင်ပြီသသော မိခင်များကို လောကသည် အလိုရှိ၏။ မိန်းမ၏ ခြားနားသော တာဝန်များသည် ယောက်ျား၏ တာဝန်ထက် သာ၍ သန့်ရှင်းစင်ကြယ်သည်ဟု ကျွန်ုပ်တို့သည် အသေအချာ ပြောဆိုနိုင်သည်။ မိမိ၏ လုပ်ငန်းသည် သန့်ရှင်းစင်ကြယ်ကြောင်းကို မိန်းမသည် သိရှိလျက် ဘုရားသခင်၏ ခွန်အားနှင့် လည်းကောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် လည်းကောင်း ဤ လောကတွင် အသုံးဝင်စေခြင်းငှါ လည်းကောင်း၊ သာ၍ ကောင်းသော လောကတွင် အိမ်ထောင် တစ်ခု ဖြစ်စေခြင်းငှါ လည်းကောင်း သွန်သင်လမ်းပြပေးရမည်။CCB2 69.2

    ဇနီးသည် ခင်ပွန်းကို လုံးလုံး အားကိုးနေလျက် မိမိ ခွန်အားကို မစွန့်ရ၊ ၎င်းပြင် မိမိ၏ စွမ်းရည်သတ္တိတို့ကို တိမ်မြှပ်မနေစေရ။ သူမ၏ ထူးခြားသော ဂုဏ်အင်္ဂါတို့တွင် နစ်မြှပ်မသွားစေရ။ သူမသည် မိမိခင်ပွန်း၏ ဘေးတွင် ရပ်နေရန် သူနှင့် တန်းတူ ဖြစ်ကြောင်း သိရှိလျက်၊ သူမ သည် မိမိ၏ တာဝန်တွင် သစ္စာရှိလျက် ခင်ပွန်းသည် မိမိ၏ တာဝန်တွင် သစ္စာရှိရမည်။ နိုင်ငံ၏ အကြီးဆုံး တရားသူကြီး အဖြစ်ပင် ခင်ပွန်းသည် ခန့်ထားခြင်း ခံရလျှင်၊ သူသည် မိမိ၏ တာဝန်ကို မြင့်မြတ်အောင် ဆောင်ရွက်ရသည် နည်းတူ၊ သူမ၏ သားသမီးများအား သွန်သင်ပေးရခြင်း လုပ်ငန်းသည်လည်း အရာခပ်သိမ်းတွင် မြင့်မြတ် ကြီးမြင့်ပေသည်။CCB2 69.3

    ရာဇပလ္လင်ပေါ်၌ ရှိသော ရှင်ဘုရင်၏ အလုပ်သည် မိခင်၌ ရှိသော အလုပ်လောက် မမြင့်မြတ်ချေ။ မိခင်သည် မိမိ၏ အိမ်ထောင်တွင် ဘုရင်မ ဖြစ်သည်။ မိမိ၏ သားသမီးတို့သည် သာ၍ မြင့်မြတ်လျက် ထာဝရတည်သော အသက်တာတွင် သင့်တော်လာသော သူများ ဖြစ်လာကြမည် အကြောင်း၊ သူတို့၏ အကျင့်စာရိတ္တကို ပြုပြင်ပေးနိုင်သော တန်ခိုးသည် သူမ၌ ရှိ၏။ ကောင်းကင်တမန်သည် သာ၍ မြင့်မြတ်သော အလုပ်ကို မတောင်းနိုင်၊ အကြောင်းကား၊ ဤ အလုပ်ကို လုပ်ခြင်းဖြင့် မိခင်သည် ဘုရားသခင်အတွက် အမှု ဆောင်ရွက်နေလေပြီ။ မိမိ၏ လုပ်ငန်းသည် မြင့်မြတ်ကြောင်းကိုသာ သူမသည် သိရှိပါစေ။ ထိုအခါ သူမအား ခွန်အားနှင့် နိုးကြားလာစေလိမ့်မည်။ လောက အလိုသို့ လိုက်ခြင်းငှါ သွေးဆောင်ခြင်း အမှုကို သူမသည် တားဆီးနိုင်မည် အကြောင်း မိမိ လုပ်ငန်း၏ တန်ဖိုးကို သူမသည် သိရှိလျက် ဘုရားသခင်၏ လက်နက်စုံကို ယူတင် ဝတ်ဆောင်ပါစေ။ သူမ၏ လုပ်ငန်းသည် ကာလ အစဉ်အဆက် ဖြစ်၏။CCB2 70.1

    အိမ်ထောင်ကျပြီးသော ယောက်ျားများသည် မိမိတို့ အလုပ်သို့ သွားကြ၍ အိမ်၌ ရှိသော သားသမီးများကို စောင့်ရှောက်ရန် မိမိတို့၏ ဇနီးများကို ထားခဲ့ကြလျှင်၊ ဇနီး နှင့် မိခင်သည် ခင်ပွန်း နှင့် ဖခင်၏ အလုပ်လောက် ကြီးကျယ်၍ အရေးကြီးသော လုပ်ငန်းကို အပြည့်အစုံ ဆောင်ရွက်နေရ၏။ တစ်ဦးသည် သာသနာနယ်မြေ၌ ရှိသော်လည်း၊ အခြားတစ်ဦးသည် အိမ်ထောင်၌ သာသနာပြုသူ ဖြစ်လျက်၊ မကြာခဏ သူမ၏ စိုးရိမ်ပူပန်ခြင်း နှင့် တာဝန်များသည် ခင်ပွန်း နှင့် ဖခင်၏ စိုးရိမ်ပူပန်ခြင်း နှင့် တာဝန်များထက် အလွန်သာ၍ များပြား၏။ သူမ၏ လုပ်ငန်းသည် ကြည်ညိုဖွယ် ဖြစ်၍ အရေးကြီး၏။ သာသနာ နယ်မြေ၌ ရှိသော ခင်ပွန်းသည် လူတို့၏ ချီးမြှောက်ခြင်းကို ခံရတတ်သော်လည်း၊ အိမ်ထောင်၌ လုပ်ဆောင်ရသော သူမသည် မိမိ၏ အလုပ်အတွက် မြေကြီးပေါ်၌ ဂုဏ်အသရေကို မရရှိတတ်။ သို့သော် သူမသည် မိမိ၏ အိမ်ထောင်အတွက် အကောင်းဆုံး အကျိုး ဖြစ်ထွန်းစေရန် လုပ်ဆောင်၍ ဘုရားသခင်၏ ပုံသဏ္ဍာန်နှင့် အညီ အိမ်ထောင်သားတို့၏ အကျင့်စာရိတ္တကို ပြုပြင်ရန် ကြိုးစားလျှင်၊ ကောင်းကင်တမန်က သူမ၏ အမည်ကို လောကတွင် အကြီးဆုံး သာသနာပြုသူ တစ်ဦးကဲ့သို့ မှတ်တမ်းတင်ထား၏။ လူ၏ ကန့်သတ်ထားသော အမျှော်အမြင်ကဲ့သို့ ဘုရားသခင်သည် အရာခပ်သိမ်းကို မြင်တော်မူသည် မဟုတ်။CCB2 70.2

    လောကသည် ပျက်စီးစေသော အရာများနှင့် ပြည့်ဝနေ၏။ ခေတ်ဆန်ခြင်း နှင့် ထုံးစံဓလေ့တို့သည် ငယ်ရွယ်သူတို့အား အကြီးအကျယ် သွေးဆောင်နေကြသည်။ မိခင်သည် သွန်သင် လမ်းပြ၊ တားမြစ်ဖို့ တာဝန်ကို မဆောင်ရွက်လျှင်၊ သူမ၏ သားသမီးတို့သည် မကောင်းသော အရာကို သဘာဝအလျောက် လက်ခံလျက် ကောင်းသော အရာမှ လွဲသွားကြလိမ့်မည်။ မိခင်တိုင်းသည် ကယ်တင်ရှင်ထံသို့ မကြာခဏ သွား၍၊ “ကျွန်ုပ်တို့သည် သူငယ်ကို မည်ကဲ့သို့ ဆုံးမ၍ မည်ကဲ့သို့ ပြုပြင်ပေးရမည်ကို ကျွန်ုပ်တို့အား သွန်သင်တော်မူပါ” ဟု တောင်းလျှောက်ရကြမည်။ နှုတ်ကပတ်တော်၌ ဘုရားသခင် ဖော်ပြတော်မူသော သြဝါဒများကို သူမသည် သတိပြုပါစေ။ ထိုအခါ သူမ အလိုရှိသော ဉာဏ်ပညာကို ရရှိလိမ့်မည်။CCB2 71.1

    မိမိတို့၏ အချိန်များသည် တန်ဖိုးကို မဖြတ်နိုင်ကြောင်း မိခင်တိုင်းသည် သိရှိကြပါစေ။ သူမ၏ လုပ်ငန်းကို အရေးကြီးသော တရားစီရင်ရာ နေ့ရက်တွင် စစ်ဆေးတော်မူမည်။ ထိုအခါ၌ ယောက်ျား၊ မိန်းမတို့၏ ဆုံးရှုံးမှု နှင့် ပြစ်မှု အများတို့သည် မိမိတို့၏ သားသမီးတို့အား မှန်သော လမ်း၌ လမ်းပြဖို့ရန် တာဝန် ရှိသော သူတို့၏ ဂရုမစိုက်ခြင်း၊ သတိမပြုခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိရလိမ့်မည်။ ထိုအခါ၌ လောကအား ထူးကဲသော အလင်း၊ သမ္မာတရား အလင်း၊ သန့်ရှင်းခြင်း အလင်း နှင့် ကောင်းကြီးပေးသော သူတို့၏ သြဇာညောင်းခြင်း၊ အောင်မြင်ခြင်း ၏ အကြောင်းရင်းမှာ ဆုတောင်းသော ခရစ်ယာန် မိခင်ကြောင့် ဖြစ်ကြောင်း သိရှိရကြလိမ့်မည်။CCB2 71.2