Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ရပ်ရွာ အခြေအနေကို ဆင်ခြင်ရခြင်း။

    အစားကြူးခြင်း နှင့် သေရည်သေရက်၊ ဘိန်း၊ ကင်း၊ ကဇော်၊ ဆေးလိပ် ကွမ်း စားသောက်ခြင်း အကျင့်ဓလေ့တို့ကို တားဆီး ပိတ်ပင်ရန် ကြိုး စားနေကြစဉ်၊ လူသတ္တဝါတို့၌ သက်ရောက်နေသော အခြေအနေတို့ကို သိရှိ နားလည်ရကြမည်။ လောကတွင် နိုင်ငံ အရပ်ရပ်၌ နေထိုင်ကြသော သူတို့အား ထောက်ပံ့ ကျွေးမွေးရန် စီမံထားတော်မူပြီ။ ဘုရားသခင် နှင့်အတူ၊ လုပ်ဖော်ဆောင်ဖက် ဖြစ်လိုသော သူတို့သည် မည်သည့် အရာကို သုံးဆောင်လျက် မည်သည့် အရာကို မသုံးဆောင်ရမည်ကို သတ်မှတ်မထားမီ သေချာ စေ့စပ်စွာ ဆင်ခြင် စဉ်းစားရကြမည်။ ကျွန်ုပ်တို့သည် လူထုနှင့် ဆက်ဆံရကြမည်။ အလွန်အကျူး စီမံထားသော ကျန်းမာရေး ပြုပြင်မှုကို မိမိတို့၏ အခြေအနေကြောင့် ၎င်းကို လက်မခံနိုင်သော သူတို့အား သွန်သင်ပေးခဲ့လျှင်၊ ကောင်းကျိုးထက် အဆိုးကို သာ၍ ဖြစ်စေလိမ့်မည်။ ကျွန်ုပ်သည် ဆင်းရဲသော သူတို့အား ဧဝံဂေလိတရားကို ဟောပြောသောအခါ၊ အာဟာရ အဖြစ်စေဆုံးသော အစားအသောက်ကို သုံးဆောင်ဖို့ သူတို့အား ပြောပြရန် ကျွန်ုပ်သည် သွန်သင်ခြင်း ခံရ၏။ “သင်တို့သည် ကြက်ဥ၊ နို့ သို့မဟုတ် မလိုင်ကို မသုံးဆောင်ရ။ အစားအသောက် ပြင်ဆင်ရာ၌ ထောပတ်ကို မသုံးရဟု သူတို့အား ကျွန်ုပ်က မပြောပြနိုင်ချေ။ ဧဝံဂေလိတရားကို ဆင်းရဲသော သူတို့အား ဟောပြောရမည်၊ သို့ရာတွင် အလွန်အမင် ကြပ်တည်းသော အစားအသောက်တို့ကို ထားပေးဖို့ အချိန် မရောက်သေး။CCB2 269.3