Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သစ္စာရှိသော သူအဖို့ ဆုလာဘ်။

    မောင်ညီမတို့၊ မိုးတိမ်နှင့် ကြွလာတော်မူမည့် သခင်ခရစ်တော်အတွက် ပြင်ဆင်နေကြရန် ကျွန်ုပ် တိုက်တွန်း နှိုးဆော်ပါ၏။ တစ်နေ့ပြီး တစ်နေ့ သင်တို့၏ စိတ်နှလုံးထဲမှ လောကကို နှစ်သက်သော သဘောကို ပယ်ရှားပါ။ သခင်ခရစ်တော်နှင့် ပေါင်းသင်း ဆက်ဆံရခြင်းသည် အဘယ်သို့ ဆိုလိုသည်ကို ဗဟုသုတအားဖြင့် နားလည်လော့။ သခင်ခရစ်တော် ကြွလာတော်မူသောအခါ၊ ယုံကြည်သော သူအပေါင်းတို့တွင် ချီးမွမ်းခြင်း ခံရလျက် ကိုယ်တော်ကို ငြိမ်သက်ခြင်းနှင့် တွေ့ဆုံကြမည့် သူတို့အထဲတွင် ပါဝင်မည့် အကြောင်း တရားစီရင်ခြင်းအတွက် ပြင်ဆင်နေလော့။ ထိုနေ့၌ ရွေးနှုတ်ခြင်း ခံရသော သူတို့သည် ခမည်းတော် နှင့် သားတော်၏ ဘုန်းတော်တွင် တောက်ပနေကြ လိမ့်မည်။ ကောင်းကင်တမန်တို့သည် ရွှေစောင်းများကို တီးလျက်၊ ရှင်ဘုရင် နှင့် သူ၏ အောင်မြင်ခြင်း အထိမ်းအမှတ် ဖြစ်ကြသော သိုးသငယ်၏ အသွေး၌ ဆေးကြော၍ ဖြူစင်စေကြသော သူတို့ကို ကြိုဆိုကြလိမ့်မည်။ ကောင်းကင် တစ်ဝှမ်းလုံးကို ဟိန်းသွားစေခြင်းငှါ အောင်မြင်သော သီချင်းသံသည် ထွက်ပေါ်လာလိမ့်မည်။ သခင်ခရစ်တော်သည် အောင်မြင်တော်မူပြီ။ ကိုယ်တော် ဒုက္ခခံ၍ ပူဇော်ခြင်း အမှုသည် အချည်းနှီး မဖြစ်ကြောင်း သက်သေ ဖြစ်ကြသော ရွေးနှုတ်ခြင်း ခံရသူများ ပါလျက် ကိုယ်တော်သည် ကောင်းကင် နန်းတော်ထဲသို့ ဝင်တော်မူ၏။CCB2 411.2

    ကျွန်ုပ်တို့ သခင်ဘုရား၏ ထမြောက်ခြင်း နှင့် ကောင်းကင်သို့ တက်ကြွသွားတော်မူခြင်း အမှုကား၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သေမင်း နှင့် မရဏာ နိုင်ငံကို အောင်မြင်ကြောင်း သက်သေ ဖြစ်၏။ ၎င်းပြင် သိုးသငယ်၏ အသွေး၌ မိမိတို့၏ အကျင့်တည်းဟူသော ဝတ်လုံကို ဆေးကြော၍ ဖြူစင်စေသော သူအား ကောင်းကင်ကို ဖွင့်ပေးမည် ဟူသော ဂတိ ဝန်ခံချက်လည်း ဖြစ်၏။ သခင်ယေရှုသည် လူသတ္တဝါတို့၏ ကိုယ်စားတော် အဖြစ် ခမည်းတော်ထံ တက်ကြွသွားတော်မူ၏။ ၎င်းပြင် ဘုရားသခင်၏ ပုံသဏ္ဍာန်ကို ပြန်၍ ထင်ပေါ်စေသော သူတို့အား ကိုယ်တော် နှင့်အတူ မိမိ၏ ဘုန်းတော်ကို မြင်စေလျက် ပါဝင် ခံစားခွင့် ရရှိစေရန် သူတို့ကို ဘုရားသခင်သည် ယူဆောင်လာတော်မူမည်။CCB2 411.3

    မြေကြီးပေါ်၌ ဧည့်သည် အာဂန္တု ဖြစ်သော သူတို့အတွက် နေစရာ အိမ် ရှိ၏။ ဖြောင့်မတ်သော သူတို့အဖို့ ဝတ်လုံများ နှင့်အတူ ဘုန်းတော် သရဖူ နှင့် အောင်မြင်ခြင်း စွန်ပလွံခက်များ ရှိကြ၏။ ဘုရားသခင် စီမံထားတော်မူသည် အတိုင်း ကျွန်ုပ်တို့အား ရှုပ်ထွေးစေသော အရာ အားလုံးသည် လာလတ္တံ့သော လောကတွင် ရှင်းလင်းသွားကြလိမ့်မည်။ နားလည်ဖို့ ခက်ခဲသော အရာတို့သည် ထိုအခါ အဓိပ္ပါယ်ပေါ်လာကြလိမ့်မည်။ ကျွန်ုပ်တို့၏ ကန့်သတ်ထားသော စိတ်သည် ရှုပ်ထွေးခြင်း နှင့် ပျက်ကွက်သော ဂတိများကိုသာ တွေ့ရသော နေရာတွင် ကျွန်ုပ်တို့သည် အလွန် စုံလင် တင့်တယ်သော ညီညွတ်မှုကို တွေ့မြင်ရလိမ့်မည်။ အကန့်အသတ် မရှိသော မေတ္တာတော်သည် အလွန် ဒုက္ခရောက်စေသည်ဟု ထင်ရသော ဗဟုသုတကို စီမံတော်မူခဲ့သည်ကို ကျွန်ုပ်တို့ သိရှိရကြလိမ့်မည်။ ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်၏ ကြင်နာစွာ စောင့်ရှောက်ခြင်းကို ကျွန်ုပ်တို့သည် မြင်ရကြသောအခါ၊ ကျွန်ုပ်တို့သည် မဖော်ပြနိုင်၍ ဘုန်းတော်နှင့် ပြည့်ဝသော ဝမ်းမြောက်ခြင်းနှင့် ဝမ်းမြောက်ကြလိမ့်မည်။CCB2 412.1

    ကောင်းကင် ပတ်ဝန်းကျင်တွင် ဝေဒနာ ခံစားခြင်း မရှိ။ ရွေးနှုတ်ခြင်း ခံရသော သူတို့၏ အိမ်တော်တွင် မျက်ရည်ကျခြင်း၊ မသာပို့သူများ၊ ဝမ်းနည်းခြင်း၏ အမှတ် လက္ခဏာများ ရှိမည် မဟုတ်။ “မြို့သားကလည်း၊ ငါနာသည်ဟု မဆိုရ။ ထိုမြို့၌ နေသော သူတို့သည် အပြစ်ဖြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်။” ဟေရှာ၊ ၃၃: ၂၄။ များစွာသော ဝမ်းမြောက်ခြင်း ကာ လသည် ရောက်လာ၍ ထာဝရ ကာလ အဆက်ဆက် ၎င်းသည် တိုးလာလိမ့်မည်။CCB2 412.2

    ထာဝရ အသက်အတွက် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များသည် ဗဟိုတည်လျက် ရှိသော ကိုယ်တော်ကို ကျွန်ုပ်တို့ တွေ့မြင်ရသည့် အချိန်သည် မကြာတော့ချေ။ ၎င်းပြင် ကိုယ်တော်၏ မျက်မှောက်တော်၌ ဤ အသက်တာ၏ စုံစမ်းခြင်း နှင့် ဒုက္ခဆင်းရဲခြင်း အပေါင်းတို့သည် ဘာမျှ မဟုတ်သကဲ့သို့ ဖြစ်လိမ့်မည်။ “ထိုကြောင့်၊ ကြီးစွာသော အကျိုးနှင့် ယှဉ်သော သင်တို့၏ ရဲရင့်ခြင်း စိတ်ကို မစွန့်ကြနှင့်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ပြီးမှ၊ ဂတိတော်အတိုင်း အကျိုးရမည် အကြောင်း သည်းခံခြင်း စိတ် ရှိရမည်။ အဘယ်ကြောင့်နည်း ဟူမူကား၊ ကြွလာလတ္တံ့သော သူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မီ ရောက်တော်မူလိမ့်မည်။” ဟေ၊ ၁၀: ၃၅-၃၇။ မျှော်ကြည့်လော့၊ မျှော်ကြည့်လော၊ သင်၏ ယုံကြည်ခြင်းသည် အမြဲ တိုးပွားပါစေ။ ဘုရားသခင်၏ မြို့တော် တံခါးများကို ဖြတ်လျက် ရွေးနှုတ်ခြင်း ခံရသူတို့အတွက် ဘုန်းတော်နှင့် ပြည့်ဝသော ကျယ်ပြန့် အတိုင်းအရှည် မရှိသော နောင်ကာလတိုင်အောင် ညွှန်ပြနေသော ကျဉ်းမြောင်းသော လမ်းသို့ ဤ ယုံကြည်ခြင်းသည် သင်တို့ကို လမ်းပြပါစေ။ “ထိုကြောင့် ညီအစ်ကိုတို့၊ သခင်ဘုရား ကြွလာတော်မူသည် တိုင်အောင် သည်းခံလျက် စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သော သူသည် အရင်မိုး၊ နောက်မိုးကို ရသည် တိုင်အောင်၊ အဖိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မျှော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက် စောင့်နေကြလော့။ ကိုယ် စိတ် နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရားကြွလာတော်မူသော အချိန် ရောက်လုနီးပြီ။” ယာ၊ ၅: ၇၊ ၈။59T 285-288;CCB2 413.1

    နောက်မှ အဘယ်သို့သော သူ ဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း၊ ကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသော အခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတ္တံ့ဟု ငါတို့ သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည် အတိုင်း၊ ငါတို့သည် မြင်ရကြလတ္တံ့။”CCB2 413.2

    ထိုနောက် ကိုယ်တော် အမှုတော်၏ အကျိုးအပြစ်များတွင် သခင်ခရစ်တော်သည် ၎င်း၏ အကျိုးကို တွေ့မြင်တော်မူလိမ့်မည်။ “အပြစ် မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက် ဘုန်းအသရေတော် ရှေ့၌ ဆက်သထား”CCB2 413.3

    ၍ မည်သူမျှ မရေမတွက်နိုင်သော လူ အစုအဝေးကြီးတွင်၊ ကျွန်ုပ်တို့အား မိမိ၏ အသွေးအားဖြင့် ရွေးနှုတ်၍ မိမိ၏ အသက်တာအားဖြင့် သွန်သင် တော်မူခဲ့သော ကိုယ်တော်သည် “မိမိ စိတ်ဝိညာဉ် ခံရသော ဝေဒနာ၏ အကျိုးကို မိမိ မြင်၍ အားရလိမ့်မည်။”6Ed 309;CCB2 414.1