Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မိဘတို့၊ သင်တို့၏ သားသမီးများကို သခင်ခရစ်တော်ထံ ပို့ဆောင်လော့။

    သားသမီးတို့သည် မှန်သော အရာကို ပြုလုပ်လိုကြသည်။ သူတို့သည် မိဘ သို့မဟုတ် စောင့်ထိန်းသူတို့၏ စကားကို နားထောင်လျက် သူတို့အား ကြင်နာစွာ ပြုစုဖို့ မိမိတို့၏ စိတ်ထဲ၌ ရည်ရွယ် ကြံစည်ထားတတ်ကြ လိမ့်မည်။ သို့ရာတွင် သူတို့သည် မိဘတို့ ထံမှ အကူအညီ နှင့် အားပေး နှစ်သိမ့်ခြင်းကို လိုကြပေသည်။ သို့ရာတွင် သူတို့၏ အခြေခံ တရားများသည် ဘာသာတရားအားဖြင့် ခိုင်ခံ့ခြင်း မရှိ၊ သူတို့၏ အသက်တာသည် ဘုရားသခင်၏ အသစ် ပြုပြင်ပေးသော ကျေးဇူးတော်အားဖြင့် သြဇာညောင်းခြင်း မခံရကြလျှင်၊ သူတို့သည် စံချိန်ကို မမှီဘဲ ဖြစ်နေကြလိမ့်မည်။CCB2 179.2

    မိဘများသည် မိမိတို့၏ သားသမီးများအား ကယ်တင်ခြင်း ရရှိစေရန် နှစ်ဆမျှ ကြိုးစား အားထုတ်ရမည်။ သူတို့အား မိမိတို့ တတ်နိုင်သမျှ ပညာကို ဆည်းပူးရန် သူတို့ သဘောအတိုင်း ပစ်မထားဘဲ၊ မိဘတို့က သူတို့အား သစ္စာ နှင့် သွန်သင် လမ်းပြပေးရမည်။ နောင်အခါ အကောင်းက နိုင်သွား၍ အဆိုး သည် အလိုအလျောက် တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည် ဟူသော အထင်အမြင်နှင့်၊ လူငယ်တို့အား အကောင်း နှင့် အဆိုးကို ဝေဖန် ပိုင်းခြားခြင်း မရှိဘဲ သင်ကြား နာယူစေဖို့ အခွင့်မပေးအပ်။ အဆိုးသည် အကောင်းထက် သာ၍ မြန်စွာ တိုးပွားလာလိမ့်မည်။CCB2 179.3

    သင်၏ သားသမီးတို့သည် အဆုံး၌ ခရစ်ယာန်များ ဖြစ်လာကြမည် အကြောင်း၊ သူတို့၏ စိတ်ကို အလွန် ငယ်ရွယ်စဉ်အခါကပင် မိဘတို့က အစပြု သွန်သင် ပြုပြင်ပေးရမည်။ သင် ကြိုးစား အားထုတ်သမျှသည် သူတို့အား ကယ်တင်ခြင်း ရှိစေဖို့ရန် ဖြစ်ပါစေ။ သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်အတွက် အဖိုးထိုက်သော ကျောက်မြတ် ရတနာ အဖြစ် သင့်တော်လာစေရန် သင်၏ လက်ထဲ၌ အပ်ထားသော အရာကဲ့သို့ ပြုမူလော့။ သူတို့သည် မိမိတို့ အကြောင်း ချေပပြောဆိုရန် တာဝန်ယူဖို့ အသက်မကြီးလှသေး၊ မိမိတို့၏ အပြစ်ကို နောင်တရလျက် သခင်ခရစ်တော်ကို လက်ခံရန် မကြီးလှသေးဟူသော အမှားထင်မြင်ချက် နှင့် ပျက်စီးခြင်း၏ တွင်းပေါ်၌ အိပ်ပျော်နေစေရန် သူတို့ကို မည်ကဲ့သို့ ချော့၍ သိပ်ထားသည် အမှုကို ရှောင်ကြဉ်ပါ။CCB2 180.1

    သားသမီးတို့၏ နုနယ်သော စိတ်သည် ကောင်းစွာ နားလည်မည် အကြောင်း၊ မိဘတို့သည် သူတို့အား ကယ်တင်ခြင်း စီမံကိန်းကြီးကို သေချာ ရှင်းလင်းစွာ ဖော်ပြရမည်။ အသက် ရှစ်၊ တစ်ဆယ် သို့မဟုတ် ဆယ့်နှစ်နှစ် အရွယ် ရှိသော သားသမီးတို့သည် မိမိတို့အား ကိုယ်တိုင်နှင့် ဆိုင်သော ဘာသာတရားကို ရှင်းလင်း ပြောပြသည်ကို လက်ခံနိုင်လောက်အောင် အသက်အရွယ် ကြီးပြင်းလာကြပြီ။ သူတို့သည် နောင်တရ၍ သမ္မာတရားကို ယုံကြည်လောက်အောင် ကြီးပြင်းလာမည့် နောင်ကလ အချိန် အကြောင်းနှင့် ပတ်သက်၍ သားသမီးတို့အား ဘယ်သောအခါမျှ သွန်သင်ခြင်း မပြုပါနှင့်။ သင့်တော်စွာ သွန်သင် လမ်းပြပေးလျှင်၊ အလွန် ငယ်ရွယ်သော ကလေးများပင် အပြစ်သား အဖြစ် နှင့် မိမိတို့၏ အခြေအနေကို လည်းကောင်း၊ သခင်ခရစ်တော်အားဖြင့် ကယ်တင်ရာ လမ်းကို လည်းကောင်း၊ အမြင်မှန် ရရှိလာနိုင်ကြသည်။ သင်းအုပ်ဆရာများသည် ကလေးသူငယ်တို့၏ ကယ်တင်ခြင်းအတွက် အများအားဖြင့် များစွာ အမှုမထား။ ၎င်းပြင် မိမိတို့ ကိုယ်တိုင် သူတို့အတွက် အမှုဆောင်သင့်သည် အတိုင်း မဆောင်ရွက်ကြ။ ကလေးတို့၏ စိတ်ကို တိုးတက် ကောင်းမွန်အောင် ပြုပြင်မCCB2 180.2

    ပေးဘဲ၊ သူတို့၏ စိတ်ထဲ၌ စွဲလမ်းစေနိုင်အောင် ပြုလုပ်ပေးရမည့် အခွင့်အရေးများသည် မကြာခဏ လက်လွတ်သွားရလေသည်။211T 396-400;CCB2 181.1

    မိခင်၊ ဖခင်တို့၊ သင်တို့ အပေါ်သို့ ကျရောက်လျက် ရှိသော တာဝန်၏ အရေးကြီးခြင်း အကြောင်းကို သိနားလည်ကြပါသလော။ သင်တို့၏ သားသမီးများအား သတိ မရှိ၊ ယုတ်ညံ့သော အကျင့်ဓလေ့များမှ ကာကွယ် စောင့်ရှောက်ပေးဖို့ လိုကြောင်း သိရှိ နားလည်ကြပါသလော။ သူတို့၏ အကျင့်စာရိတ္တ အပေါ်၌ မှန်ကန်သော သြဇာညောင်းမှုကိုသာ ဖြစ်စေမည့် သူတို့နှင့်သာ သင်တို့၏ သားသမီးတို့သည် ပေါင်းသင်း ဆက်ဆံကြဖို့ အခွင့်ပေးပါ။ ညနေ၊ ညဦးတွင် သူတို့သည် ဘယ်မှာ ရှိသည်၊ ဘာလုပ်နေသည်ကို မသိနိုင်ဘဲ ဘယ်သောအခါမျှ အပြင်ထွက်ဖို့ အခွင့်မပြုပါနှင့်။ အကျင့်စာရိတ္တ သန့်ရှင်းရေးနှင့် ဆိုင်သေ အခြေခံ တရားများကို သူတို့အား သွန်သင်ပေးပါ။ ပညတ် တစ်ခုအပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် သွန်သင်ပေးဖို့ သင်သည် ဂရုမစိုက်ခဲ့လျှင်၊ သင်၏ တာဝန်ကို ယခု အစပြုဆောင်ရွက်ပါ။ သင်၏ တာဝန်ကို ထမ်းဆောင်၍ ယခု ဘဝ၊ နောင် ထာဝရဘဝအတွက် လုပ်ကိုင် ဆောင်ရွက်လော့။ သင်၏ ဂရုမစိုက်မှုကို သားသမီးများအား ဝန်ခံခြင်း မပြုဘဲ အခြားသော နေ့ တစ်နေ့ လွန်မသွားပါစေနှင့်။ သင်သည် ယခု ဘုရားသခင်က သင့်အား ခန့်အပ်ထားသော အလုပ်ကို ဆောင်ရွက်ရမည်ကို ဆိုလိုကြောင်း သူတို့အား ပြောပြပါ။ ပြုပြင် ပြောင်းလဲမှုတွင် သင်နှင့် အတူတကွ ပြုလုပ်ရန် သူတို့အား ပြောပြပါ။ လွန်ခဲ့သော ကာလကို ပြန်၍ ရွေးယူရန် ကြိုးစား အားထုတ်ပါ။ လောဒိကိမြို့ အသင်းတော်၏ အခြေအနေမျိုးတွင် တည်ရှိ မနေကြပါနှင့်။ ထာဝရဘုရား၏ နာမတော်၌ ကျွန်ုပ်က အိမ်ထောင်တိုင်းအား မိမိတို့၏ မှန်ကန်သော မူကို ထင်ရှားစေကြပါဟု နှိုးဆော်ပါသည်။ သင်၏ အိမ်ထောင်မှ အစပြု၍ အသင်းတော်ကို ပြုပြင်ပါ။227T 66, 67; CCB2 181.2