Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လက်ဖက်ရည် နှင့် ကော်ဖီတို့သည ကိုယ်ခန္ဓာကို အာဟာရ မဖြစ်စေခြင်း။

    လက်ဖက်ရည်သည် လှုံ့ဆော်သော အရာကဲ့သို့ ဖြစ်၍ အနည်းငယ် မူးယစ်ထုံထိုင်းခြင်းကို ဖြစ်စေတတ်၏။ ကော်ဖီ နှင့် အများသုံး အခြား ဖျော်ရည် အများသည်လည်း၊ အလားတူ ဖြစ်ပေသည်၊ ပထမဦးစွာ ဖြစ်ပေါ်လာစေသော အခြေအနေမှာ စိတ်ရွှင်မြူးခြင်း ဖြစ်၏။ အစာအိမ်၏ အာရုံကြောများသည် ထကြွလာကြ၏။ ဤ အရာတို့သည် ဦးနှောက်ကို နာကျင်စေပြီးလျှင် တစ်ဖန် နှလုံးကို လျင်မြန်စွာ လှုပ်ရှားစေရန် ပြုလုပ်ပြန်၍ တစ်ကိုယ်လုံးသို့ အသက် တိုသော သတ္တိကို ပျံ့နှံ့သွားစေ၏။ မောပန်ခြင်းကို သတိမရချေ။ ခွန်အားတိုးလာသည်ဟု ထင်ရ၏။ ဝေဖန်ဉာဏ်သည် နိုးကြားလာ၍ စိတ်ကူးလည်း သာ၍ ထင်ရှားလာ၏။CCB2 281.2

    ဤသို့ ဖြစ်တတ်သော အကြောင်းများကြောင့်၊ မိမိတို့၏ လက်ဖက်ရည် နှင့် ကော်ဖီတို့သည် မိမိတို့အား များစွာ ကောင်းကျိုးပေးသည်ဟု အများက ထင်မှတ်ကြ၏။ လက်ဖက်ရည် နှင့် ကော်ဖီသည် ကိုယ်ခန္ဓာကို အာဟာရ မဖြစ်စေနိုင်။ အစာကြေညက်၍ သမသွားစေခြင်း အမှုအတွက် အချိန် မရမီ ၎င်းတို့၏ အကျိုးအပြစ်သည် ပေါ်လာသဖြင့်၊ ခွန်အားဟု ထင်ရသော အရာသည် အာရုံကြောတို့ကို ထကြွစေခြင်း အမှုသာ ဖြစ်သည်။ လှုံ့ဆော်စေသော သတ္တိသည် ကုန်ခန်းသွားသောအခါ၊ သဘာဝ မဟုတ်သော အင်အားသည် ယုတ်လျော့သွားသဖြင့်၊ ပင်ပန်း နွမ်းယိနေခြင်း နှင့် အားအင် လျော့ပါးနေခြင်း အမှုမျိုးကို ဖြစ်စေလိမ့်မည်။CCB2 281.3

    အာရုံကြောတို့ကို နာကျင် ထိခိုက်စေသော အရာတို့ကို ဆက်လက် အသုံးပြုခြင်းဖြင့် ခေါင်းကိုက်ခဲခြင်း၊ အိပ်မရခြင်း၊ နှလုံးတုန်ခြင်း၊ အစာမကြေခြင်း၊ တုန်နာ နှင့် အခြားသော အန္တရာယ် အများကို ဖြစ်ပေါ်လာစေ၏။ အကြောင်းကား ၎င်းတို့သည် အသက်၏ အင်အားများကို ကုန်ခန်းသွားစေ၏။ ပင်ပန်းနေသော အာရုံကြောတို့သည် လှုံ့ဆော်ခြင်း၊ ပိုမို အလုပ် လုပ်ရခြင်းထက် နားနေခြင်း နှင့် ငြိမ်သက်ခြင်းကို အလိုရှိကြသည်။CCB2 282.1

    အချို့တို့သည် ဖောက်ပြန်ကြ၍ လက်ဖက်ရည် နှင့် ကော်ဖီတို့ကို စမ်းသပ် အသုံးပြုကြည့်ကြသည်။ ကျန်းမာခြင်း စည်းကမ်း ဥပဒေများကို ချိုးဖဲ့ ဖျက်ဆီးသော သူတို့သည် မိမိ စိတ်ကို မှောင်မိုက်စေသဖြင့်၊ ဘုရားသခင်၏ တရားတော်ကို လွန်ကျူးလာလိမ့်မည်။CCB2 282.2