Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အိမ်ထောင် ပစ္စည်းတို့သည် ရိုးရိုး နှင့် အဖိုး ချိုရမည်။

    သင်၏ အိမ်တွင် အကိုင်အတွယ် ခံ၍ အလွယ်တကူ သန့်ရှင်းစင်ကြယ်အောင် ထားနိုင်လျက် အဖိုး သက်သာစွာ အစားသွင်းထားနိုင်သော ပစ္စည်း ရိုးရိုးတို့ကို ထားပါ။ ကောင်းစွာ ဝေဖန်ခြင်းအားဖြင့်၊ အိမ်ထောင်တွင် မေတ္တာ နှင့် ရောင့်ရဲခြင်း ရှိလျှင်၊ သင်၏ အိမ် ရိုးရိုးကိုပင် နှစ်သက်ဖွယ်၊ စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြင်ဆင်ထားနိုင်သည်။CCB2 82.4

    ကြီးကျယ် ခမ်းနားစွာ ပြင်ဆင်ပြသထားခြင်းဖြင့် ပျော်မွေ့ခြင်းကို မရနိုင်။ ရိုးသားစွာ နေရာတကျ အိမ်ကို ပြင်ဆင်ထားလျှင် ထိုအိမ်သည် သာ၍ ပျော်စရာကောင်း၏။ သားသမီးများအား မိမိတို့ အိမ်တွင် ရောင့်ရဲ၍ ပျော် ရွှင်စေရန် အလွန် အဖိုးတန်သော ခြံဥယျာဉ်များ နှင့် ဈေးကြီးသော ပစ္စည်းများကို လိုသည် မဟုတ်။ မိဘများသည် သူတို့ကို ကြင်နာချစ်ခင်၍ ကောင်းစွာ ဂရုစိုက် စောင့်ရှောက်ဖို့ လိုပေသည်။ 1AH 131-155;CCB2 82.5

    သင်သည် အိမ်ထောင်၌ သင့်တော်သော အကျင့် နှင့် ပုံသက်သေ ပြဖို့ရန် ဘုရားသခင်အတွက် တာဝန် ရှိပေသည်။ ကောင်းကင်၌ မသေသပ်ခြင်း အမှု မရှိ၊ ၎င်းပြင် သင့် အိမ်သည် မြေကြီးပေါ်၌ ကောင်းကင်ကဲ့သို့ ဖြစ်ရမည်ကို သတိပြုပါ။ အိမ်၌ တစ်နေ့ပြီး တစ်နေ့ သေးငယ်သော အရာများကို သစ္စာနှင့် ဆောင်ရွက်ခြင်း၌ သင်သည် ဘုရားသခင်နှင့် လုပ်ဖော်ဆောင်ဖက် ဖြစ်၍ ခရစ်ယာန် အကျင့်ကို စုံလင်စေကြောင်းကို သတိပြုပါ။CCB2 83.1

    မိဘတို့၊ သင်တို့သည် သားသမီးတို့၏ ကယ်တင်ခြင်းအတွက် လုပ်ဆောင်နေကြသည်ကို သတိပြုကြပါ။ သင်တို့၏ အကျင့်ဓလေ့များသည် မှန်ကန်လျှင်၊ သင်သည် သေသပ် စည်းကမ်း ရှိခြင်း၊ ဖြောင့်မတ်ခြင်း နှင့် မြတ်သော အကျင့်၊ ကိုယ်ခန္ဓာ၊ စိတ်ဝိညာဉ်၌ သန့်ရှင်းခြင်းတို့ကို ပြလျှင်၊ သင်တို့သည် လောက၏ အလင်း ဖြစ်၏ဟု ရွေးနှုတ်ရှင် မိန့်တော်မူသော စကားများနှင့် သင်သည် ညီညွတ်၏။CCB2 83.2

    ကလေးသူငယ်များအား အလွန် ငယ်ရွယ်စဉ်အခါကပင် မိမိတို့၏ အဝတ်အထည်တို့ကို ဂရုစိုက်၍ သိမ်းဆည်းထားရန် သွန်သင်ပေးပါ။ သူတို့၏ ပစ္စည်းများကို ထားရန် နေရာ တစ်ခု ပြုလုပ်ပေးပါ။ အဝတ်များကို သေသပ်စွာ ခေါက်လျက် နေရာတကျ ထားရန် သွန်သင်ပေးပါ။ အဖိုးနည်းသော ဘီဒိုကိုပင် မဝယ်နိုင်လျှင်၊ ထင်းရူးသေတ္တာ တစ်ခုကို အဆင့်များ ပြုလုပ်ပြီး လှပသော အရုပ်များ ပါသည့် အဝတ်ဖြင့် ဖုံးအုပ်ပေးပါ။ ဤကဲ့သို့ သေသပ် စည်းကမ်းရှိအောင် နေ့စဉ် သွန်သင်ပေးခြင်းသည် အချိန်ကုန်သော်လည်း၊ နောင်အခါ သားသမီးတို့၌ အကျိုး ဖြစ်ထွန်းစေလျက် သင်သည် သက်သာလာလိမ့်မည်။CCB2 83.3

    အချို့ မိဘများသည် မိမိတို့၏ သားသမီးများအား အရာဝတ္ထုတို့ကို ဖျက်ဆီးစေတတ်ဖို့၊ သူတို့ မကိုင်သင့်သော အရာများကို ကစားစရာ အဖြစ် ကိုင်တွယ်ဖို့ အခွင့်ပြုတတ်ကြသည်။ အခြား သူတို့၏ ပစ္စည်းကို မကိုင်ရန် သားသမီးများအား သွန်သင်ရမည်။ အိမ်ထောင်၏ သက်သာခြင်း၊ ပျော်ရွှင်ခြင်းအတွက် သူတို့သည် သင့်တော်သော အကျင့်နှင့် ဆိုင်သော ဥပဒေများကို လိုက်နာဖို့ သင်ကြားရကြမည်။ သားသမီးများအား မြင်သမျှကို ကိုင်တွယ်ဖို့ အခွင့်ပေးသောအခါ၊ သူတို့သည် ပျော်ရွှင်ခြင်းကို မရနိုင်။ သူတို့အား ဂရုစိုက်၍ ကိုင်တွယ်ဖို့ သွန်သင်မပေးလျှင်၊ သူတို့သည် မနှစ်သက်ဖွယ်သော အကျင့်၊ ဖျက်ဆီးတတ်သော အကျင့်နှင့် ကြီးလာကြလိမ့်မည်။CCB2 83.4

    အလွယ်တကူ ကွဲတတ်သော ကစားစရာများကို သားသမီးများအား မပေးပါနှင့်။ ဤသို့ ပြုခြင်းသည် သူတို့အား ဖျက်ဆီးတတ်ဖို့ သင်ပေးခြင်း ဖြစ်၏။ သူတို့အား ကစားစရာ အနည်းငယ်ကိုသာ ပေး၍ ၎င်းတို့သည် ခိုင်ခံ့ပြီး တာရှည်ခံရမည်။ ဤ အကြံအစည်များသည် သေးငယ်သော အရာများဟု ထင်မြင်ရသော်လည်း၊ ကလေးသူငယ်အား သွန်သင်ပေးခြင်း အမှုတွင် များစွာ တန်ဖိုး ရှိပေသည်။ 2CG 110, 111; 101, 102.CCB2 84.1