Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သားသမီးများကို သွန်သင်ရာ၌ မိဘတို့၏ တာဝန်။

    မိမိတို့ ပိုင်ဆိုင်သမျှသော အရာတို့ကို တောင်းဆိုပိုင်ခွင့်သည ဘုရားသခင်၌ ရှိကြောင်း သင်တို့၏ သားသမီးတို့ကို သွန်သင်ပေးပါ။ သူတို့သည် နားထောင်ခြင်း ရှိ မရှိကို စုံစမ်းရန်၊ သူတို့၌ ရှိသော အရာ အားလုံးသည် သူ့အား အပ်ပေးထားသော အရာများသာ ဖြစ်သည်။ ငွေသည် လိုအပ်သော ဘဏ္ဍာ ဖြစ်၏။ ၎င်းကို မလိုသော သူတို့အတွက် မဖြုန်းတီးပါနှင့်။ တစ်စုံတစ် ယောက်သည် စေတနာနှင့် ပေးသော သင်၏ အလှူကို အလိုရှိ၏။ သင်၌ ဖြုန်းတီးတတ်သော အကျင့် ရှိလျှင်၊ တတ်နိုင်သမျှ မြန်မြန် အသက်တာမှ ၎င်းအကျင့်ကို ပယ်ဖြတ်ပါ။ ဤသို့ မပြုလျှင် သင်သည် အမြဲ ဆုံးရှုံး ကြွေးတင်နေလိမ့်မည်။9CG 134;CCB2 93.6

    ဤ ခေတ်တွင် ပျိုရွယ်သူတို့သည် ဘဝအလျောက် ချွေတာသုံးစွဲရန် ဂရုမစိုက်ဘဲ၊ ၎င်းချွေတာ်ခြင်းကို စေးနဲခြင်း၊ အမြင်ကျဉ်းခြင်းဟု ထင်မှတ်တတ်ကြသည်။ သို့ရာတွင် ချွေတာခြင်းသည် အမြင်ကျယ်ခြင်း၊ ရက်ရောခြင်း သဘောများနှင့် ညီညွတ်ပေသည်။ အကျင့် မရှိလျှင် မှန်သော ရက်ရောခြင်း မရှိနိုင်။ ချွေတာခြင်း နှင့် အတိုအစများကို အကောင်းဆုံး ဂရုစိုက်နည်းတို့ကို လေ့လာခြင်းသည် မိမိ ဂုဏ်ကို နိမ့်စေသည်ဟု မည်သူမျှ မထင်မှတ်အပ်ပါ။105T 400;CCB2 94.1

    ပျိုရွယ်သူ နှင့် ကလေးသူငယ်တိုင်းအား စိတ်ကူးမျှ ဖြစ်သော ပြဿနာများကို ဖြေရှင်းဖို့ရန်သာ မဟုတ်ဘဲ၊ မိမိတို့၏ ဝင်ငွေ နှင့် သုံးငွေတို့ကို သေချာစွာ စာရင်းအင်း ထားစေဖို့လည်း သွန်သင်ပေးရမည်။ ငွေကို မှန်ကန်စွာ အသုံးပြုစေရန် သူတို့သည် လက်တွေ့အားဖြင့် သင်ကြားလေ့လာရကြမည်။ မိဘများက ပေးသည် ဖြစ်စေ၊ သူတို့ ကိုယ်တိုင် အခ ရသည် ဖြစ်စေ၊ ယောက်ျားကလေး နှင့် မိန်းကလေးတို့သည် မိမိတို့၏ အဝတ်၊ စာအုပ် နှင့် အခြား လိုအပ်သော အရာတို့ကို ကိုယ်တိုင် ရွေးချယ်၊ ဝယ်ယူကြရမည်။ ၎င်းပြင် မိမိတို့၏ အသုံးစာရင်းများကို ပြုလုပ်ထားကြခြင်းဖြင့် ငွေ၏ တန်ဖိုး နှင့် ၎င်း၏ သုံးနည်းကို သိရှိနားလည် လာကြလိမ့်မည်။ အခြား နည်းအားဖြင့် နားမလည်နိုင်ကြချေ။11CS 294;CCB2 94.2

    သားသမီးများအား မသင့်တော်သော အကူအညီကို ပေးသော နည်းများ ရှိပေသည်။ မိမိတို့၏ အလုပ်အကိုင်မှ ရရှိသော အခ အားဖြင့် ကောလိပ်ပညာကို သင်ကြားရသော သူတို့သည် တစ်စုံတစ်ယောက်သော သူ၏ အထောက်အပံ့၊ အကူအညီကို ရရှိသော သူတို့ထက် မိမိတို့ ခံစားရသော အကျိုး၏ တန်ဖိုးကို သိရှိ နားလည်ကြသဖြင့်၊ ပညာကို နှစ်သက် လိုလားတတ်ကြသည်။ သားသမီးတို့သည် ခိုကိုးရာမဲ့သော ဝန်ထုပ်များ ဖြစ်လာကြသည် တိုင်အောင် ကျွန်ုပ်တို့သည် သူတို့ကို ချီဆောင်မသွားသင့်။CCB2 94.3

    ကာယခွန်အားနှင့် ပြည့်စုံသော လူငယ် တစ်စုံတစ်ယောက်အား အသုံးဝင်၍ အားစိုက်ရသော လုပ်ငန်း၌ ကျွမ်းကျင် လုပ်ဆောင်ခြင်း မရှိမီ၊ တရားဟော ဆရာ သို့မဟုတ် ဆေးဆရာဝန် ဖြစ်လာဖို့ ပညာကို သင်စေခြင်းငှါ မိဘတို့က သူ့အား ငွေကို မြောက်မြားစွာ ပေးကြသောအခါ၊ မိဘတို့သည် မိမိတို့၏ တာဝန်၌ အမှားကို ပြုတတ်ကြသည်။12AH 387;CCB2 95.1

    ဇနီး နှင့် မိခင်သည် ကိုယ်အလိုသို့ လိုက်ခြင်း အကျင့်၊ သို့မဟုတ် နေရာတကျ စီမံတတ်ခြင်း၊ ကျွမ်းကျင်ခြင်း မရှိခြင်းကြောင့်၊ အမြဲသဖြင့် အိမ်ထောင်၏ ဘဏ္ဍာကို ကုန်ခန်းစေတတ်သည်။ သို့ရာတွင် မိခင်သည် သူ၏ အလို သို့မဟုတ် သားသမီးတို့၏ အလိုက်ကို ဘယ်အခါမျှ ချုပ်တည်းခြင်း မရှိ၍ အိမ်မှုကိစ္စတွင် ဘယ်အခါမျှ ကျွမ်းကျင် သေချာခြင်း မရှိခဲ့သောကြောင့်၊ မိမိသည် အကောင်းဆုံး အမှုကို ပြုနေသည်ဟု ထင်မှတ်လိမ့်မည်။ ထိုကြောင့် အိမ်ထောင် တစ်ခုသည် မိမိနှင့် တူညီသော အိမ်ထောင်အဖို့ လုံလောက်သော ငွေကြေး၏ နှစ်ဆကို အလိုရှိလိမ့်မည်။CCB2 95.2

    မိဘတို့သည် မိမိတို့၏ သားသမီးများအား ကြပ်တည်းစွာ ချွေတာဖို့ သွန်သင်ပေးကြရန် သူတို့အား ကျွန်ုပ်သည် သြဝါဒ ပေးနိုင်မည် အကြောင်း ထာဝရဘုရားသည် ဖြုန်းတီးခြင်းကြောင့် ဖြစ်ပေါ်လာသော မကောင်းသော အမှုများကို ကျွန်ုပ်အား ဖော်ပြတော်မူ၏။ မိမိတို့၌ မလိုသော အရာအတွက် ငွေကို အသုံးပြုခြင်းသည် မှန်ကန်သော အသုံးပြုခြင်း မဟုတ်ကြောင်း သူတို့အား သွန်သင်ပေးပါ။13AH 374, 375;CCB2 95.3